Home > သတင်း > ဒေသတွင်းသတင်း > ယင်းမာပင်မြို့အနီး စစ်ကော်မရှင်တပ် ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်

ယင်းမာပင်မြို့အနီး စစ်ကော်မရှင်တပ် ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့အနီးကို စစ်ကော်မရှင်တပ်က မတ်လ ၁၅ ရက်နေ့ ည ၇ နာရီကျော်မှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အားရာချီပါ စစ်ကော်မရှင်စစ်ကြောင်းဟာ ယင်းမာပင်မြို့ကနေ မြို့ပေါ်ရွာနဲ့ ပြောင်းပြာရွာထဲကို တပ်စွဲနေတာဟာ ၄ ရက်ရှိသွားပြီလို့ ​ဒေသခံတွေက ပြောပါတယ်။

“ဒီညပဲ ဂျက်ဖိုက်တာ ဗုံးကြဲသွားတာ။ ဘာတွေဖြစ်သွား​သေးလည်းဆိုတာတော့ အသေးစိတ်မသိရသေးဘူး။ စစ်​ကြောင်းကလည်း ရွာတွေထဲမှာရှိနေသေးတယ် ” လို့ ယင်းမာပင်မြို့အနီးနားမှာနေထိုင်တဲ့ ဒေသခံတစ်ဉီးက​ ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ မတ်လ ပထမအပတ်ကစလို့ ယင်းမာပင်မြို့နယ်ထဲက နေရာအချို့ကို စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ အခုရက်ပိုင်း စစ်ကိုင်းတိုင်းထဲက မြို့နယ်အချို့ကို လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေတာကြောင့်အရပ်သား ထိခိုက်သေဆုံးမှုတွေ မြင့်တက်လာနေတာပါ။

ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက မြို့နယ်အချို့ကို စစ်ကော်မရှင်တပ်က မြေပြင်ထိုးစစ်တွေ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

error: Content is protected !!