Home > သတင်း > စီးပွားရေး

တောင်ယာမီးကြောင့် လူ ၄ ဦးသေဆုံးခဲ့လို့ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် မီးရှို့သူ ၃ ဦးကို အမှုဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက အိန္ဒိယနယ်စပ်ကနေ ဆန်ဝယ်ပြန်လာသူ ၄ ဦး တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးမှုဖြစ်ပေါ်ခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတောင်ယာမီးရှို့ခဲ့သူ ၃ ဦးကို အမှုဖွင့်အရေးယူထားတယ်လို့ လဟယ်မြို့နယ်ရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။ လက်ရှိအချိန်က တောင်တန်းဒေသတွေမှာ တောင်ယာစိုက်ပျိုးဖို့အတွက်...
Read More

ကသာမြို့နယ်အတွင်းက အသေးစားနှင့် လက်လုပ်လက်စား ရွှေလုပ်ကွက်တွေကြောင့် ရွှေလီမြစ်ညစ်ညမ်းမှုဖြစ်ပေါ်နေလို့ အရေးယူပေးဖို့တင်ပြထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ အင်းကြီးကျေးရွာအနီးတွင် တူးဖော်နေတဲ့ အသေးစားနှင့် လက်လုပ်လက်စားရွှေလုပ်ကွက်တွေကနေ စွန့်ပစ်မျောြမီးတွေကို ရွှေလီမြစ်အတွင်း တိုက်ရိုက်ပစ်ချနေတဲ့အတွက် ရွှေလီမြစ်ညစ်ညမ်းမှုဖြစ်ပေါ်နေတာကြောင့် အစိုးရအနေနဲ့ အရေးယူပေးဖို့ တင်ပြထားတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက သိရပါတယ်။ အင်းကြီးဒေသတွင် တိုင်းအစိုးရရဲ့ ခွင့်ပြုချက်နဲ့ လက်လုပ်လက်စားလုပ်ကွက် ၇ ကွက်၊...
Read More

ကလေးဝမြို့အနီးတွင် ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး လူတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့၊ သရက်ချောင်းတံတားအနီးမှာ ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေပိုင်းက ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး လူ ၁ ဦးသေဆုံးခဲ့တယ်လို့ ကလေးဝမြို့နယ် မီးသတ်ဦးစီးဌာနက တာဝန်ရှိသူကပြောပါတယ်။ တိမ်းမှောက်တဲ့ကားက ကလေးဝ-ခင်ဦး မိုင် ၁၀၀ ကနေ စပါးအိတ်တွေတင်ဆောင်လာတဲ့ ကုန်တင်...
Read More

မုံရွာမြို့သို့ ဆောင်းခိုငှက်ဝင်ရောက်မှု ၄ နှစ်အတွင်း သိသိသာသာ လျော့နည်းလာ

စစ်ကိုင်တိုင်းဒေသကြီး၊ မုံရွာမြို့မှာ အခုလို ဆောင်းရာသီချိန်ဆို မြို့ပေါ်က အင်းတွေမှာ ဆောင်းခိုငှက် အများပြားမြင်တွေ့ရလေ့ရှိတဲ့ ညောင်ကိုင်းအင်းမှာတော့ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်တွေ ယိုယွင်းစပြုလာတာနဲ့ ငှက်ဖမ်းဆီးသူတချို့ရှိနေတာတွေကြောင့် ၄ နှစ်အတွင်း ဆောင်းခိုငှက် ဆင်းသက်နားခိုတာတွေ တဖြည်းဖြည်းနည်းပါးလာတယ်လို့ သိရပါတယ်။ ညောင်ကိုင်းအင်းအနေနဲ့ ရေဝင်ရေလွှဲစနစ်မှန်ကန်မှုမရှိတာ၊ လူနေအိမ်ခြေ...
Read More

နီးသလိုလိုနဲ့ ဝေးနေသေးတဲ့ လက်ပံတောင်းတောင် မြေယာလျော်ကြေး

ကမ္ဘာကျော်လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် ဒေသခံတွေရဲ့ ဘိုးဘွားပိုင်လယ်ယာမြေဧက ၅ ထောင်နဲ့အထက် သိမ်းဆည်းခံခဲ့ရပြီး စီမံကိန်းအနီးက တောင်သူမြောက်များစွာ လယ်မဲ့ယာမဲ့ဘဝကို ရောက်ရှိခဲ့ကြရပါတယ်။ စီမံကိန်းစတင်စဉ်ကတည်းက တောင်သူအများစုကတော့ မြေယာလျော်ကြေးရယူတာ၊ စီမံကိန်းနဲ့ မလွတ်ကင်းတဲ့ နေအိမ်အဆောက်အဦးတွေ ပြောင်းရွှေ့ဖယ်ရှားပေးတာတွေလည်း ရှိခဲ့ပါတယ်။ သို့သော်လည်း တောင်သူတချို့ကတော့ စီမံကိန်းကြောင့် ဆုံးရှုံးနစ်နာမှုတွေအတွက်...
Read More

ချင်းတွင်းမြစ်အတွင်း ကုန်တင်ရေယာဉ်တစ်စီး တိမ်းမှောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ရှားတောကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း ကုန်တင်ရေယာဉ်တစ်စီး ဒီကနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက် ၁၁ နာရီအချိန်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။ မုံရွာမြို့ကနေ ထွက်ခွာလာတဲ့ မျိုးသူဇော်အမည်ရှိ ကုန်တင်ရေယာဉ်က မင်းကင်းမြို့နယ် ရှားတောကျေးရွာအနီးမှာ ကျောက်ဆောင်စွယ်နဲ့ပွတ်ပြီး တိမ်းမှောက်ခဲ့တာပါ။ “ဒီနေ့...
Read More

ဈေးသည်တစ်ဦးပိုးတွေ့လို့ ကောလင်းမြို့မဈေးကို ယာယီပိတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့မစျေးကို ကိုဗစ်ရောဂါကြောင့် ဒီကနေ ဇန်နဝါရီလ ၂၄ ရက်နေ့ကစပြီး မြို့နယ်စည်ပင်ကနေ ယာယီပိတ်လိုက်ပြီဖြစ်ပါတယ်။ ဈေးပိတ်မယ့်အကြောင်းကိုလည်း ပြီးခဲ့တဲ့ ရက်ကတည်းက ကောလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အမှုဆောင်အရာရှိဦးဝဏ္ဏအောင်လက်မှတ်နဲ့ ကြေငြာချက် ထုတ်ပြန်ထားပါတယ်။ ကောလင်းမြို့မစျေးကို ဇန်နဝါရီလ ၂၄ ရက်နေ့ကစပြီး...
Read More

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် မြေယာဆုံးရှုံးသွားတဲ့ တောင်သူတွေထဲက မြေယာလျော်ကြေး မထုတ်သေးသူအချို့ လျော်ကြေးစတင်ထုတ်ယူ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် မြေယာဆုံးရှုံးခဲ့တဲ့ တောင်သူတွေ များစွာရှိခဲ့သလို ကျေးရွာပြောင်းရွှေ့ရမှုတွေလည်း ရှိခဲ့ပါတယ်။ စီမံကိန်းစတင်စဉ်ကာလကတည်းက တောင်သူတချို့ကတော့ လျော်ကြေးငွေ ထုတ်ယူခဲ့ကြပေမယ့် တချို့တောင်သူတွေကတော့ အစီရင်ခံစာပါအချက်တွေလိုက်လျောဆောင်ရွက်တာမရှိလို့ဆိုပြီး မြေယာလျော်ကြေးမယူဘဲ စီမံကိန်းကို နှစ်ပေါင်းများစွာအသက်ပေး ကန့်ကွက်နေခဲ့ကြတာပါ။ လက်ရှိမှာတော့ ကျန်နေသေးတဲ့မြေယာသိမ်းဆည်းခံ တောင်သူတွေရဲ့ တောင်းဆိုချက်တွေထဲက...
Read More

ချင်းတွင်းမြစ်ရဲ့ ၅ စင်းမြောက် မြစ်ကူးတံတား ထမံသီတွင် စတင်တည်ဆောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်မှာ ထမံသီနှင့် ပင်းမာကျေးရွာကို ဆက်သွယ်မယ့် ချင်းတွင်းတံတား(ထမံသီ) ကို ဇန်နဝါရီလ ၁၉ ရက်နေ့ကစပြီး စတင် တည်ဆောက်နေပြီ ဖြစ်ပါတယ်။ တံတားတည်ဆောက်ဖို့အတွက် ဇန်နဝါရီလ ၁၉ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်တွေ၊ တံတားတည်ဆောက်ရေးတာဝန်ရှိသူတွေ တက်ရောက်ပြီး...
Read More
1 2 3 7
error: Content is protected !!