Month

September 2020

ကလေးမြို့ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စတင် စစ်ဆေးတော့မည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးနိုင်အောင် ဆောင်ရွက်နေတယ်လို့ ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးက ပြောပါတယ်။ “ကိုဗစ်-၁၉ ရောဂါပိုးစစ်နိုင်မယ့်စက်ကို ငွေကျပ်သိန်း ၃၀၀ ကျော်နဲ့ ကလေးမြို့ဆေးရုံကို အထောက်အကူပြုနေတဲ့ မိသားစုတွေနဲ့ အခြားအလှူရှင်တွေက လှူထားတာရှိတယ်။...
Read More

အရာတော်မြိုနယ်တွင် ပထမဆုံး ကိုဗစ်အတည်ပြုလူနာတစ်ဦးတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်မှာ ပထမဆုံး ကိုဗစ်ကပ်ရောဂါပိုး ကူးစက်ခံထားရသူတစ်ဦး တွေ့ရှိတယ်လို့ အရာတော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်ထွန်းက ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါပိုး တွေ့ရှိလူနာက မန္တလေးမြို့ မဟာအောင်မြေ ဆီဆိုင်မှာ အလုပ်လုပ်ပြီး စက်တင်ဘာ ၄ ရက်နေ့က နေအိမ် ပြန်လာခဲ့တာဖြစ်ပါတယ်။ Home Quarantine...
Read More

ရွှေဘို၊ ၀က်လက်၊ မုံရွာမှာရှိတဲ့ ပြည်တန်ဆာလုပ်ငန်းတွေကို ရဲတပ်ဖွဲ့ကဝင်ရောက်စီးနင်းဖမ်းဆီး

စစ်ကိုင်းတိုင်းအတွင်း ပြည့်တန်ဆာလုပ်ငန်းတွေ ပပျောက်ရေးအတွက် တိုင်းရဲတပ်ဖွဲ့မှုးကနေ စီမံချက် ရေးဆွဲဆောင်ရွက်ခဲ့ရာ ရွှေဘို၊ ၀က်လက်၊ မုံရွာမြို့တွေမှာရှိတဲ့ ပြည်တန်ဆာလုပ်ငန်း လုပ်ကိုင်လုပ်ကိုင်နေကြတဲ့ နေအိမ်တွေကို ၀င်ရောက်စီးနင်းတာတွေကို စက်တင်ဘာလအတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလို၀င်ရောက်စီးနင်းရာမှာ ပြည့်တန်ဆာခေါင်းဆောင်တွေနဲ့ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ကြတဲ့ အမျိုးသမီးတွေကို သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူခဲ့တယ်လို့...
Read More

ကသာြမို့တွင် ပါဆယ်စနစ်ဖြင့် ရောင်းချရန် မြို့နယ်အုပ်ချုပ်ရေးမှုး ညွှန်ကြားချက် ထုတ်ပြန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် စားသောက်ဆိုင်တွေ၊ အရက်ဆိုင်တွေအပါအ၀င် တခြားဆိုင်တွေကို ဆိုင်ထိုင်ခွင့်မပေးတော့ဘဲ ပါဆယ်စနစ်နဲ့သာ ရောင်းချကြဖို့ ကသာမြို့နယ်အုပ်ချုပ်ရေးမှုးက စက်တင်ဘာလ ၁၄ ရက်နေ့ ရက်စွဲနဲ့ ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ ကုန်စည်တင်ဆောင်တဲ့ မော်တော်ယာဥ်တွေကို မောင်းနှင်ကြတဲ့ ယာဥ်မောင်းတွေနဲ့...
Read More

ဟုမ္မလင်းမြို့နယ်တွင် ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်ခြေ ၂၅ လုံးပြောင်းရွှေ့ထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်မှာ ချင်းတွင်းမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် ၂၅ လုံး ပြောင်းရွှေ့ထားရပါတယ်။ ကမ်းပါးများပြိုကျမှုကြောင့် စက်တင်ဘာလ ၁၁ ရက်နေ့ကနေ ဒီကနေ့အထိ ဟုမ္မလင်းမြိုနယ်၊ မင်းသာယာကျေးရွာမှာ လူနေအိမ်ခြေ ၂၄ လုံးနှင့် ရေတဲကျေးရွာမှာ လူနေအိမ်ခြေ ၁ လုံး...
Read More

စစ်ကိုင်းတိုင်းမှာ တပတ်အတွင်း မြို့နယ် (၈) ခုမှာ ပိုးတွေ့လူနာ (၁၀) ဦးထိရှိလာ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ စက်တင်ဘာ ၁၀ ရက်နေ့ကနေ ၁၅ ရက်နေ့ မနက်ပိုင်းအထိ တပတ်အတွင်း မြို့နယ် (၈) မြို့နယ်မှာ COVID-19 ပိုးတွေ့အတည်ပြုလူနာ (၁၀) ယောက်အထိ ရှိလာနေပြီဖြစ်ပါတယ်။ ပိုးတွေ့ အတည်ပြုလူနာတွေက ကလေးမြို့နယ်က (၃) ယောက်၊ မြင်းမူ၊...
Read More

စစ်ကိုင်းမြို့နယ်က လေးကောင်ဂျင်ဝိုင်းကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တစ်အိမ်တည်းကျေးရွာနှင့် ကျောက်ဆည်ကျေးရွာ အကြားရှိ ပြောင်းစိုက် ယာခင်းအတွင်း လေးကောင်ဂျင် လောင်းကစားဝိုင်း ပြုလုပ်နေကြောင်း သတင်းအရ စက်တင်ဘာ ၁၄ ရက် ညနေ ၅ နာရီအချိန်က စစ်ကိုင်းမြို့ရှိ ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသတင်းတွေအရ...
Read More

ကိုဗစ်ကပ်ရောဂါပိုး ကူးစက်လာလို့ ချင်းတွင်းမြစ်အတွင်း ခရီးသည်ရေယာဉ်ပြေးဆွဲမှုကို ယာယီရပ်နားထားရန် တိုင်းအစိုးရထံတင်ပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ကနေ ချင်းတွင်းမြစ်အထက်ပိုင်းပြေးဆွဲနေတဲ့ လူစီး ရေယာဉ်လိုင်းတွေကို ကိုဗစ်ကပ်ရောဂါကူးစက်လာနိုင်တဲ့အတွက် ယာယီရပ်နားထားဖို့ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ (ရစက) ကနေ တိုင်းအစိုးရကို စက်တင်ဘာလ ၁၄ ရက်နေ့ ရက်စွဲနဲ့ တင်ပြထားတယ်လို့ ရစက တာဝန်ရှိသူက ပြောပါတယ်။ “မြန်မာတစ်နိုင်ငံလုံးမှာ...
Read More

မုံရွာကုန်စည်ဒိုင်မှာ အရောင်းအ၀ယ် ထက်၀က်နီးပါး ကျဆင်း

COVID-19 ကပ်ရောဂါနဲ့ပတ်သက်တဲ့ စည်းကမ်းချက်တွေလတင်းကြပ်လိုက်တာကြောင့် မုံရွာကုန်စည်ဒိုင်မှာ အရောင်းအ၀ယ် ထက်၀က်နီးပါး ကျဆင်းသွားတယ်လို့ မုံရွာကုန်စည်ဒိုင်လအတွင်းရေးမှူ ဦးဇော်မိုး ကပြောပါတယ်။ တိုင်းအတွင်းမှာ COVID ကပ်ရောဂါကူးစက်ခံထားရတဲ့ အတည်ပြုလူနာ ဆက်တိုက်တွေ့ရှိလာပြီး စည်းကမ်းတင်းကြပ်လိုက်တာကြောင့် နယ်တွေဘက်ကလာရောင်းတဲ့ တောင်သူတွေ လျော့ကျသွားသလို ရန်ကုန်မှာရှိတဲ့ ကုန်သည်တစ်ချို့ကလည်း အ၀ယ်ရပ်သွားတဲ့အတွက်...
Read More

မုံရွာမြို့မှ တိုင်းကျော်ပြေးဆွဲနေသာ ခရီးသည်တင်ယာဉ်လိုင်းများကို စတင်ပိတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အခြေစိုက်ကာ တခြားတိုင်းနှင့် ပြည်နယ်တွေကို ပြေးဆွဲနေတဲ့ ခရီးသည်တင် ယာဉ်လိုင်းတွေကို စက်တင်ဘာ ၁၂ ရက်နေ့ကစတင်ကာ ပိတ်လိုက်ကြောင်း မုံရွာမြို့ ပုဂ္ဂလိကမော်တော် ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကော်မတီ ဥက္ကဌ ဦးရဲထွန်းအောင်က ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါက တခြားတိုင်းနှင့် ပြည်နယ်တွေအပြင်...
Read More
error: Content is protected !!