မုံရွာက စစ်တပ်ရွေးကောက်ပွဲမှာ မဲစာရင်း အမှား အများအပြား ရှိနေဟုဆို
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ စစ်တပ်က ဖိအားပေးခြိမ်းခြောက်နေတဲ့အတွက် မဲစာရင်းသွားကြည့်ရာမှာ မဲစာရင်းအမှားတွေ အများအပြား တွေ့ရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က တာ၀န်ခံပြီးပြုလုပ်မယ့် ၂၀၂၅ ရွေးကောက်ပွဲ အတွက် စစ်သားတွေက ပြည်သူလူထုကို မဲစာရင်းနံပါတ်မေးပြီး မပြောနိုင်ရင် ဆဲ၊ဆို၊ရိုက်၊နှက်တာတွေ ပြုလုပ်နေတဲ့အတွက် မုံရွာမြို့ခံ... Read More
ချင်းပြည်၊ ဟားခါးမြို့မှာလည်း ရွေးကောက်ပွဲနေ့ အပြင်ထွက်သူမရှိ
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကျင်းပမယ်လို့ ထုတ်ပြန်ထားတဲ့ ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပြည်သူတွေဟာ လမ်းမကို မထွက်ကြတာကြောင့် တိတ်ဆိတ်ခြောက်ကပ်နေတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။ ရွေးကောက်ပွဲနေ့မှာ ပြည်သူတွေ အိမ်ထဲကအိမ်ပြင်မထွက်ကြဘဲ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF... Read More
ကလေးမြို့ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ ပြည်သူတွေ ပါဝင်ခြင်းမရှိ
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ ကျင်းပတဲ့ ရွေးကောက်ပွဲကို ပြည်သူတွေ ပူးပေါင်းပါဝင်းခြင်းမရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ကလေးမြို့ ဗိုလ်ချုပ်လမ်းမကြီးအပါအဝင် တစ်မြို့လုံးနီးပါး လူတွေလမ်းပေါ်မထွက်ကြဘဲ မြို့မှာ တိတ်ဆိတ်ခြောက်ကပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ကလေးမြို့မှာ ရပ်ကွက်ပေါင်း... Read More
ယောဒေသ၊ဂန့်ဂေါမြို့ပေါ် ရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်၊ စစ်တပ်အဖွဲ့ဝင်တွေ ထိခိုက်မှုရှိ
မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့လယ်က စစ်တပ်အဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့တွေက ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဂန့်ဂေါမြို့ခံတွေဆီကနေ သိရပါတယ်။ “အသံအကျယ်ကြီးကို ပေါက်ကွဲသွားတာ။ စခန်းထဲမှာ ဗုံးပေါက်ကွဲပြီးတော့... Read More
လူ့အခွင့်အရေးနေ့မှာ စစ်တပ်က မြောက်ဦးပြည်သူ့ဆေးရုံကြီးကို လေကြောင်းတိုက်ခိုက်
အာရက္ခပြည်၊ မြောက်ဦးမြိုက ပြည်သူ့ဆေးရုံကြီးကို လူ့အခွင့်အရေးနေ့မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။ ပြည်သူ့ဆေးရုံကြီးကို စစ်တပ်က လေကြောင်းကနေ တမင်တကာ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ရာဇဝတ်မှုနဲ့ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချတယ်လိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆားလင်းကြီးမြို့နယ် နဲ့ ရေစကြိုမြို့နယ်ထဲက ကျေးရွာတွေလည်း အသံတိတ်သပိတ်မှာပါဝင်
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် နဲ့ ရေစကြိုမြို့နယ်ထဲက ကျေးရွာတွေလည်း အသံတိတ်သပိတ်ကို ပါဝင်ခဲ့ကြပါတယ်။ ဓာတ်ပုံ-ပေးပို့
ကျောက်ပန်းတောင်းလည်း အသံတိတ်သပိတ်မှာ ပါဝင်
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်ဟာလည်း ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ်သပိတ်မှာ ပါဝင်ခဲ့ကြပါတယ်။ Photo- GCBS
ဝက်လက်မှာ အသံတိတ်သပိတ်ပြုလုပ်
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ်သပိတ်ပြုလုပ်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြပါတယ်။ Photo- GCBS
ချင်းပြည်နယ်၊ တီးတိန်မြို့က အသံတိတ်သပိတ်မြင်ကွင်း
ချင်းပြည်နယ်မြောက်ပိုင်းက အာဏာသိမ်းစစ်တပ်တည်ရှိတဲ့ တီးတိန်မြို့ပေါ်မှာလည်း အသံတိတ်သပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။









