အာဏာသိမ်းစစ်တပ်သုံးတဲ့ ဆေးမှီးတို ကုသနည်းနဲ့ ပြည်သူလူထုရဲ့ ဘ၀
အရိုးပြိုင်းပြိုင်းကျနေတဲ့ လမ်းမကြီးဘေးတလျှောက်က တမာပင်တန်းတွေနဲ့ အပြိုင် ဆိုင်ကယ်တွေ၊ သုံးဘီးဆိုင်ကယ်တွေ အစီအရီ စီတန်းလျှက် ရှိနေပါတယ်။ ရှေ့၊နောက် တန်းစီပြီး ရပ်နေကြတဲ့ ဆိုင်ကယ်အတန်းကြီးတွေမှာ လူငယ်အမျိုးသားအနည်းငယ်ကလွဲပြီး အများစုကသက်ကြီးပိုင်း အမျိုးသားတွေနဲ့ အမျိုးသမီးတွေက ကိုယ့်ဆိုင်ကယ် ကိုဒေါက်ကလေးတွေထောက်ထားပြီး ဆိုင်ကယ်ရဲ့ ဘေးမှာရပ်နေကြတာပါ။ သုံးဘီးဆိုင်ကယ်ပိုင်ရှင်တွေထဲမှာလည်း... Read More
စစ်ကိုင်းတိုင်းမှာ စက်သုံးဆီတွေ ပြတ်လပ်ပြီး စျေးနှုန်းများမြင့်တက်
စစ်ကိုင်းတိုင်းထဲက မြို့ပြနဲ့ကျေးလက်ဒေသတွေမှာ မတ်လ ၄ ရက်နေ့ကစလို့ စက်သုံးဆီတွေ ပြတ်လပ်နေပြီး စျေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ စက်သုံးဆီအရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။ အချို့မြို့ပြဒေသတွေမှာ စက်သုံးဆီကို ခွဲတမ်းနဲ့ ဝယ်ယူနေကြရပြီး ရက်ကြာလာတာနဲ့အမျှ ပြတ်လပ်ကုန်တော့မှာဖြစ်ကာ ရေရှည်အခက်ခဲတွေ ဖြစ်ပေါ်လာကြမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။ “မြို့ပြတောင်... Read More
ပုလဲမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တရက်ထဲ အရပ်သား ၇ ဦးထက်မနည်း သေဆုံး
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က နေရာအချို့ကို စစ်ကော်မရှင်တပ်က မတ်လ ၄ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် တရက်အတွင်း အရပ်သား ၇ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပုလဲမြို့နယ် မြောက်ပိတောက်ကုန်းရွာကို မတ်လ ၄ ရက်နေ့က... Read More
ပုလဲမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦး သေဆုံး
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မြောက်ပိတောက်ကုန်းရွာကို စစ်ကော်မရှင်တပ်က ဒီကနေ့ မတ်လ ၄ ရက် နေ့လည်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လေဖြတ်ထားတဲ့ အမျိုးသမီးတစ်ဦးနဲ့ အသက် ၇၀ အရွယ်ရှိ အမျိုးသားတစ်ဦးတို့... Read More
မုံရွာမှာ စက်သုံးဆီဆိုင်တချို့ ပိတ်ထား၊ဖွင့်တဲ့ဆိုင်တွေမှာလည်းအကန့်အသတ်နဲ့သာ ရောင်းချပေး
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ မတ်လ၄ ရက် မနက်ပိုင်းကစပြီး စက်သုံးဆီဆိုင်တချို့ပိတ်ထားပြီးဖွင့်တဲ့ဆီဆိုင်တွေမှာ တန်း၊စီ၊တိုး ၀ယ်ယူနေရတယ်လို့ မြို့ခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ “မနေ့က ညနေအထိ ပုံမှန်ပဲ၊ဒီနေ့မနက်ပိုင်း မှဆိုင်တွေပိတ်ကုန်တာဖွင့်တဲ့ဆိုင်တွေကြလည်းတန်းစီ၀ယ်ရတာ၊ဈေးကတော့ မတက်ဘူး” လို့မုံရွာမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ မုံရွာမြို့ပေါ်က ဆီဆိုင်ကြီးတချို့ ပိတ်ထားသလို့ ဖွင့်လှစ်ရောင်းချတဲ့... Read More
စုံ/မခွဲ တစ်ရက်ခြားကားမောင်းရမယ့် စစ်ခေါင်းဆောင်တွေရဲ့ ရွှေညဏ်တော်ဆူးရောက် စီမံခန့်ခွဲမှု
ရေးသား – ဂနွဝင်ကိုကို ကဲ…တော်လှန်သူရော မတော်လှန်သူ ပြည်သူအပေါင်းတို့ရေ ကျွန်တော်တို့ရဲ့ ဉာဏ်ကြီးရှင် စစ်ခေါင်းဆောင်းဆိုသူတွေဆီကနေ ကမ္ဘာ့အဆင့်မီ ဆင်ခြေတစ်ခုနဲ့ နောက်ထပ် မဟာဗျူဟာမြောက် စီမံကိန်းကြီးတစ်ခု ထွက်လာပြန်ပါပြီ။ အရှေ့အလယ်ပိုင်းမှာ စစ်ဖြစ်နေလို့ စက်သုံးဆီဝယ်ဖို့ ခက်သွားတယ်တဲ့ဗျာ။ ဒါကြောင့် ကားတွေကို “စုံ”... Read More
၅ဝ(ည)၊ ပုဒ်မ ၅၂(က)နဲ့ ပြစ်ဒဏ်ကျခံရသူ ၇၃၃၇ ဦး လွတ်ငြိမ်းခွင့်ပေးမယ်လို့ စစ်ကော်မရှင်ထုတ်ပြန်
၅ဝ(ည)နဲ့ ပုဒ်မ ၅၂(က)နဲ့ ပြစ်ဒဏ်ကျခံရသူ ၇၃၃၇ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး အဲ့ဒီပုဒ်မတွေနဲ့ ကြားနာဆဲအမှုတွေကိုလည်း ပိတ်သိမ်းသွားမယ်လို့ စစ်ကော်မရှင်က ဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတချို့ ဒီကနေ့မနက်မှာပြန်လည်လွတ်မြောက်လာမယ်ဆိုတဲ့သတင်းကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။... Read More
ပုလဲမြို့နယ် ချင်ပြစ်ရွာအနီးတဝိုက်ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်
စစ်ကိုင်းတိိုင်း ပုလဲမြို့နယ် ချင်ပြစ်ရွာအနီးတစ်ဝိုက်ကို စစ်ကော်မရှင်တပ်က ဒီကနေ့ မတ်လ ၁ ရက်နေ့ တနေကုန်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်တပ်က ပုလဲမြို့နယ် ချင်ပြစ်ရွာအနီးတစ်ဝိုက်ကို ဂျက်ဖိုက်တာ ၊ ပါရာမိုတာ ၊ Y-12 စတာတွေ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ “ဒီနေ့ကတော့... Read More
ပုလဲမြို့နယ် ချင်ပြစ်ရွာအနီးတိုက်ပွဲဖြစ် ၊ စစ်တပ်က လေကြောင်းတိုက်ခိုက်
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ချင်ပြစ်ရွာအနီးမှာ ဒီကနေ့ ဖေဖော်ဝါရီလ ၂၈ ရက် ညနေပိုင်းက စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ထိတွေ့တိုက်ပွဲဖြစ်တာရှိခဲ့ပြီးနောက် စစ်ကော်မရှင်တပ်ဘက်က လေယာဉ်နဲ့ ပစ်ကူပေးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူအချို့က ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ အင်အားရာနဲ့ချီအသုံးပြုပြီး ပုလဲမြို့နယ် ချင်ပြစ်ရွာကို ယာယီအထိုင်ချနေခဲ့တာဟာ... Read More









