Month

September 2020

ကောလင်းမြို့နယ်မှာ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ ယာယီရပ်နားထားဖို့ မြို့နယ်ရွေး/ကော် ညွှန်ကြားထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေရဲ့မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို ယာယီရပ်နားထားဖို့ ညွှန်ကြားချက်ထုတ်ပြန်သွားမယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦး၀င်းကိုကိုက ပြောပါတယ်။ ကောလင်းမြို့နယ်အတွင်းမှာ COVID-19 အတည်ပြုလူနာ တွေ့ရှိပြီးတဲ့နောက် မြို့နယ်တာ၀န်ရှိသူတွေက Stay at home ထုတ်ပြန်လိုက်တဲ့အတွက် နိုင်ငံရေးပါတီတွေအနေနဲ့လည်း မဲဆွယ်စည်းရုံးတာတွေကို ယာယီရပ်နားထားဖို့ ညွှန်ကြားချက်ထုတ်ရတာဖြစ်တယ်လို့...
Read More

စစ်ကိုင်းတိုင်းဒေသကြီးတွင် ကိုဗစ်ကပ်ရောဂါပိုးတွေ့ရှိသူ ၇ ဦး အထိရှိလာ

ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ စစ်ကိုင်းတိုင်းဒေသကြီးမှာ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကိုဗစ်ကပ်ရောဂါပိုး ကူးစက်ခံထားရသူ ခုနှစ်ဦးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ အဲဒီလို တွေ့ရှိခဲ့တဲ့အထဲမှာ မော်လိုက်မြို့နယ်က တပ်မတော်သားတစ်ဉီးလည်း ပါ၀င်ပါတယ်။ ကိုဗစ်ဒုတိယလှိုင်းအတွင်း စစ်ကိုင်းတိုင်းမှာ ပထမဦးဆုံးတွေ့ရှိခဲ့တဲ့ ကလေးမြို့နယ်က ကိုဗစ်အတည်ပြုလူနာက အမျိုးသားတစ်ဦးဖြစ်ကာ တရုတ်နိုင်ငံကနေ...
Read More

Covid ကပ်ရောဂါကြောင့် စစ်ကိုင်းမြို့ ဘော်ဂါကျောက်စိမ်းပုတီးဝိုင်းကို ယာယီပိတ်

လတ်တလော ဖြစ်ပွားနေတဲ့ Covid -19 ကူးစက်မြန်ကပ်ရောဂါကြောင့် စစ်ကိုင်းမြို့ရှိ ဘော်ဂါကျောက်စိမ်းပုတီးဝိုင်းကို စက်တင်ဘာလ ၁၃ ရက်နေ့ကနေ စတင်ကာ ရက်အကန့်အသတ်မရှိ ယာယီပိတ်လိုက်တယလို့ ဘော်ဂါ ကျောက်စိမ်းပုတီးဝိုင်း အကျိုးတော်ဆောင်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ စစ်ကိုင်းမြို့၊ ဒါးဝယ်စျေးတိုက်နယ်ရှိ ဘော်ဂါ ကျောက်စိမ်းပုတီးဝိုင်းကနေ...
Read More

ကောလင်းမြို့နယ်တွင် မူးယစ်တားအဖွဲ့ဝင်တစ်ဉီး ဓားခုတ်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ရွှေတွင်းကျေးရွာအုပ်စုရှိ “ရွှေလင်းယုန်” မူးယစ်ဆေးဝါး ကာကွယ်တားဆီးနှိမ်နင်းရေးအဖွဲ့ဝင် တစ်ဦးကို မူးယစ်ဆေးဝါး ရဲသတင်းပေးသူလို့ စွပ်စွဲပြီး မူးယစ်ဆေးဝါး သတင်းပေးတိုင်တန်းခံရသူ တစ်ဦးက နေအိမ်ပေါ်တက်ကာ ဓားနဲ့ခုတ်သတ်မှု စက်တင်ဘာလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ “သေဆုံးသူက အရပ်ဖက် မူး/တား...
Read More

တွန်းဇံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး မြေသားအက်လာလို့ နေအိမ်တချို့ပြောင်းရွှေ့

ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် မြေအက်ကွဲတာတွေဖြစ်ပေါ်နေပြီး လူနေအိမ်တစ်လုံး စက်တင်ဘာလ ၁၃ ရက်နေ့က ပြောင်းရွှေ့လိုက်ရပါတယ်။ တွန်းဇံမြို့မှာ အခုလ ၁၁ ရက်နေ့ကနေစတင်ကာ အဆက်မပြတ်ရွာသွန်းနေတဲ့ မိုးကြောင့် မြို့ပေါ်ရပ်ကွက်တချို့မှာ မြေကြီးအက်ကွဲကြောင်းတွေ ဖြစ်ပေါ်လာနေတဲ့အပြင် ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ နေအိမ်တစ်လုံးက မြေကျွံပြိုကျမယ့်...
Read More

ကောလင်းမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာတစ်ဦးတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် စက်တင်ဘာလ ၁၃ ရက်နေ့က ရန်ကုန်က ပြန်လာသူတစ်ဦးထံကနေ ကိုဗစ်ကပ်ရောဂါပိုးတွေ့ရှိခဲ့ရတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။ ရောဂါပိုး တွေ့ရှိသူကိုတော့ ကောလင်းမြို့၊ ပြည်သူ့ဆေးရုံက Isolation Room ကိုပြောင်းရွှေ့ကာ သီးခြားစောင့်ကြည့် ကုသပေးနေတယ်လို့ သိရပါတယ်။...
Read More

ထီးချိုင့်မြို့နယ် NLD ပါတီ မဲဆွယ်ဗွီနိုင်း ဖျက်ဆီးသူတွေကို ဖမ်းဆီးအမှုဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်မှာ စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ – NLD ရဲ့ ပါတီကိုယ်စားလှယ်လောင်းတွေပုံပါ မဲဆွယ်ဗွီနိုင်းကို လာရောက်ဖျက်ဆီးခဲ့သူ လူငယ်နှစ်ဦးကို ဖမ်းဆီးကာ ပါတီတာဝန်ရှိသူတွေက သက်ဆိုင်ရာ ရဲစခန်းမှာ သွားရောက်အမှုဖွင့်လိုက်ပါတယ်။...
Read More

မြင်းမူမြို့နယ်က ကိုဗစ်လူနာနဲ့ ထိတွေ့ခဲ့သူ ၂၁ ဦးမှာ ကိုဗစ်ရောဂါပိုးမတွေ့

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်တွင် စက်တင်ဘာလ ၁၀ ရက်နေ့ ညပိုင်းက ကိုဗစ်အတည်ပြုလူနာတစ်ဦးတွေ့ရှိခဲ့တာပါ။ ကိုဗစ်လူနာနဲ့ ထိတွေ့ခဲ့သူ ၂၁ ဦးကိုလည်း စာရင်းကောက်ယူပြီး ကွာရင်တင်းစင်တာတွေမှာ ထားရှိကာ ပထမအကြိမ် Swab ရယူစစ်ဆေးရာမှာတော့ ကိုဗစ်ကပ်ရောဂါပိုး မတွေ့ရှိရဘူးလို့ မြင်းမူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးစံသက်ထွန်းက...
Read More

မုံရွာမြို့မှာ ဖမ်းဆီးရမိတဲ့ မိကျောင်းကို ရွှေဘိုကိုပို့ဆောင်ထား

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာဦးရပ်ကွက်မှာ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းက ရပ်ကွက်နေပြည်သူတွေရဲ့ သတင်းပေးချက်အရ ဖမ်းဆီးရမိခဲ့တဲ့ မိကျောင်းပေါက်တစ်ကောင်ကို ရွှေဘိုငါးလုပ်ငန်းစခန်ကို ပြောင်းရွှေ့ ထိန်းသိမ်းထားတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးထွန်းထွန်းဝင်းက ပြောပါတယ်။ ကန်သာဦးရပ်ကွက်၊ ရတနာလမ်းဘေးရှိ ရေမြောင်းမှာ...
Read More

ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေးအတွက် လိုအပ်ရင် ညဈေးတန်းတွေ ပိတ်မယ်လို့ စစ်ကိုင်းတိုင်းစည်ပင်ဝန်ကြီး ပြောကြား

ကိုဗစ်ကပ်ရောဂါက စစ်ကိုင်းတိုင်းအတွင်းက မြင်းမူ၊ ကလေး စတဲ့မြို့တွေမှာပါ ထပ်မံတွေ့ရှိလာနေတာပါ။ ဒီအတွက် လိုအပ်ရင် ညဈေးတန်းတွေကို ပိတ်မယ်လို့ စစ်ကိုင်းတိုင်း စည်ပင်သာယာရေးဝန်ကြီးက ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါထိန်းချုပ်ကာကွယ်တဲ့အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ညစျေးတန်းတွေကို လိုအပ်ရင် ပိတ်ဖို့ အစီအစဉ်ရှိပေမယ့် အခုလက်ရှိမှာတော့ မပိတ်သေးဘဲ ဆက်လက်ရောင်းချခွင့်ပြုထားတာ...
Read More
error: Content is protected !!