Home > ဓာတ်ပုံ

‎ကူးပြောင်းသွားတဲ့နှစ်တွေ

နှစ်တွေဟာ သည်လိုပဲ ကုန်ဆုံးသွားမယ်လို့ ‎ငယ်ငယ်ကတွေးခဲ့ဖူးတယ်။ ‎ တကယ်က ‎ချစ်ရသူတွေပါ ‎‌ပျောက်ဆုံးသွားကြ။ ‎ ‎ကိုယ်ကချစ်ရသူနဲ့ဝေးပြီး ‎ကိုယ့်ကိုချစ်သူတွေနဲ့သာ အနေနီးခဲ့ရ။ ‎ အချိန်ဟာ ‎လပြည့်ပြည့်သာနေတဲ့ ‎ညတစ်ညကိုတော့ အတူခေါ်ဆောင်လာစေခဲ့တယ်။ ‎တသိမ့်သိမ့်လေးအေးနေမယ် ‎ဆောင်းလေဟာ ဒဏ်ရာတွေကို ပြန်ပေါ်လာစေတတ်သလား။ ‎...
Read More

“ငါတို့သာရွေ့သွားတယ်။ တောင်ကြီးတွေက ရွေ့မသွားဘူး”(Photo Essay)

ခရီးသွားခြင်းရင်း ဘာတွေခံစားမိလဲဆို လူမှုဘ၀တွေရယ် တောတောင်ရေမြေသဘာ၀ရယ် ချစ်ခြင်းမေတ္တာရယ်လို့ဆိုရပါမယ်။ တောင်ကြီး အင်းလေး ကလော ခရီးစဉ်မှာ ရှမ်းပြည်ကိုမရောက်ဖူးသေးသူအတွက် အရာရာဟာ အသစ်ဖြစ်လို့နေပါတယ်။ ကြီးမားလှတဲ့တောင်တန်းကြီးတွေ ကွေ့ဝိုက်ကာ တဖြည်းဖြည်းမြင့်လာခဲ့တဲ့လမ်းတွေကို ရိုက်ကူးခဲ့မျှဖြစ်ပါတယ်။ ပုံစာ-အင်းလေးကန် ဓာတ်ပုံ – လွှားအောင်(စစ်ကိုင်း) #လွှားအောင်(စစ်ကိုင်း) #မျက်မှောက်ခေတ်

ကသာမြို့နယ်က စည်းကမ်းမဲ့ရွှေလုပ်ကွက်တွေကနေ ရွှေလီမြစ်ညစ်ညမ်းမှု ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေ (ဓာတ်ပုံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ အင်းကြီးကျေးရွာအနီးတွင် တူးဖော်နေတဲ့ အသေးစားနှင့် လက်လုပ်လက်စားရွှေလုပ်ကွက်တွေကနေ စွန့်ပစ်မျောမြီးတွေကို ရွှေလီမြစ်အတွင်း စည်းကမ်းမဲ့စွာ တိုက်ရိုက်ပစ်ချနေတဲ့အတွက် ရွှေလီမြစ်ညစ်ညမ်းမှု ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေပါတယ်။ အင်းကြီးဒေသတွင် တိုင်းအစိုးရရဲ့ ခွင့်ပြုချက်နဲ့ လက်လုပ်လက်စားလုပ်ကွက် ၇ ကွက်၊ ၇ ဧက...
Read More

မုံရွာမြို့က မဲရုံအချို့ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားတဲ့မြင်ကွင်း(ဓာတ်ပုံ)

မုံရွာမြို့မှာ နိုဝင်ဘာလ ၈ ရက်နေ့အတွက် မဲရုံတွေ ကြိုတင်ပြင်ဆင်ထားတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။ မြို့နယ်တွင်း မဲရုံပေါင်း ၁၉၀ ကျော်ရှိပြီး အိမ်ထောင်စု ၇၅၀၀၀ ကျော်က မဲပေးနိုင်သူဦးရေ ၂၉၀၀၀၀ ကျော်ရှိပါတယ်။

ခန္တီးနှင့် မင်းကင်းတွင် နိုဝင်ဘာ ၈ ရက်နေ့အတွက် မဲရုံကြိုတင်ပြင်ဆင်နေမှုမြင်ကွင်း (ဓာတ်ပုံ)

စစ်ကိုင်းတိုင်းအတွင်းက ခန္တီးမြို့နယ်၊ မင်းကင်းမြို့နယ်တွေအပြင် တနိုင်ငံလုံးက ရွေးကောက်ပွဲကျင်းပမယ့်နေရာတွေမှာ နိုဝင်ဘာလ ၈ ရက်နေ့မှာ အဆင်သင့်ဖြစ်နိုင်ရေးအတွက် မဲရုံတွေကို ကြိုတင်ပြင်နေကြပြီဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်ရောဂါကြောင့် အရင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့မတူဘဲ တမူထူးခြားစွာ ကျန်းမာရေးအကာအကွယ်အတွက် ပြင်ဆင်ထားရှိမှုတွေကိုလည်း မြင်တွေ့ရပါတယ်။

မုံရွာမြို့နယ်လုံးကျွတ် NLD မဲဆွယ်စည်းရုံးရေး မြင်ကွင်းအချို့

မုံရွာမြို့နယ်အတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ဝန်းရံအားပေးထောက်ခံသူတွေက အင်အားပြတဲ့အနေနဲ့ မြို့ပေါ်တင်မက ရပ်ကွက်၊ ကျေးရွာအသီးသီးကပါ လာရောက်ကာ မြို့ပေါ်မှာ ယာဉ်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ လှည့်လည်ခဲ့ကြပါတယ်။ လူဦးရေ သောင်းဂဏန်းရှိမယ်လို့ ခန့်မှန်းရပါတယ်။ လမ်းမကြီးတော်တော်များများမှာတော့ လမ်းပိတ်တာတွေလည်း ဖြစ်ပေါ်ခဲ့ပါသေးတယ်။

ကျွန်းလှမြို့နယ်က NLD ပါတီ ဝန်းရံသူတွေရဲ့ မဲဆွယ်လှည့်လည်ပွဲ မြင်ကွင်း (ဓာတ်ပုံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်မှာ NLD ပါတီ ဝန်းရံထောက်ခံသူ အင်အား ၁၀၀၀ ကျော်က ဆိုင်ကယ်၊ ကား၊ သုံးဘီး၊ ထော်လာဂျီ စတာတွေနဲ့ မဲဆွယ်စည်းရုံးရေး လှည့်လည်ခဲ့ကြတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။ ဝန်းရံသူတွေက မြို့တွင်းလမ်းတွေအပြင် ပိတောက်မြိုင်ရပ်ကွက်ထဲမှာရှိတဲ့ ဈေးနှင့် သဖန်းဆိပ်ဆည် စတဲ့နေရာတွေကို လှည့်လည်ပြီး...
Read More

NLD ပါတီ ၃၂ နှစ် မြောက် အထိမ်းအမှတ်အဖြစ် မုံရွာတွင် Mask တစ်သောင်းဝေငှ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ၃၂ နှစ် မြောက် ပါတီတည်ထောင်ခြင်း အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ စက်တင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းက လမ်းပေါ်သွားလာနေသူတွေကို Mask တစ်သောင်း အခမဲ့ ပေးဝေခဲ့ပါတယ်။ Mask တွေဝေငှတာကို မုံရွာမြို့၊...
Read More
error: Content is protected !!