လက်ပံတောင်းအရေးဆောင်ရွက်သူ ဇီးတောဆရာတော်ကျောင်းကို စစ်ကောင်စီအကြမ်းဖက်တပ်တွေ ဝင်ရောက်ဖျက်ဆီး
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ၊ ဇီးတောရွာသစ်ရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီအကြမ်းဖက်တပ်တွေက စက်တင်ဘာလ ၂၁ ရက်နေ့ မနက်အစောပိုင်းမှာ ဝင်ရောင်ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။ အခုလို ဝင်ရောက်ဖျက်ဆီးတာက ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း။ပထမအကြိမ် လာရောက်ခဲ့သေးတယ်လို့ သိရပါတယ်။ “ဘာကြောင့်လာတာလည်း... Read More
မုံရွာက ယာဉ်ထိန်းရဲတဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း MPDF ကြေငြာ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပြည်ထောင်စုလမ်းနှင့် မြို့ပတ်လမ်းထောင့် မီးပွိုင့်မှာ တာဝန်ကျနေတဲ့ ယာဉ်ထိန်းရဲတဦးကို စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လည်ပိုင်းက သုတ်သင်ရှင်းလင်းခဲ့တယ်လို့ မုံရွာ PDF မြို့ပြပြောက်ကျားအဖွဲ့က ကြေငြာပါတယ်။ အဆိုပါယာဉ်ထိန်းရဲကို သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပြီး သေနတ်ပစ်ခံရတဲ့ ယာဉ်ထိန်းရဲကတော့ သေဆုံးသွားပြီလို့... Read More
မုံရွာတွင် ယာဉ်ထိန်းရဲတဦး သေနတ်နဲ့ ပစ်ခံရ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပြည်ထောင်စုလမ်းနှင့် မြို့ပတ်လမ်းထောင့်ရှိ မီးပွိုင့်တွင် တာဝန်ကျ ယာဉ်ထိန်းရဲတဦး စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လည်ပိုင်းက သေနတ်နဲ့ ပစ်ခံရတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။ ဘယ်သူတွေက ဘာကြောင့် ပစ်သွားတယ်ဆိုတာ မသိရသေးသလို သေနတ်ပစ်ခံရတဲ့ ယာဉ်ထိန်းရဲ သေဆုံးမှုရှိမရှိဆိုတာတော့... Read More
ကောလင်းတွင် ပြည်သူတစ်ယောက်ကို ပစ်သတ်လို့ ရဲစခန်းကို ဝိုင်းဝန်းပိတ်ဆို့ထား
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် မတ်လ ၁၆ ရက်နေ့ နေ့လည်ပိုင်းက ရဲကနေ အကြမ်းဖက် ပစ်ခတ်ခဲ့လို့ ပြည်သူတစ်ယောက် သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။ ဒီအတွက် ပြည်သူအင်အား ရာထောင်ချီကာရဲစခန်းကို သွားရောက်ကာ ဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “အခုညနေ ၄ နာရီခွဲအထိတော့... Read More
သန်းခေါင်ထက်ညဉ့်နက်စရာမရှိတော့ဘဲ တိုင်းပြည်နှင့် လူမျိုးအတွက် လုပ်စရာရှိတာ ဆက်လက်လုပ်ဆောင်သွားမယ်လို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ပြောကြား
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုူးကြီးမင်းအောင်လှိုင်ကနေ နိုင်ငံတော်ရဲ့ အာဏာကို ရယူခဲ့သလို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းနှင့် ပြည်နယ်အားလုံးက အစိုးရအဖွဲ့တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေနှင့် လွှတ်တော်ကိုယ်စားလှယ်တွေကို ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းတွေမှာ ဖမ်းဆီးထိမ်းသိမ်းခဲ့တာပါ။ ဒီမနက်ပိုင်းမှာတော့ တိုင်းနှင့်ပြည်နယ်တွေက... Read More
ဟားခါးတွင် ထမင်းပေါင်းအိုးအပူလွန်ကဲရာက မီးလောင်ပြီး လူ ၆ ဦးသေဆုံး
ချင်းပြည်နယ်၊ ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်မှာ ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက်ပိုင်းက လူနေအိမ်ခြေ ၂ လုံးမီးလောင်ပြီး လူ ၆ ဦးသေဆုံးခဲ့ပါတယ်။ စျေးသစ်ရပ်ကွက်မှာ နေထိုင်တဲ့ အိမ်ရှင်ဦးဟရန်ကျူံးရဲ့နေအိမ်မှာ လျှပ်စစ်ထမင်းပေါင်းအိုးတည်ထားရာကနေ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ “ဒီနေ့ မနက်... Read More
ဖမ်းဆီးခံခဲ့ရတဲ့ နာဂဒေသဦးစီးဥက္ကဌအပါအဝင် ကိုယ်စားလှယ်တို့ လွတ်မြောက်လာ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နာဂဦးစီးအဖွဲ့ဥက္ကဌ ဦးကေဆိုင်း၊ နန်းယွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်နှင့် နန်းယွန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အလုပ်အမှုဆောင် ၄ ဦးတို့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။ “ကိုစိမ်းမောင်နဲ့ ပါတီ EC ၄ ဦးတို့ကို နန်းယွန်း... Read More
ဖလမ်းတွင် ဆရာဝန်မောင်းနှင်လာသည့် အိမ်စီးကား ချောက်ထဲထိုးကျ တိမ်းမှောက်ပြီး ထိခိုက်ဒဏ်ရာရ
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့မှာ ဒီကနေ့ ညနေပိုင်းက ဆရာဝန်ုတစ်ဦးမောင်းနှင်လာတဲ့ အိမ်စီးကားတစ်စီး ပေ ၃၀၀ ခန့်ရှိ ချောက်ထဲထိုးကျ တိမ်းမှောက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖလမ်းခရိုင်မီးသတ်ဦးစီးဌာနက တာဝန်ရှိသူကပြောပါတယ်။ ဖြစ်စဉ်မှာ ဖလမ်းမြို့မှ ဟားခါးမြို့သို့ မောင်းနှင်လာတဲ့ RAV-4 အိမ်စီးကား လေးဘီးအဖြူရောင်ယာဉ်က... Read More
သင်္ချိုင်းမြေကျူးကျော်လို့ဆိုပြီး နေအိမ်တစ်လုံးကို ရွာသားတွေဝိုင်းဝန်းဖျက်ဆီး
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ချင်းတွင်းမြစ်ကူးတံတား(ခန္တီး)အောက်ဖက်ရှိ၊ ဆင်သေကျေးရွာအုပ်စု၊ နန်မုံကျေးရွာရှိ သင်္ချိုင်းမြေအတွင်းမှာ ဝင်ရောက်ကျူးကျော်နေထိုင်လို့ဆိုပြီး နေအိမ်တစ်လုံးကို ရွာသားတွေက ဇန်နဝါရီလ ၃၀ ရက်နေ့မှာ သွားရောက်ဖျက်ဆီးခဲ့ကြပါတယ်။ “ကျွန်တော်တို့ရွာက သင်္ချိုင်းမြေဖြစ်တယ်။ အခုဟာက ကျွန်တော်တို့ရွာ စတည်လာခဲ့ကတည်းကမြေဖြစ်တယ်။ ဒီမြေက ၁၉၆၆ ခုနှစ်ကတည်းက ကျွန်တော်တို့... Read More