ကောလင်းမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံခြင်းများ ဖြစ်နေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်မှာ သုံးရက်ဆက်တိုက် မိုးသည်ထန်စွာ ရွာသွန်းခဲ့တာကြောင့် ကျေးရွာအများစု ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေပါတယ်။ စက်တင်ဘာ ၁၄ ရက်ကနေစတင်ကာ အဆက်မပြတ် ရွာသွန်းနေတဲ့ မိုးကြောင့် အခုလို ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေတာလို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။ မိုးက စက်တင်ဘာ ၁၄... Read More
စစ်ကိုင်းတိုင်းမှာ ကိုဗစ်ကုစားရေးအတွက် ကျပ်သန်ပေါင်း (၂၇၀၀) ကျော်အသုံးပြုပြီး မိုးစပါးမျိုးစေ့ထုတ်ဧက(၁၈၀၀၀)ကျော်စိုက်ပျိုး
စစ်ကိုင်းတိုင်းမှာ ကိုဗစ်ကပ်ရောဂါ ကုစားရေးအစီစဉ်နဲ့ကျပ်သန်ပေါင်း (၂၇၀၀) ကျော်အသုံးပြုပြီး မိုးစပါး မျိုးစေ့ထုတ်ဧက (၁၈၀၀၀) ကျော် စိုက်ပျိုးထားတယ်လို့ တိုင်းစိုက်ပျိုးရေးဦးစီးဌာနရုံးက သိရပါတယ်။ တိုင်းအတွင်းက မြို့နယ်အားလုံးမှာ အရည်အသွေးကောင်း မျိုးစပါး (၃) မျိုးနဲ့ အထွက်ကောင်းမျိုးစပါး(၆)မျိုး စိုက်ပျိုးထားတာ ဖြစ်ပါတယ်။ စပါးမျိုးသန့်... Read More
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၀မြို့နယ်တွင် ကိုဗစ်ကူးစက်ခံရသူ လူဦးရေ ၁၂ဉီးအထိရှိလာ
ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ စစ်ကိုင်းတိုင်းဒေသကြီးမှာ စက်တင်ဘာလ ဒုတိယပတ်ကနေ စတင်ကာ ၁၇ ရက်နေ့အထိ မြို့နယ် ၁၀ မြို့နယ်မှာ ကိုဗစ်ကူးစက်ခံနေရသူ လူဦးရေ ၁၂ ဉီးအထိ ရှိလာပြီလို့ သိရပါတယ်။ အခုလို ကူးစက်ခံနေရတဲ့သူတွေဟာ ပြည်ပကူးစက်မှုအနေနဲ့ တစ်ယောက်သာရှိခဲ့ပြီး... Read More
ကိုဗစ်ရောဂါပိုးတွေ့ရှိတဲ့ ရပ်ကွက်၊ ကျေးရွာနေပြည်သူတွေအပေါ် ခွဲခြားဆက်ဆံမှု ကြုံတွေ့နေရ
လက်ရှိအချိန်မှာ မြန်မာနိုင်ငံ အတွင်း COVID-19 အတည်ပြုလူနာ စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၃၉၀၀ နီးပါး ရှိလာပြီဖြစ်သလို သေဆုံးသူကလည်း ၄၆ ဦးထိ ရှိလာနေပြီဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကနေ တကျော့ပြန် ကူးစက်မှုမြင့်တက်လာတဲ့... Read More
ဒီပဲယင်းမြို့နယ်တွင် ပထမဆုံးသော ကိုဗစ်အတည်ပြုလူနာတစ်ဦးတွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ တည်တောကျေးရွာတွင် Quarantine ဝင်နေတဲ့ ရန်ကုန်ပြန် အမျိုးသမီးတစ်ဦးထံကနေ ကိုဗစ်ပိုးတွေ့ရှိရတယ်လို့ ကျေးရွာလူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။ စက်တင်ဘာလ ၁၅ ရက်နေ့က နှာခေါင်း၊ အာခေါင်တို့ဖတ်နမူနာရယူကာ ဓာတ်ခွဲစမ်းသပ်ဖို့ မန္တလေးကို ပို့ဆောင်ခဲ့တာဖြစ်ပြီး ဒီမနက်မှာတော့ ကိုဗစ်ကပ်ရောဂါပိုးကူးစက်ခံထားရတာကို တွေ့ရှိခဲ့တာပါ။... Read More
ကိုဗစ်ကပ်ရောဂါကြောင့် ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ လူစီးရေယာဉ်လိုင်းတွေကို ရက်အကန့်အသတ်မရှိ ယာယီပိတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အခြေပြုကာ ချင်းတွင်းမြစ်အထက်ပိုင်းကို ပြေးဆွဲနေတဲ့ လူစီး ရေယာဉ်လိုင်းတွေကို စက်တင်ဘာလ ၁၆ ရက်နေ့ကနေ စတင်ကာ ပိတ်လိုက်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်တင်ဘာလ ၁၆ ရက်နေ့အထိ COVID... Read More
မြို့နယ်ရွေး/ကော်က ခွဲခြားဆက်ဆံလို့ ခရိုင်နဲ့ အထက်ကော်မရှင်အဆင့်ဆင့်ကို တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းက တိုင်ကြားထား
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအနေနဲ့ ခွဲခြား ဆက်ဆံတာတွေ ရှိနေတဲ့အတွက် ခရိုင်ရွေး/ကော်အပါအဝင် အထက်ကော်မရှင် အဆင့်ဆင့်ကို တိုင်ကြားထားတယ်လို့ ချောင်းဦးမြို့နယ်က တစ်သီးပုဂ္ဂလ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဦး၀င်းဆောင် ကပြောပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ချောင်းဦးမြို့နယ်ကနေ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ်... Read More
စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်အချို့ မဲဆွယ်စည်းရုံးမှုတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ယာယီရပ်နား
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှာ ကိုဗစ်ကူးစက်ခံနေရတဲ့ အတည်ပြုလူနာတွေ တိုးလာနေတာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက သူတို့ရဲ့ မဲဆွယ်စည်းရုံမှုတွေကို ယာယီရပ်နားလိုက်ပါတယ်။ အခုလိုမဲဆွယ်စည်းရုံမှုတွေကို ယာယီရပ်နားခဲ့ရတာက ဗစ်ကူးစက်ရောဂါ ပြန့်ပွားမှုနှုန်း မတိုးပွားလာစေရေးအတွက် ရည်ရွယ်တာဖြစ်ပါတယ်။ ပါတီက မဲဆွယ်စည်းရုံမှုတွေကို ယာယီရပ်နားခဲ့ပေမယ့် ပါတီကိုထောက်ခံကြတဲ့ အုပ်စုတွေကတော့ အုပ်စုဖွဲ့ လှည့်လည်မဲဆွယ်မှုတွေလည်း... Read More
၂၀၂၀ ရွေးကောက်ပွဲအတွက် အထူးရဲလျှောက်ထားသူတချို့ ကိုဗစ်-၁၉ ရောဂါကြောင့် သင်တန်းတက်ရောက်ရန် စိုးရိမ်မှုတွေရှိနေ
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် လုံခြုံရေးဆောင်ရွက်ဖို့ အထူးရဲအဖြစ် လျှောက်ထားသူ စစ်ကိုင်းတိုင်းမှာ ၄၁၀၀ ကျော်ရှိပါတယ်။ အထူးရဲအဖြစ် လျှောက်ထားသူတွေက လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ပိုးတွေ့ လူနာတွေ တနေ့တခြား များပြားလာနေလို့ သင်တန်းတက်ရောက်ရမှာကို ကြောက်ရွံ့နေတယ်လို့... Read More
မိုးကုတ်မှာ မိုးရွာသွန်းမှုများပြီး မြေပြိုတာကြောင့် လူနေအိမ်တလုံး မြေပိပြီး မိသားစု သုံးယောက်သေဆုံး
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့တွင် စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး ရေလျှံတာတွေဖြစ်ပေါ်ခဲ့သလို တချို့နေရာတွမှာ မြေပြိုကျမှုတွေလည်း ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှုတွေလည်း ရှိခဲ့တာပါ။ မြေပြိုကျတဲ့နေရာတွေကိုတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပရဟိတအသင်းအဖွဲ့တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေကြပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသူ မိုးကုတ်... Read More