Home > သတင်း > စစ်ရေး > စစ်ရေး > အမ်းမြို့နယ်က စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရ

အမ်းမြို့နယ်က စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရ

အာရက္ခပြည်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသက စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်တပ်က မတ်လ ၈ရက်နေ့မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိကာ အရပ်သားသုံ့ပန်းအချို့လည်း သေဆုံးဒဏ်ရာရတာရှိတယ်လို့ AA Info desk က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်တပ်ဟာ မတ်လ ၈ရက် နေ့လည် ၁၁နာရီ ၂ မိနစ်မှ မွန်းလွဲ ၂ နာရီ ၂၈ မိနစ် အချိန်အထိ သုံးနာရီခွဲခန့်ကြာအောင် ဂျက်ဖိုက်တာ ၄ စီး နဲ့ Y-12 ၄ စီးကိုအသုံးပြုပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကို မရပ်မနား ဆက်တိုက်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လတ်တလောစာရင်းတွေမှာ ဖော်ပြထားတဲ့ သေဆုံးဒဏ်ရာရသူတွေအပြင် ပြင်းထန်၊ အလတ်စား၊ အသေးစားဒဏ်ရာရရှိသူတွေလည်း မြောက်မြားစွာရှိနေသေးပြီး အရပ်သားထဲက ပြစ်ဒဏ်ကျခံနေရသူအချို့လည်း ယခုဖြစ်စဉ်မှာသေဆုံး၊ ဒဏ်ရာရတာတွေရှိတယ်လို့ ဆိုပါတယ်။

ယခုဖြစ်စဉ်ဟာ အာရက္ခဒေသအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်စစ်သုံ့ပန်းတွေ အသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ပြီး စစ်ဘက်အရာရှိကြီးများစွာလည်း ပွဲချင်းပြီးသေဆုံးခဲ့ကြတယ်လို့ AAရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိမှာ စစ်သုံ့ပန်းအလောင်းအချို့ဟာ မည်သူမည်ဝါမှန်း စစ်ဆေးရန်ခက်ခဲခြင်း၊ ခန္ဓာအစများ တစ်စမှ မရရှိသော ပျောက်ဆုံးအလောင်းများလည်း ရှိနေသေးတာကြောင့် အသေးစိတ် အချက်အလက်တွေကို စစ်ဆေးပြီးချိန်မှာ ဆက်လက်တင်ပြပေးသွားမယ်လို့ ဆိုပါတယ်။

error: Content is protected !!