Day

September 5, 2020

မုံရွာတွင် ကိုဗစ်ညွန်ကြားချက် မလိုက်နာတဲ့ KTV တစ်ခုကို ရှောင်တခင် ဝင်ရောက်ဖမ်းဆီး

မုံရွာမြို့၊ ချင်းတွင်းတံတားအနီးရှိ သုံးထောင့်ချွန်းလမ်းဆုံအနီးရှိ KTV တစ်ခုကို ကိုဗစ်ကာကွယ်ရေးအမိန့်ညွှန်ကြားချက်တွေကို မလိုက်နာတဲ့အတွက် စက်တင်ဘာလ ၅ ရက်နေ့ ညနေက ရှောင်တခင် ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ “KTV ဖမ်းတာဟုတ်ပါတယ်။ အမှုရေးဖွင့်ဖို့ လုပ်နေတယ်။ ပစ္စည်းစာရင်း၊ လူစာရင်းတွေ စီစစ်နေဆဲမို့ အသေးစိပ်တော့ ပြောလို့မရသေးပါဘူး။”...
Read More

ခိုးဖွင့်နေတဲ့ ကေတီဗွီဆိုင်တွေကို သက်ဆိုင်ရာမြို့နယ်အလိုက် ပူးပေါင်းအဖွဲ့တွေက ရှောင်တခင် ဖမ်းဆီးတာတွေပြုလုပ်နေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ထဲမှာရှိတဲ့ ကေတီဗီဆိုင်တွေကို တိုင်းအစိုးရအဖွဲ့က မဖွင့်ဖို့ တားမြစ် ထားတဲ့ကြားက ဆိုင်တချို့ ခိုးဖွင့်နေတာကြောင့် ကမ္ဘာ့ကူးစက်မြန် ကိုဗစ်ကပ်ရောဂါ ကူးစက် ပြန့်ပွားလာမှာကို ရပ်ကွက်နေ ပြည်သူတွေက စိုးရိမ်နေကြပါတယ်။ ဒီအတွက် သက်ဆိုင်ရာကို တိုင်ကြားတာတွေရှိလို့ မြို့နယ်စီခန့်၊ နယ်မြေခံရဲတပ်ဖွဲ့၊...
Read More

တီးတိန်မြို့ပြည်သူ့ဆေးရုံမှ ကိုဗစ်လူနာအမျိးသားနှစ်ဦး ရောဂါပျောက်ကင်းလို့ ဆေးရုံမှ ဆင်းခွင့်ရ

ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ် ပိုးတွေ့လူနာ အမျိးသားနှစ်ဦးကို ရောဂါပျောက်ကင်းသွားလို့ စက်တင်ဘာလ ၅ ရက်နေ့က ဆေးရုံကနေ ဆင်းခွင့်ပေးလိုက်ပါတယ်။ လူနာနှစ်ယောက်စလုံးမှာ နှစ်ကြိမ်ဆက်တိုက် Negative ပြတာကြောင့် ဆေးရုံကနေ ဆင်းခွင့်ပေးလိုက်တာဖြစ်တယ်လို့ တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်မြင့်နိုင်က...
Read More

ပြောက်ကျားဝတ်စုံတွေ၊ စကားပြောစက်တွေနဲ့ ဓာတ်ပုံရိုက်လိုင်းပေါ်တင်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှုးအပါအဝင် လူ ၁၂ ဉီးကို အမှုဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်အုပ်ချုပ်ရေးမှုး အပါအဝင် ရပ်ကွက်လုံခြုံရေး တာဝန် ထမ်းဆောင်မယ့် စေတနာ့ ဝန်ထမ်း (၁၂) ဦးတို့ကို ခွင့်ပြုချက်မရှိဘဲ ဆက်သွယ်ရေး စကားပြောစက်တွေကို လက်ဝယ်ထား ကိုင်ဆောင်အသုံးပြုမှုနဲ့ အမှုဖွင့် အရေးယူခံခဲ့ရပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့က ဓာတ်ပုံနဲ့တကွ...
Read More

ကျောက္ကာထန်းဇလုပ် ရေတံခွန် အပန်းဖြေစခန်းမှာ နေ့စဉ်လာရောက် အပန်းဖြေနားနေသူတွေနဲ့ စည်ကားနေ

ကိုဗစ်ကပ်ရောဂါကြောင့် လူစုလူဝေးဖြစ်ပေါ်စေနိုင်တဲ့နေရာတွေ၊ အများပြည်သူအပန်းဖြေနားနေတဲ့ နေရာတွေ၊ အခွန်ထမ်း အပန်းဖြေလုပ်ငန်းတွေကို ပိတ်ထားဖို့ အစိုးရက ညွှန်ကြားထားတာပါ။ ဒါပေမယ့် တချို့ အပန်းဖြေလုပ်ငန်းတွေ၊ ကာရာအိုကေတွေကလည်း ခိုးဖွင့်တာတွေရှိသလို မုံရွာမြို့ရဲ့အရှေ့တောင်ဘက် ၁၀ မိုင်အကွာမှာရှိတဲ့ ကျောက္ကာ ထန်းဇလုတ် ရေတံခွန် အပန်းဖြေစခန်းမှာလည်း လာရောက်...
Read More

မင်းကင်းမြို့တွင် အဖွဲ့ပေါင်းစုံက နှာခေါင်းစည်း (Mask) ကမ်ပိန်း ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့မှာ နှာခေါင်းစည်း (Mask) ကမ်ပိန်းကို ဒီကနေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့တယ်လို့ မင်းကင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဗိုလ်က ပြောပါတယ်။ Mask  ကမ်ပိန်းကို မင်းကင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးကော်မတီ၊ မီးသတ်၊...
Read More

ဟုမ္မလင်းမြို့တွင် ရခိုင်ပြည်နယ်မှရောက်ရှိလာသူ ၅ ဦး ကိုဗစ်ရောဂါပိုးမတွေ့

ရခိုင်ပြည်နယ်ကနေ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ကို ရောက်ရှိလာတဲ့လူ ၅ ဦးမှာ ကိုဗစ် ရောဂါပိုး မတွေ့ရဘူးလို့ ဟုမ္မလင်းမြို့ ပြည်သူ့ ဆေးရုံအုပ် ဒေါက်တာ ဝင်းနိုင်ထွန်းက‌‌ ပြောပါတယ်။ SWAB နမူနာတွေကို စက်တင်ဘာ ၁ ရက်နေ့က ရယူပြီး မန္တလေးဓာတ်ခွဲဌာနကို...
Read More
error: Content is protected !!