Home > မေးမြန်းခန်း

စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသူ နန်းယွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်နဲ့ဆက်သွယ်မေးမြန်းချက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုူးကြီးမင်းအောင်လှိုင်ကနေ နိုင်ငံတော်ရဲ့ အာဏာကို ရယူခဲ့သလို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းနှင့် ပြည်နယ်အားလုံးက အစိုးရအဖွဲ့တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေနှင့် လွှတ်တော်ကိုယ်စားလှယ်တွေကို ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းတွေမှာ ဖမ်းဆီးထိမ်းသိမ်းခဲ့တာပါ။ အဲဒီထဲမှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ...
Read More

စစ်ကိုင်းတိုင်း Sub-National Coordination Unit-SNU ရဲ့အခြေအနေကို အတွင်းရေးမှူးနဲ့ တွေ့ဆုံခြင်း

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတကိစ္စတွေကို စီမံခန့်ခွဲမှုတွေနဲ့ပတ်သက်ပြီး MEITI လုပ်ငန်းစဉ်အရ ဖွဲ့စည်းထားတဲ့ တိုင်းအဆင့် Sub-National Coordination Unit – SNU ရဲ့ အရပ်ဖက်ကဏ္ဍကိုယ်စားလှယ် အတွင်းရေးမှူး ဦးငွေလင်းနဲ့ တွေ့ဆုံမေးမြန်းခြင်း။မျက်မှောက်ခေတ်

NLD အစိုးရလက်ထက် ၅ နှစ်တာကာလ မကွေးတိုင်းဒေသကြီးအတွင်း သိမ်းဆည်းမြေယာပြဿနာ ဖြေရှင်းဆောင်ရွက်ပေးမှုအပေါ် တိုင်းတောင်သူလယ်သမားသမဂ္ဂအကြံပေးဖြစ်သူ ဦးအောင်ကျော်ကျော်နဲ့ ဆက်သွယ်မေးမြန်းချက်။

မကွေးတိုင်းဒေသကြီးအတွင်း သိမ်းဆည်းမြေယာတွေနဲ့ပတ်သက်လို့ ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ တိုင်းဒေသကြီးအစိုးရအနေနဲ့ ဖြေရှင်းပေးနိုင်မှုမှာ ၅ နှစ်တာကာလအတွင်း အင်မတန်နည်းပါးနေပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ မကွေးတိုင်းဒေသကြီး တောင်သူလယ်သမားသမဂ္ဂရဲ့ အကြံပေးပုဂ္ဂိုလ်လည်းဖြစ် တိုင်းမြေစစ်ကော်မတီအဖွဲ့ဝင်လည်း ဖြစ်သူ ဦးအောင်ကျော်ကျော်ကို မျက်မှောက်ခေတ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။ MMK – ပထမဆုံးအနေနဲ့ တိုင်းအတွင်းက...
Read More

ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုနဲ့ မုံရွာခရိုင်ဗကသကျောင်းသားခေါင်းဆောင် လင်းသူရကို ဖမ်းဆီးခံထားရတာ ရက်ပေါင်း ၇၀ ကျော်ပြီဖြစ်ပေမယ့် ကိုဗစ်အကြောင်းပြချက်နဲ့ တစ်ကြိမ်မှရုံးမထုတ်သေးတဲ့အပေါ် တရားလွှတ်တော်ရှေ့နေတစ်ဦးနဲ့ တွေ့ဆုံမေးမြန်းချက်။

ပြည်တွင်းငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်မှာ 4G အင်တာနက် ပြန်လည်ဖွင့်ပေးရေး၊ သွေးစွန်းအစိုးရအလိုမရှိ၊ လူသတ်စစ်တပ်အလိုမရှိ၊ ဖမ်းဆီးခံကျောင်းသားတွေ ပြန်လွှတ်ပေးရေး စတဲ့တောင်းဆိုချက်တွေပါဝင်တဲ့ စာရွက်တွေကို လူစည်ကားရာနေရာတွေ၊ အစိုးရဌာနဆိုင်ရာအဆောက်အဦးတွေ၊ တက္ကသိုလ်မုခ်ပေါက်တွေမှာ လိုက်လံကပ်ခဲ့လို့ဆိုပြီး မုံရွာခရိုင်ဗကသကျောင်းသားတွေကို ဝရမ်းထုတ်တာ၊ ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီထဲက ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ လင်းသူရကို...
Read More

ကိုဗစ်ကာလတရားစီရင်အခြေအနေအပေါ် စစ်ကိုင်းတိုင်းလွှတ်တော် တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဌ ဒေါ်အမာကြည်နဲ့ တွေ့ဆုံမေးမြန်းချက်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါပိုးစတင်တွေ့ရှိခဲ့တာ ၉ လတာကြာမြင့်လာပြီဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်မှုတွေ၊ ဌာနဆိုင်ရာရုံးတွေ အဝင်အထွက်ကန့်သတ်တာတွေ၊ ကုန်ထုတ်လုပ်ငန်း၊ ဆေးဝါး၊ စားသောက်ကုန်တွေကလွဲလို့ လူစုလူဝေးဖြစ်စေပြီး  ရောဂါကူးစက်နိုင်ခြေများတဲ့ စားသောက်ဆိုင်၊ လဖက်ရည်ဆိုင် စတာတွေကို ကန့်သတ် ပိတ်ပင်ထားပါတယ်။ လက်ရှိမှာ တရားရုံးတွေလည်း ကိုဗစ်ကပ်ရောဂါကြောင့် အရေးကြီးအမှုတွေကလွဲလို့...
Read More

ကိုဗစ်ကာလတရားစီရင်အခြေအနေအပေါ် စစ်ကိုင်းတိုင်း တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် လူ့စွမ်းအားရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူနဲ့ တွေ့ဆုံမေးမြန်းချက်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါပိုးစတင်တွေ့ရှိခဲ့တာ ၉ လတာကြာမြင့်လာပြီဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်မှုတွေ၊ ဌာနဆိုင်ရာရုံးတွေ အဝင်အထွက်ကန့်သတ်တာတွေ၊ ကုန်ထုတ်လုပ်ငန်း၊ ဆေးဝါး၊ စားသောက်ကုန်တွေကလွဲလို့ လူစုလူဝေးဖြစ်စေပြီး  ရောဂါကူးစက်နိုင်ခြေများတဲ့ စားသောက်ဆိုင်၊ လဖက်ရည်ဆိုင် စတာတွေကို ကန့်သတ် ပိတ်ပင်ထားပါတယ်။ လက်ရှိမှာ တရားရုံးတွေလည်း ကိုဗစ်ကပ်ရောဂါကြောင့် အရေးကြီးအမှုတွေကလွဲလို့...
Read More

တပ်မတော်နှင့် AA တိုက်ပွဲတွေကြား ပလက်၀မှာ ရွေးကောက်ပွဲ ဘယ်လို ကျင်းပမလဲ

တပ်မတော်နှင့် AA တိုက်ပွဲတွေကြား ပလက်၀မှာ ရွေးကောက်ပွဲ ဘယ်လို ကျင်းပမလဲ By ရန်ကုန်ခေတ်သစ် ဦးဟွေ့နန်း ( ခူမီးအမျိုးသားပါတီ အလုပ်အမှုဆောင်ကော်မတီဝင်)နှင့် ဆက်သွယ်မေးမြန်းချက် ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တွင် ကျေးရွာအုပ်စု ၉၄ ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်...
Read More

ကနန်းလူမျိုး တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးစိန်လွင်နဲ့ လာမယ့်ရွေးကောက်ပွဲအပေါ် အမြင်သဘောထား တွေ့ဆုံမေးမြန်းခြင်း။

၂၀၂၀ ပြည့်နှစ်၊ မြန်မာနိုင်ငံရဲ့ ပါတီစုံ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ ထုတ်ပြန်ကြေငြာထားပါတယ်။ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီပေါင်း ၉၂ ပါတီက ကိုယ်စားလှယ်တွေအပါအဝင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၂၈၀ ဦး၊ စုစုပေါင်း...
Read More
error: Content is protected !!