စုံ၊မကိစ္စကြောင့် မုံရွာနယ်က အခြေခံလူတန်း စားတွေအတွက် အခက်၊အခဲ ဖြစ်နေ
အာဏာသိမ်းစစ်အုပ်စုက သတ်မှတ်လိုက်တဲ့ကိုယ်ပိုင်မော်တော်ယာဉ်တွေ စုံ၊ မ ရက်ခြားပြီးသွားလာကြဖို့အမိန့်ထုတ်လိုက်တဲ့အတွက်မုံရွာနယ်က အခြေခံလူတန်းစား လက်လုပ်၊ လက်စားသမားတွေနဲ့ ၀န်ထမ်းတွေ အခက်အခဲဖြစ်နေကြတယ်လို့ မုံရွာဒေသခံ ပြည်သူလူထုထံက သိရပါတယ်။ စက်သုံဆီးခြွေတာရေးအတွက် သတ်မှတ်လိုက်တဲ့ စုံ၊မ စနစ်မှာ အခြေခံလူတန်းစားတွေ အများဆုံး အသုံးပြုစီးနင်းကြတဲ့ မော်တော်ဆိုင်ကယ်တွေပါ ပါ၀င်နေတဲ့အတွက်... Read More
ဂန့်ဂေါနယ်မှာ လောင်စာဆီစျေးတက်၊ ဝယ်ယူရန်ခက်ခဲနေ
ကမ္ဘာတဝှမ်းမှာ ဖြစ်ပွားနေတဲ့လက်နက် ကိုင် ပဋိပက္ခတွေကြောင့် လောင်စာဆီစျေးတွေရုတ်တရက်မြင့်တက်လာပြီး ယောဒေသဂန့်ဂေါမြို့နယ်အတွင်းမှာလည်း မတ်လ (၇) ရက်နေ့မှာ ဓာတ်ဆီတလီတာကို ၈,၀၀၀ကျပ်အထိ မြင့်တက်လာနေပါတယ်။ လက်ရှိမှာတော့ ဝယ်ယူသုံးစွဲသူတွေအနေနဲ့ အခက်တွေနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “လက်ရှိမှာတော့ဓာတ်ဆီစျေးက ၂ရက်အတွင်း တလီတာ ၈,၀၀၀ထိတက်လာနေတယ်။ တချို့ဆိုင်တွေက ဆီပြတ်နေပြီပြောတယ်။... Read More
အာဏာသိမ်းစစ်တပ်သုံးတဲ့ ဆေးမှီးတို ကုသနည်းနဲ့ ပြည်သူလူထုရဲ့ ဘ၀
အရိုးပြိုင်းပြိုင်းကျနေတဲ့ လမ်းမကြီးဘေးတလျှောက်က တမာပင်တန်းတွေနဲ့ အပြိုင် ဆိုင်ကယ်တွေ၊ သုံးဘီးဆိုင်ကယ်တွေ အစီအရီ စီတန်းလျှက် ရှိနေပါတယ်။ ရှေ့၊နောက် တန်းစီပြီး ရပ်နေကြတဲ့ ဆိုင်ကယ်အတန်းကြီးတွေမှာ လူငယ်အမျိုးသားအနည်းငယ်ကလွဲပြီး အများစုကသက်ကြီးပိုင်း အမျိုးသားတွေနဲ့ အမျိုးသမီးတွေက ကိုယ့်ဆိုင်ကယ် ကိုဒေါက်ကလေးတွေထောက်ထားပြီး ဆိုင်ကယ်ရဲ့ ဘေးမှာရပ်နေကြတာပါ။ သုံးဘီးဆိုင်ကယ်ပိုင်ရှင်တွေထဲမှာလည်း... Read More
စုံ/မခွဲ တစ်ရက်ခြားကားမောင်းရမယ့် စစ်ခေါင်းဆောင်တွေရဲ့ ရွှေညဏ်တော်ဆူးရောက် စီမံခန့်ခွဲမှု
ရေးသား – ဂနွဝင်ကိုကို ကဲ…တော်လှန်သူရော မတော်လှန်သူ ပြည်သူအပေါင်းတို့ရေ ကျွန်တော်တို့ရဲ့ ဉာဏ်ကြီးရှင် စစ်ခေါင်းဆောင်းဆိုသူတွေဆီကနေ ကမ္ဘာ့အဆင့်မီ ဆင်ခြေတစ်ခုနဲ့ နောက်ထပ် မဟာဗျူဟာမြောက် စီမံကိန်းကြီးတစ်ခု ထွက်လာပြန်ပါပြီ။ အရှေ့အလယ်ပိုင်းမှာ စစ်ဖြစ်နေလို့ စက်သုံးဆီဝယ်ဖို့ ခက်သွားတယ်တဲ့ဗျာ။ ဒါကြောင့် ကားတွေကို “စုံ”... Read More
စစ်ကော်မရှင်က စက်သုံးဆီခြိုးခြံချွေတာဖို့ ယာဉ်တွေကို စုံ/မ ရက်သတ်မှတ်မောင်းနှင်ဖို့ ထုတ်ပြန်
စစ်ကော်မရှင်က စက်သုံးဆီခြိုးခြံချွေတာဖို့အတွက် ယာဉ်တွေကို စုံ/မ ရက် သတ်မှတ်ပြီး မောင်းနှင်ရမယ်လို့ ဒီကနေ့ မတ်လ ၃ ရက် ညပိုင်းအချိန်မှာထုတ်ပြန်လာပါတယ်။ မတ်လ ၇ ရက်ကစတင်ပြီး ပုဂ္ဂလိကယာဉ်တွေ၊ လုပ်ငန်းသုံးယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေဟာ စုံ/မ ရက်သတ်မှတ်ချက်နဲ့သာ မောင်းနှင်အသုံးပြုရမှာ... Read More
ကသာမြို့နယ်က စည်းကမ်းမဲ့ရွှေလုပ်ကွက်တွေကနေ ရွှေလီမြစ်ညစ်ညမ်းမှု ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေ (ဓာတ်ပုံ)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ အင်းကြီးကျေးရွာအနီးတွင် တူးဖော်နေတဲ့ အသေးစားနှင့် လက်လုပ်လက်စားရွှေလုပ်ကွက်တွေကနေ စွန့်ပစ်မျောမြီးတွေကို ရွှေလီမြစ်အတွင်း စည်းကမ်းမဲ့စွာ တိုက်ရိုက်ပစ်ချနေတဲ့အတွက် ရွှေလီမြစ်ညစ်ညမ်းမှု ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေပါတယ်။ အင်းကြီးဒေသတွင် တိုင်းအစိုးရရဲ့ ခွင့်ပြုချက်နဲ့ လက်လုပ်လက်စားလုပ်ကွက် ၇ ကွက်၊ ၇ ဧက... Read More
ကသာမြို့နယ်အတွင်းက အသေးစားနှင့် လက်လုပ်လက်စား ရွှေလုပ်ကွက်တွေကြောင့် ရွှေလီမြစ်ညစ်ညမ်းမှုဖြစ်ပေါ်နေလို့ အရေးယူပေးဖို့တင်ပြထား
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ အင်းကြီးကျေးရွာအနီးတွင် တူးဖော်နေတဲ့ အသေးစားနှင့် လက်လုပ်လက်စားရွှေလုပ်ကွက်တွေကနေ စွန့်ပစ်မျောြမီးတွေကို ရွှေလီမြစ်အတွင်း တိုက်ရိုက်ပစ်ချနေတဲ့အတွက် ရွှေလီမြစ်ညစ်ညမ်းမှုဖြစ်ပေါ်နေတာကြောင့် အစိုးရအနေနဲ့ အရေးယူပေးဖို့ တင်ပြထားတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက သိရပါတယ်။ အင်းကြီးဒေသတွင် တိုင်းအစိုးရရဲ့ ခွင့်ပြုချက်နဲ့ လက်လုပ်လက်စားလုပ်ကွက် ၇ ကွက်၊... Read More
ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု ထိန်းသိမ်းနိုင်ဖို့ ချိန်းဆောနှင့် ဘက်ဟိုးတွေကို ဒေသန္တရအမိန့်ထုတ်ပြန်ထိန်းချုပ်မည်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ဌာနစုံပါဝင်တဲ့ တိုင်းအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီရဲ့ ၈ ကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့က တိုင်းအစိုးရရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ တက်ရောက်လာကြတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေက ကဏ္ဍအလိုက်တာဝန်ယူထားတဲ့အပိုင်းတွေကို ရှင်းလင်းတင်ပြခဲ့ကြပြီး တရားမဝင်သစ်ခိုးထုတ်မှုနှင့် တရားမဝင်သတ္တုတူးဖော်မှုတွေကို ဖြစ်စေတဲ့... Read More
နီးသလိုလိုနဲ့ ဝေးနေသေးတဲ့ လက်ပံတောင်းတောင် မြေယာလျော်ကြေး
ကမ္ဘာကျော်လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် ဒေသခံတွေရဲ့ ဘိုးဘွားပိုင်လယ်ယာမြေဧက ၅ ထောင်နဲ့အထက် သိမ်းဆည်းခံခဲ့ရပြီး စီမံကိန်းအနီးက တောင်သူမြောက်များစွာ လယ်မဲ့ယာမဲ့ဘဝကို ရောက်ရှိခဲ့ကြရပါတယ်။ စီမံကိန်းစတင်စဉ်ကတည်းက တောင်သူအများစုကတော့ မြေယာလျော်ကြေးရယူတာ၊ စီမံကိန်းနဲ့ မလွတ်ကင်းတဲ့ နေအိမ်အဆောက်အဦးတွေ ပြောင်းရွှေ့ဖယ်ရှားပေးတာတွေလည်း ရှိခဲ့ပါတယ်။ သို့သော်လည်း တောင်သူတချို့ကတော့ စီမံကိန်းကြောင့် ဆုံးရှုံးနစ်နာမှုတွေအတွက်... Read More









