စစ်မှုထမ်းအတွက် အဓမ္မပေါ်တာဆွဲဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်သားတစ်ဦး အလင်း၀င်လာတယ်လို့ မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်း ၊တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲ က မတ်လ (၁၂)ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မတ်လ (၂)ရက်နေ့က မုံရွာခရိုင် အမှတ် (၁၂)တပ် ရင်း ၊ တပ်ခွဲ(၃) ၊ လျှပ်စီးတပ်ခွဲ ထံကို အလင်း၀င်လာတာဖြစ်တယ်လို့ သိရပါတယ်။
လျှပ်စီးတပ်ခွဲထံ အလင်း၀င်လာသူဟာ တံတားဦး မြို့နယ်ကနေ မန္တလေးမြို့ကို အသွားအာဏာသိမ်းစစ်တပ်ရဲ့ အဓမ္မဖမ်းဆီးခံခဲ့ရပြီးပြည်သူ့စစ် သင်တန်း အပတ်စဉ်(၁၇)ကို တက်ရောက်ခဲ့ရသူဖြစ်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
ရှမ်းပြည်နယ် ဟိုပုံးမြို့မှာ ၂၀၂၅ ခုနှစ် စက်တင် ဘာလကစပြီး ပြည်သူ့စစ်မှုထမ်း သင်တန်းတက်ရောက်ခဲ့ရပြီးနောက် မန္တလေးတောင်ခြေမှာရှိတဲ့ စစ်ကောင်စီရဲ့ BE တပ်ကို ပြန်လည်ရောက်ရှိလာချိန် မုံရွာလျှပ်စီးတပ်ခွဲနဲ့ ချိတ်ဆက်ပြီး အလင်း၀င်လာတာဖြစ်တယ်လို့ သိရပါတယ်။






