Month

September 2020

မုံရွာကာကြီးကွင်းအနီး ခရီးသည်တင် မှန်လုံကားတစ်စီး မီးလောင်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အ၀င် နတ်လူထိပ္ပန်ရပ်ကွက်၊ ကားကြီးကွင်းအနီးမှာ စက်တင်ဘာလ (၉) ရက်နေ့ ည (၈) နာရီ၀န်းကျင်က အောင်ကမ္ဘာယာဉ်လိုင်းမှ ခရီးသည်တင် မှန်လုံကားတစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်ခဲ့တဲ့ကားဟာ မုံရွာမြို့နှင့် မကွေးမြို့ကို ပြေးဆွဲနေတဲ့ အောင်ကမ္ဘာခရီးသည်တင် မှန်လုံကား...
Read More

ထန်တလန်မြို့မှာ Facility Quarantine ထားရန် ပြင်ဆင်ထားတဲ့အခန်း ၁၅ ခန်းဖျက်ဆီးခံရ

ချင်းပြည်နယ်၊ ထန်တလန်မြို့၊ အမှတ်(၃) ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားရုံအဆောက်အအုံအတွင်းမှာ ကိုဗစ်ကပ်ရောဂါနဲ့ပတ်သက်ပြီး Facility Quarantine ထားရန် ပြင်ဆင်ထားတဲ့အခန်း ၁၅ ခန်း ဖျက်ဆီးခံရတယ်လို့ ထန်တလန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်က ပြောပါတယ်။ စက်တင်ဘာလ ၈ ရက်နေ့က ထန်တလန်မြို့မှာ တရုတ်နိုင်ငံက...
Read More

ထီးချိုင့်မြို့နယ်တွင် ၆ ဘီးကားတစ်စီး တိမ်းမှောက်ပြီး လူတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်မှာ စက်တင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက ၆ ဘီးကားတစ်စီး တိမ်းမှောက်ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ ထီးချိုင့်မြို့နယ် မီးသတ်ဦးစီးမှူး ဦးဖြိုးညွန့်မောင်က ပြောပါတယ်။ ယာဉ်မောင်း ဦးသူရထွန်း (ခ) ဖိုးသားမောင်းနှင်လာတဲ့ ကုန်တင် ၆ ဘီးယာဉ်က ရွှေဘိုမြို့ကနေ...
Read More

ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက် လိုက်ပါလာတဲ့ စက်လှေအား အေအေကပစ်ခတ်

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် စက်တင်ဘာလ ၉ ရက်နေ့ နေ့လည်ပိုင်းက ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်လိုက်ပါလာတဲ့ စက်လှေကို ရခိုင့်တပ်တော် (AA) က ပစ်ခတ်ခဲ့တယ်လို့ ဝန်ကြီးဦးစိုးထက်က အတည်ပြုပြောပါတယ်။ ချင်းပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က...
Read More

ကိုဗစ်ကြောင့် သနပ်ခါးစျေးကွက်ကျဆင်းပြီး သနပ်ခါးစိုက်ဧကလျော့ကျ

စစ်ကိုင်းတိုင်းဒေသကြီးမှာ သနပ်ခါးစျေးကွက် ကျဆင်းနေတာကြောင့် အခုနှစ်အတွင်း သနပ်ခါးစိုက်ဧက အရင်နှစ်ထက် လျော့ကျလာတယ်လို့ မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုး ထုတ်လုပ် ရောင်းချသူများအသင်း ဥက္ကဌ ဦးကျော်မိုးက ပြောပါတယ်။ သနပ်ခါးစျေးကွက်က ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ကြည့်ရင် ဒီနှစ် သနပ်ခါးစျေးကွက်မှာ ၃၀...
Read More

ခွင့်မပြုဆိုးဆေးတွေနဲ့ ထုတ်လုပ်ထားတဲ့ ငြုပ်သီးမှုန့်နှင့် နနွန်းမှုန့် လုပ်ငန်းရှင် နှစ်ယောက်ကို DOCA အမှုဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် စားသုံးသူကို ဘေးဥပါဒ် ဖြစ်စေနိုင်တဲ့ ခွင့်မပြု ဓာတုဆိုးဆေးတွေကို အသုံးပြုပြီး ငြုပ်သီးမှုန့်နှင့် နနွန်းမှုန့် ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးတဲ့ လုပ်ငန်းရှင် နှစ်ယောက်ကို တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနက တရားလိုပြုလုပ်ကာ အမှုဖွင့် တိုင်တန်းလိုက်တယ်လို့ သိရပါတယ်။ “သိန်းကမ္ဘာ...
Read More

COVID-19 ရောဂါနဲ့ ပတ်သက်တဲ့ စည်းကမ်းချက်တွေကို မလိုက်နာပါက ယာဉ်လိုင်းပိတ်သိမ်းတဲ့အထိ အရေးယူမယ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာအဝေးပြေးကားကွင်းကနေ တခြားမြို့တွေကို ပြေးဆွဲနေတဲ့ မော်တော်ယာဉ်တွေအနေနဲ့ COVID-19 ကပ်ရောဂါနဲ့ပတ်သက်တဲ့ စည်းကမ်း၊ လမ်းညွှန်ချက်တွေကို မလိုက်နာရင် ယာဉ်လိုင်း ပိတ်သိမ်းတဲ့အထိ အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျပြေဆွဲနိုင်ရေးကော်မတီ ဥက္ကဌ ဦးရဲထွန်းအောင် ကပြောပါတယ်။ လတ်တလောအချိန်မှာ...
Read More

မုံရွာမြို့တွင် ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက် လိုက်နာမှုမရှိသော ဆိုင်ပေါင်း ၄၅ ဆိုင်အား ဒဏ်ငွေတပ် အရေးယူထား

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကာလအတွင်း ကန့်သတ်ချမှတ်ထားတဲ့ စည်းကမ်းချက်တွေ လိုက်နာမှုမရှိတဲ့ ဆိုင်ပေါင်း ၄၅ ဆိုင်ကို ဒဏ်ငွေတပ် အရေးယူထားတယ်လို့ မုံရွာမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဒုဦးစီးမှူး ဦးမင်းမင်းသန့်က ပြောပါတယ်။ မုံရွာမြို့မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကာလအတွင်း ကျန်းမားရေးနှင့်...
Read More

စစ်ကိုင်းတိုင်းဒေသကြီးတွင် စားသုံးသူရေးရာသို့ တိုင်ကြားမှု ၉၀ ရှိပြီး အများဆုံးက ဆက်သွယ်ရေးကိစ္စတွေဖြစ်နေ

စစ်ကိုင်းတိုင်းဒေသကြီးမှာ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာကို တိုင်ကြားမှု (၉၀) မှုရှိတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလကနေ ၂၀၂၀ ခုနှစ် ဩဂုတ်လအထိ တိုင်းဒေသကြီးအတွင်းက ကလေးခရိုင် တိုင်းကြားမှု (၁၆)မှု၊...
Read More

စစ်ကိုင်းတိုင်း၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင် ရွှေဘိုမြို့တွင် NLD ပါတီအောင်နိုင်ရေးအလံ လွှင့်ထူ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်ဟာ စက်တင်ဘာ (၈) ရက် မနက်ပိုင်းက ရွှေဘိုမြို့အမှတ် (၃) ရပ်ကွက်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးမှာ NLD ပါတီ အောင်နိုင်ရေးအလံ လွှင့်ထူခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီ၀င်၊ စစ်ကိုင်းတိုင်း၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရွှေဘိုအမှတ်...
Read More
error: Content is protected !!