ခင်ဦးမြို့နယ်တွင် စစ်ကောင်စီအကြမ်းဖက်တပ်က လမ်းမှာတွေ့တဲ့ ရွာသားသုံးဦးကို ဖမ်းဆီးပြီး သင်္ချိုင်းကုန်းတွင်ပစ်သတ်
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ တဲစု-ပျဉ်ထောင်လမ်းခွဲတွင် ပြည်သူသုံးဦး အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီအကြမ်းဖက်တပ်တွေရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ အဆိုပါ ဖမ်းဆီးခံရသူ အမျိုးသားသုံးဦးကို စစ်ကောင်စီအကြမ်းဖက်တပ်တွေက ပျဉ်ထောင်ရွာသင်္ချိုင်းကို ခေါ်ဆောင်ကာ ဝမ်းလျားမှောက်ခိုင်းပြီး ဦးခေါင်းကို ချိန်ရွယ် ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။... Read More
လက်ပံတောင်းအရေးဆောင်ရွက်သူ ဇီးတောဆရာတော်ကျောင်းကို စစ်ကောင်စီအကြမ်းဖက်တပ်တွေ ဝင်ရောက်ဖျက်ဆီး
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ၊ ဇီးတောရွာသစ်ရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီအကြမ်းဖက်တပ်တွေက စက်တင်ဘာလ ၂၁ ရက်နေ့ မနက်အစောပိုင်းမှာ ဝင်ရောင်ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။ အခုလို ဝင်ရောက်ဖျက်ဆီးတာက ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း။ပထမအကြိမ် လာရောက်ခဲ့သေးတယ်လို့ သိရပါတယ်။ “ဘာကြောင့်လာတာလည်း... Read More
မုံရွာက ယာဉ်ထိန်းရဲတဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း MPDF ကြေငြာ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပြည်ထောင်စုလမ်းနှင့် မြို့ပတ်လမ်းထောင့် မီးပွိုင့်မှာ တာဝန်ကျနေတဲ့ ယာဉ်ထိန်းရဲတဦးကို စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လည်ပိုင်းက သုတ်သင်ရှင်းလင်းခဲ့တယ်လို့ မုံရွာ PDF မြို့ပြပြောက်ကျားအဖွဲ့က ကြေငြာပါတယ်။ အဆိုပါယာဉ်ထိန်းရဲကို သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပြီး သေနတ်ပစ်ခံရတဲ့ ယာဉ်ထိန်းရဲကတော့ သေဆုံးသွားပြီလို့... Read More
မုံရွာတွင် ယာဉ်ထိန်းရဲတဦး သေနတ်နဲ့ ပစ်ခံရ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပြည်ထောင်စုလမ်းနှင့် မြို့ပတ်လမ်းထောင့်ရှိ မီးပွိုင့်တွင် တာဝန်ကျ ယာဉ်ထိန်းရဲတဦး စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လည်ပိုင်းက သေနတ်နဲ့ ပစ်ခံရတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။ ဘယ်သူတွေက ဘာကြောင့် ပစ်သွားတယ်ဆိုတာ မသိရသေးသလို သေနတ်ပစ်ခံရတဲ့ ယာဉ်ထိန်းရဲ သေဆုံးမှုရှိမရှိဆိုတာတော့... Read More
ဟားခါးတွင် ထမင်းပေါင်းအိုးအပူလွန်ကဲရာက မီးလောင်ပြီး လူ ၆ ဦးသေဆုံး
ချင်းပြည်နယ်၊ ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်မှာ ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက်ပိုင်းက လူနေအိမ်ခြေ ၂ လုံးမီးလောင်ပြီး လူ ၆ ဦးသေဆုံးခဲ့ပါတယ်။ စျေးသစ်ရပ်ကွက်မှာ နေထိုင်တဲ့ အိမ်ရှင်ဦးဟရန်ကျူံးရဲ့နေအိမ်မှာ လျှပ်စစ်ထမင်းပေါင်းအိုးတည်ထားရာကနေ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ “ဒီနေ့ မနက်... Read More
ဖလမ်းတွင် ဆရာဝန်မောင်းနှင်လာသည့် အိမ်စီးကား ချောက်ထဲထိုးကျ တိမ်းမှောက်ပြီး ထိခိုက်ဒဏ်ရာရ
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့မှာ ဒီကနေ့ ညနေပိုင်းက ဆရာဝန်ုတစ်ဦးမောင်းနှင်လာတဲ့ အိမ်စီးကားတစ်စီး ပေ ၃၀၀ ခန့်ရှိ ချောက်ထဲထိုးကျ တိမ်းမှောက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖလမ်းခရိုင်မီးသတ်ဦးစီးဌာနက တာဝန်ရှိသူကပြောပါတယ်။ ဖြစ်စဉ်မှာ ဖလမ်းမြို့မှ ဟားခါးမြို့သို့ မောင်းနှင်လာတဲ့ RAV-4 အိမ်စီးကား လေးဘီးအဖြူရောင်ယာဉ်က... Read More
သင်္ချိုင်းမြေကျူးကျော်လို့ဆိုပြီး နေအိမ်တစ်လုံးကို ရွာသားတွေဝိုင်းဝန်းဖျက်ဆီး
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ချင်းတွင်းမြစ်ကူးတံတား(ခန္တီး)အောက်ဖက်ရှိ၊ ဆင်သေကျေးရွာအုပ်စု၊ နန်မုံကျေးရွာရှိ သင်္ချိုင်းမြေအတွင်းမှာ ဝင်ရောက်ကျူးကျော်နေထိုင်လို့ဆိုပြီး နေအိမ်တစ်လုံးကို ရွာသားတွေက ဇန်နဝါရီလ ၃၀ ရက်နေ့မှာ သွားရောက်ဖျက်ဆီးခဲ့ကြပါတယ်။ “ကျွန်တော်တို့ရွာက သင်္ချိုင်းမြေဖြစ်တယ်။ အခုဟာက ကျွန်တော်တို့ရွာ စတည်လာခဲ့ကတည်းကမြေဖြစ်တယ်။ ဒီမြေက ၁၉၆၆ ခုနှစ်ကတည်းက ကျွန်တော်တို့... Read More
တောင်ယာမီးကြောင့် လူ ၄ ဦးသေဆုံးခဲ့လို့ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် မီးရှို့သူ ၃ ဦးကို အမှုဖွင့်
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက အိန္ဒိယနယ်စပ်ကနေ ဆန်ဝယ်ပြန်လာသူ ၄ ဦး တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးမှုဖြစ်ပေါ်ခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတောင်ယာမီးရှို့ခဲ့သူ ၃ ဦးကို အမှုဖွင့်အရေးယူထားတယ်လို့ လဟယ်မြို့နယ်ရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။ လက်ရှိအချိန်က တောင်တန်းဒေသတွေမှာ တောင်ယာစိုက်ပျိုးဖို့အတွက်... Read More
လဟယ်မြို့နယ်တွင် လူ ၄ ဦး တောင်ယာတောမီးလောင်သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက အိန္ဒိယနယ်စပ်ကနေ ဆန်ဝယ်ပြန်လာသူ ၄ ဦး တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးခဲ့တယ်လို့ လဟယ်မြို့နယ် မီးသတ်ဦးစီးဌာနက တာဝန်ရှိသူကပြောပါတယ်။ အဲဒီနေ့က လဟယ်မြို့နယ် ထန်ခေါ်လန်မကျေးရွာနေ အမျိုးသမီး ၃ ဦးနှင့်... Read More