Home > သတင်း > ဒေသတွင်းသတင်း > မုံရွာမြို့မှာ ဖမ်းဆီးရမိတဲ့ မိကျောင်းကို ရွှေဘိုကိုပို့ဆောင်ထား

မုံရွာမြို့မှာ ဖမ်းဆီးရမိတဲ့ မိကျောင်းကို ရွှေဘိုကိုပို့ဆောင်ထား

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာဦးရပ်ကွက်မှာ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းက ရပ်ကွက်နေပြည်သူတွေရဲ့ သတင်းပေးချက်အရ ဖမ်းဆီးရမိခဲ့တဲ့ မိကျောင်းပေါက်တစ်ကောင်ကို ရွှေဘိုငါးလုပ်ငန်းစခန်ကို ပြောင်းရွှေ့ ထိန်းသိမ်းထားတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

ကန်သာဦးရပ်ကွက်၊ ရတနာလမ်းဘေးရှိ ရေမြောင်းမှာ မိချောင်း ၃ ကောင်တွေ့တယ်ဆိုတဲ့ သတင်းတွေအရ မုံရွာခရိုင်မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှုးဦးဆောင် ရှာဖွေခဲ့ရာကနေ ဖမ်းမိခဲ့တာပါ။

“မိကျောင်းကို ရွှေဘိုငါးလုပ်ငန်းစခန်းမှာ ထိန်းသိမ်းထားတယ်။ ထိန်းသိမ်းတဲ့အချိန်မှာ တိုင်းအစိုးရအဖွဲ့ထံတင်ပြမယ်။ ကျွန်တော်တို့ ညွှန်ချုပ်ရုံးကိုလဲတင်ပြမယ်။ ဒီမှာက ရုံးပဲရှိတယ်။ တကယ်ငါးလုပ်ငန်းစခန်းရှိတာက ရွှေဘိုနှင့် ရေဦးမှာပဲရှိတာ။ အဲဒါတာကြောင့် ဒီကောင်ကိုထိန်းလို့လွယ်တဲ့ ရွှေဘိုငါးလုပ်ငန်းစခန်းမှာပဲ ထားလိုက်တာပါ။”လို့ တိုင်းငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့မိကျောင်းပေါက်က အလျား ၂ ပေခန့်ရှိပါတယ်။

“တချို့ကလည်း တရားမဝင်မွေးပြီးတော့ စွန့်ပစ်တာလဲဖြစ်နိုင်တယ်။ တချို့ကလဲ တရုတ်ပြည်ကိုပို့ဖို့ မွေးတာလဲဖြစ်နိုင်တယ်။ အခုချိန်က ပို့မရတော့ တွေ့တဲ့နေရာ စွန့်ပစ်ခဲ့တာလည်းဖြစ်နိုင်တယ်။”လို့ လည်း ပြောဆိုတာတွေရှိပါတယ်။

နောက်ထပ် ကျန်သေးတယ်ဆိုတဲ့ သတင်းတွေကြောင့်လည်း မုံရွာခရိုင်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်တွေနဲ့လူမှုကူညီရေးအဖွဲ့တို့ ပူးပေါင်းကာ ကျန်ရှိတဲ့မိကျောင်းတွေကို ဆက်လက်ရှာဖွေ ဖမ်းဆီးနေတယ်လို့လည်း သိရပါတယ်။

သူရိယထက်

error: Content is protected !!