ရေစကြိုမြို့နယ်မှာ နွေရာသီရေရရှိရေး စက်ယန္တယားမငှားနိုင်လို့ လူအင်အားနဲ့ရေကန်တူးဖော်နေ
မကွေးတိုင်းရေစကြိုမြို့နယ်က ကျေးရွာတစ်ရွာမှာ နွေရာသီ ရေရရှိရေးအတွက် စက်ယန္တယားတွေအသုံးမပြုပဲ လူအင်အားနဲ့ ရေကန်တူးဖော်နေကြပါတယ်။ စက်ယန္တယား ငှားခစျေးမတတ်နိုင်လို့ လူအင်အားနဲ့ လုပ်နေကြတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။ “မနှစ်က GCBက တစ်နာရီ နှစ်သိန်းဝန်းကျင်ပဲရှိတယ်။ ဒီနှစ်က တစ်နာရီ ခြောက်သိန်း၊ ခုနှစ်သိန်းရှိတော့ ငှားဖို့မတတ်နိုင်တော့ဘူးလေ”လို့ အမည်မဖော်လိုသူ... Read More
အာဆင်းနစ် (Arsenic) အဆိပ်သင့်မှုနှင့် စပ်လျဉ်း၍ (ဖေဖော်ဝါရီလ၊ ၂၀၂၆ ခုနှစ်)
အာဆင်းနစ် (Arsenic) အဆိပ်သင့်မှုနှင့် စပ်လျဉ်း၍ (ဖေဖော်ဝါရီလ၊ ၂၀၂၆ ခုနှစ်) ⚠️ အဓိကအချက်များ ♦️ Arsenic သည် နိုင်ငံအများအပြား၏ မြေအောက်ရေတွင် သဘာဝအတိုင်း ပမာဏများစွာ ရှိနေတတ်သည်။ ♦️ Arsenic ပါဝင်မှု များသော မသန့်ရှင်းသောရေကို... Read More
လေရှီးမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေး ချို့ယွင်းချက်တစ်ချို့ကြောင့် မထိုးနှံနိုင်သေး
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းက ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေး ချို့ယွင်းချက်တစ်ချို့ကြောင့် ထိုးနှံပေးမှုမရှိသေးဘူးလို့ လေရှီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူကပြောပါတယ်။ လေရှီးမြိုနယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကိုဗစ်ကာကွယ်ဆေးကို ဟုမ္မလင်းမြို့ထိ လေကြောင်းလိုင်းနဲ့ ရောက်ရှိလာပြီး ဟုမ္မလင်းကတစ်ဆင့် လေရှီးမြို့ကို ကားနဲ့ သယ်ဆောင်ခဲ့တာပါ။ “ကိုဗစ်ကာကွယ်ဆေးက မထိုးနှံရသေးဘူးဗျ။... Read More
ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေးထိုးရာတွင် မုံရွာအခြေစိုက် သတင်းထောက်တွေ သတင်းရယူခွင့်မရတဲ့အပြင် သတင်းပါရင်လည်း ကန့်ကွက်မယ်လို့ ပြောဆိုခြိမ်းခြောက်ခံရ
မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးကို ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ပြည်နယ်နှင့် တိုင်းအလိုက် ကျန်းမာရေးဝန်ထမ်းတွေကို ပထမဦးစားပေးအနေနဲ့ စတင်ထိုးပေးနေပြီဖြစ်ပါတယ်။ ကာကွယ်ဆေးကို သက်ဆိုင်ရာမြို့နယ် ပြည်သူ့ကျန်းမာနှင့် မြို့နယ်ဆေးရုံကြီးတွေမှာ စုထိုးနေတာဖြစ်ပါတယ်။ မုံရွာမြို့မှာလည်း မုံရွာကုတင် ၅၀၀ ဆံ့ဆေးရုံကြီးနှင့် စစ်ကိုင်းတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတို့မှာ ထိုးနှံပေးနေတာပါ။ အဲဒီလို... Read More
မုံရွာမြို့တွင် ကိုဗစ်အတည်ပြု သံဃာတော် ၁ ပါး ပျံလွန်တော်မူ၊ ပိုးတွေ့လူနာ ၁၀ ဦးထပ်တိုး
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်အတည်ပြု သံဃာတော်တစ်ပါး ဒီကနေ့ ဇန်နဝါရီလ ၂၆ နံနက် ၁၁ နာရီအချိန်က ပျံလွန်တော်မူခဲ့တယ်လို့ မုံရွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူကပြောပါတယ်။ အဲဒီသေဆုံးသူဟာ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောတယ်ဆိုပြီး ဇန်နဝါရီလ ၂၄ ရက်နေ့က မုံရွာမြို့ပြည်သူ့ဆေးရုံမှာ... Read More
မုံရွာမြို့သို့ ကိုဗစ်ကာကွယ်ဆေးများ ရောက်ရှိ
ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးဖို့အတွက် ဒီကနေ့ နေ့လည်ပိုင်းက လေကြောင်းလိုင်းကနေ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့ ရောက်ရှိလာပြီဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောပါတယ်။ အခုလက်ရှိရောက်ရှိလာတဲ့ကိုဗစ်ကာကွယ်ဆေးတွေကို ပထမဦးစားပေးအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေနှင့် Volunteer တွေကို ထိုးနှံပေးသွားမှာဖြစ်ပါတယ်။ “ဒီနေ့ပဲ ကိုဗစ်ကာကွယ်ဆေးတွေရောက်ပါပြီ။ ဘယ်လောက်ရောက်တယ်ဆိုတာကတော့ အတိအကျမသိဘူး။ ပထမဦးဆုံး... Read More
ကလေးတွင် ကိုဗစ်အတည်ပြုလူနာတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးလူနာ ၁၁ ဦးအထိရှိလာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ တိုင်းရင်းဆေးရုံမှာ ဆေးကုသမှုပေးနေတဲ့ ကိုဗစ်အတည်ပြု အမျိုးသမီးတစ်ဦး ဇန်နဝါရီလ ၂၆ ရက်နေ့ မနက် ၂ နာရီခွဲအချိန်က သေဆုံးခဲ့တယ်လို့ ကလေးမြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူက ပြောပါတယ်။ သေဆုံးလူနာဟာ အသက် ၂၆ နှစ် အရွယ်... Read More
ပိုးတွေ့လူနာများပြားလာတဲ့ မြင်းမူမြို့နယ်၊ ကြော့မင်းကျေးရွာကို Stay At Home သတ်မှတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ကြော့မင်းကျေးရွာတွင် ကိုဗစ်ပိုးတွေ့လူနာ များ ပြားလာသဖြင့် ဇန်နဝါရီလ (၂၄) ရက်နေ့မှ စတင်၍ (၁၄) ရက်ကြာ Stay At Home သတ်မှတ်ထားတယ်လို့ မြင်းမူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးထံမှ သိရသည်။ မြင်းမူမြို့နယ်၊... Read More
ကန့်ဘလူမြို့နယ်တွင် တစ်ရက်ထဲ လူ ၃၀ ကျော် စံချိန်တင် ပိုးတွေ့
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်မှာ ဒီကနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့တစ်ရက်ထဲ ကိုဗစ်ပိုးတွေ့သူ စံချိန်တင်ကာ ပိုးတွေ့လူနာ ၃၇ ယောက်ရှိခဲ့ပါတယ်။ အဲဒီပိုးတွေ့လူနာတွေက ပြီးခဲ့တဲ့ ၂၁ ရက်နေ့ မန္တလေးကို ပေးပို့စစ်ဆေးခဲ့တဲ့ လူ ၁၀၀ ကျော်ထဲက ဒီကနေ့ အဖြေထွက်ချက်အရ... Read More









