Home > သတင်း > ဒေသတွင်းသတင်း (Page 5)

မုံရွာမြို့တွင် ကိုဗစ်အတည်ပြု သံဃာတော် ၁ ပါး ပျံလွန်တော်မူ၊ ပိုးတွေ့လူနာ ၁၀ ဦးထပ်တိုး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်အတည်ပြု သံဃာတော်တစ်ပါး ဒီကနေ့ ဇန်နဝါရီလ ၂၆ နံနက် ၁၁ နာရီအချိန်က ပျံလွန်တော်မူခဲ့တယ်လို့ မုံရွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူကပြောပါတယ်။ အဲဒီသေဆုံးသူဟာ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောတယ်ဆိုပြီး ဇန်နဝါရီလ ၂၄ ရက်နေ့က မုံရွာမြို့ပြည်သူ့ဆေးရုံမှာ...
Read More

မုံရွာမြို့သို့ ကိုဗစ်ကာကွယ်ဆေးများ ရောက်ရှိ

ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးဖို့အတွက် ဒီကနေ့ နေ့လည်ပိုင်းက လေကြောင်းလိုင်းကနေ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့ ရောက်ရှိလာပြီဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောပါတယ်။ အခုလက်ရှိရောက်ရှိလာတဲ့ကိုဗစ်ကာကွယ်ဆေးတွေကို ပထမဦးစားပေးအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေနှင့် Volunteer တွေကို ထိုးနှံပေးသွားမှာဖြစ်ပါတယ်။ “ဒီနေ့ပဲ ကိုဗစ်ကာကွယ်ဆေးတွေရောက်ပါပြီ။ ဘယ်လောက်ရောက်တယ်ဆိုတာကတော့ အတိအကျမသိဘူး။ ပထမဦးဆုံး...
Read More

ကလေးတွင် ကိုဗစ်အတည်ပြုလူနာတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးလူနာ ၁၁ ဦးအထိရှိလာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ တိုင်းရင်းဆေးရုံမှာ ဆေးကုသမှုပေးနေတဲ့ ကိုဗစ်အတည်ပြု အမျိုးသမီးတစ်ဦး ဇန်နဝါရီလ ၂၆ ရက်နေ့ မနက် ၂ နာရီခွဲအချိန်က သေဆုံးခဲ့တယ်လို့ ကလေးမြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူက ပြောပါတယ်။ သေဆုံးလူနာဟာ အသက် ၂၆ နှစ် အရွယ်...
Read More

ပိုးတွေ့လူနာများပြားလာတဲ့ မြင်းမူမြို့နယ်၊ ကြော့မင်းကျေးရွာကို Stay At Home သတ်မှတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ကြော့မင်းကျေးရွာတွင် ကိုဗစ်ပိုးတွေ့လူနာ များ ပြားလာသဖြင့် ဇန်နဝါရီလ (၂၄) ရက်နေ့မှ စတင်၍ (၁၄) ရက်ကြာ Stay At Home သတ်မှတ်ထားတယ်လို့ မြင်းမူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးထံမှ သိရသည်။ မြင်းမူမြို့နယ်၊...
Read More

နီးသလိုလိုနဲ့ ဝေးနေသေးတဲ့ လက်ပံတောင်းတောင် မြေယာလျော်ကြေး

ကမ္ဘာကျော်လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် ဒေသခံတွေရဲ့ ဘိုးဘွားပိုင်လယ်ယာမြေဧက ၅ ထောင်နဲ့အထက် သိမ်းဆည်းခံခဲ့ရပြီး စီမံကိန်းအနီးက တောင်သူမြောက်များစွာ လယ်မဲ့ယာမဲ့ဘဝကို ရောက်ရှိခဲ့ကြရပါတယ်။ စီမံကိန်းစတင်စဉ်ကတည်းက တောင်သူအများစုကတော့ မြေယာလျော်ကြေးရယူတာ၊ စီမံကိန်းနဲ့ မလွတ်ကင်းတဲ့ နေအိမ်အဆောက်အဦးတွေ ပြောင်းရွှေ့ဖယ်ရှားပေးတာတွေလည်း ရှိခဲ့ပါတယ်။ သို့သော်လည်း တောင်သူတချို့ကတော့ စီမံကိန်းကြောင့် ဆုံးရှုံးနစ်နာမှုတွေအတွက်...
Read More

ကန့်ဘလူမြို့နယ်တွင် တစ်ရက်ထဲ လူ ၃၀ ကျော် စံချိန်တင် ပိုးတွေ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်မှာ ဒီကနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့တစ်ရက်ထဲ ကိုဗစ်ပိုးတွေ့သူ စံချိန်တင်ကာ ပိုးတွေ့လူနာ ၃၇ ယောက်ရှိခဲ့ပါတယ်။ အဲဒီပိုးတွေ့လူနာတွေက ပြီးခဲ့တဲ့ ၂၁ ရက်နေ့ မန္တလေးကို ပေးပို့စစ်ဆေးခဲ့တဲ့ လူ ၁၀၀ ကျော်ထဲက ဒီကနေ့ အဖြေထွက်ချက်အရ...
Read More

မုံရွာမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ များပြားလာသဖြင့် နေအိမ် တစ်ချို့ အသွားအလာကန့်သတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ပိုးတွေ့လူနာ များပြားတဲ့အတွက် ပိုးတွေ့နေအိမ်တစ်ချို့ကို ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းကစတင်ကာ အသွားအလာ ကန့်သတ်လိုက်တယ်လို့ မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ မုံရွာမြို့တွင် ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ တစ်ရက်ထဲမှာ ညနေပိုင်းအထိ...
Read More

ကောလင်းမြို့မှာ KNU – N.D.A ထာဝရငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူထံမှ ရွှေပါဝင်သည်ဟုယူဆရတဲ့ မြေစာအိတ်များနဲ့ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ မြောက်အင်းရပ်ကွက်၊ အောင်သီရိရပ် ၂ လမ်းရှိ နေအိမ်တစ်အိမ်ကို ဇန်နဝါရီလ ၂၃ ရက်နေ့က မူးယစ်ဆေးဝါးအပါဝင် တရားမဝင် ရွှေချက်ကန်ပြုလုပ်နေ‌တယ်လို့ သတင်းရရှိတဲ့အတွက် ဝင်ရောက်စစ်ဆေးရာမှာ ရွှေပါဝင်တယ်လို့ယူဆရတဲ့ မြေစာအိတ်တွေနဲ့အတူ လက်နက်ခဲယမ်းတွေကို သက်ဆိုင်ရာပူးပေါင်းအဖွဲ့က ရှာဖွေ ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီနေရာကို...
Read More

ချင်းတွင်းမြစ်အတွင်း ကုန်တင်ရေယာဉ်တစ်စီး တိမ်းမှောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ရှားတောကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း ကုန်တင်ရေယာဉ်တစ်စီး ဒီကနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက် ၁၁ နာရီအချိန်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။ မုံရွာမြို့ကနေ ထွက်ခွာလာတဲ့ မျိုးသူဇော်အမည်ရှိ ကုန်တင်ရေယာဉ်က မင်းကင်းမြို့နယ် ရှားတောကျေးရွာအနီးမှာ ကျောက်ဆောင်စွယ်နဲ့ပွတ်ပြီး တိမ်းမှောက်ခဲ့တာပါ။ “ဒီနေ့...
Read More
error: Content is protected !!