တောင်ယာမီးကြောင့် လူ ၄ ဦးသေဆုံးခဲ့လို့ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် မီးရှို့သူ ၃ ဦးကို အမှုဖွင့်
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက အိန္ဒိယနယ်စပ်ကနေ ဆန်ဝယ်ပြန်လာသူ ၄ ဦး တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးမှုဖြစ်ပေါ်ခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတောင်ယာမီးရှို့ခဲ့သူ ၃ ဦးကို အမှုဖွင့်အရေးယူထားတယ်လို့ လဟယ်မြို့နယ်ရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။ လက်ရှိအချိန်က တောင်တန်းဒေသတွေမှာ တောင်ယာစိုက်ပျိုးဖို့အတွက်... Read More
လဟယ်မြို့နယ်တွင် လူ ၄ ဦး တောင်ယာတောမီးလောင်သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက အိန္ဒိယနယ်စပ်ကနေ ဆန်ဝယ်ပြန်လာသူ ၄ ဦး တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးခဲ့တယ်လို့ လဟယ်မြို့နယ် မီးသတ်ဦးစီးဌာနက တာဝန်ရှိသူကပြောပါတယ်။ အဲဒီနေ့က လဟယ်မြို့နယ် ထန်ခေါ်လန်မကျေးရွာနေ အမျိုးသမီး ၃ ဦးနှင့်... Read More
မတူပီမြို့နယ်တွင် SKAT ကားတစ်စီး ချောက်ထဲပြုတ်ကျကာ ယာဉ်မောင်းသေဆုံး
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့ မနက် ၆ နာရီအချိန်က SKAT ကားတစ်စီး ချောက်ထဲပြုတ်ကျတိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းတစ်ဦးသေဆုံးခဲ့တယ်လို့ မတူပီခရိုင်မီးသတ်ဦးစီးဌာနက တာဝန်ရှိသူကပြောပါတယ်။ မတူပီမြို့နဲ့ ၁၅ မိုင်အကွာ မတူပီမြို့နယ် ဆဘောင်းတယ်ကျေးရွာကနေ မတူပီမြို့သို့ ယာဉ်မောင်း... Read More
လေရှီးမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေး ချို့ယွင်းချက်တစ်ချို့ကြောင့် မထိုးနှံနိုင်သေး
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းက ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေး ချို့ယွင်းချက်တစ်ချို့ကြောင့် ထိုးနှံပေးမှုမရှိသေးဘူးလို့ လေရှီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူကပြောပါတယ်။ လေရှီးမြိုနယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကိုဗစ်ကာကွယ်ဆေးကို ဟုမ္မလင်းမြို့ထိ လေကြောင်းလိုင်းနဲ့ ရောက်ရှိလာပြီး ဟုမ္မလင်းကတစ်ဆင့် လေရှီးမြို့ကို ကားနဲ့ သယ်ဆောင်ခဲ့တာပါ။ “ကိုဗစ်ကာကွယ်ဆေးက မထိုးနှံရသေးဘူးဗျ။... Read More
ကသာမြို့နယ်အတွင်းက အသေးစားနှင့် လက်လုပ်လက်စား ရွှေလုပ်ကွက်တွေကြောင့် ရွှေလီမြစ်ညစ်ညမ်းမှုဖြစ်ပေါ်နေလို့ အရေးယူပေးဖို့တင်ပြထား
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ အင်းကြီးကျေးရွာအနီးတွင် တူးဖော်နေတဲ့ အသေးစားနှင့် လက်လုပ်လက်စားရွှေလုပ်ကွက်တွေကနေ စွန့်ပစ်မျောြမီးတွေကို ရွှေလီမြစ်အတွင်း တိုက်ရိုက်ပစ်ချနေတဲ့အတွက် ရွှေလီမြစ်ညစ်ညမ်းမှုဖြစ်ပေါ်နေတာကြောင့် အစိုးရအနေနဲ့ အရေးယူပေးဖို့ တင်ပြထားတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက သိရပါတယ်။ အင်းကြီးဒေသတွင် တိုင်းအစိုးရရဲ့ ခွင့်ပြုချက်နဲ့ လက်လုပ်လက်စားလုပ်ကွက် ၇ ကွက်၊... Read More
ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု ထိန်းသိမ်းနိုင်ဖို့ ချိန်းဆောနှင့် ဘက်ဟိုးတွေကို ဒေသန္တရအမိန့်ထုတ်ပြန်ထိန်းချုပ်မည်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ဌာနစုံပါဝင်တဲ့ တိုင်းအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီရဲ့ ၈ ကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့က တိုင်းအစိုးရရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ တက်ရောက်လာကြတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေက ကဏ္ဍအလိုက်တာဝန်ယူထားတဲ့အပိုင်းတွေကို ရှင်းလင်းတင်ပြခဲ့ကြပြီး တရားမဝင်သစ်ခိုးထုတ်မှုနှင့် တရားမဝင်သတ္တုတူးဖော်မှုတွေကို ဖြစ်စေတဲ့... Read More
ကလေးဝမြို့အနီးတွင် ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး လူတစ်ဦးသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့၊ သရက်ချောင်းတံတားအနီးမှာ ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေပိုင်းက ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး လူ ၁ ဦးသေဆုံးခဲ့တယ်လို့ ကလေးဝမြို့နယ် မီးသတ်ဦးစီးဌာနက တာဝန်ရှိသူကပြောပါတယ်။ တိမ်းမှောက်တဲ့ကားက ကလေးဝ-ခင်ဦး မိုင် ၁၀၀ ကနေ စပါးအိတ်တွေတင်ဆောင်လာတဲ့ ကုန်တင်... Read More
မုံရွာမြို့သို့ ဆောင်းခိုငှက်ဝင်ရောက်မှု ၄ နှစ်အတွင်း သိသိသာသာ လျော့နည်းလာ
စစ်ကိုင်တိုင်းဒေသကြီး၊ မုံရွာမြို့မှာ အခုလို ဆောင်းရာသီချိန်ဆို မြို့ပေါ်က အင်းတွေမှာ ဆောင်းခိုငှက် အများပြားမြင်တွေ့ရလေ့ရှိတဲ့ ညောင်ကိုင်းအင်းမှာတော့ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်တွေ ယိုယွင်းစပြုလာတာနဲ့ ငှက်ဖမ်းဆီးသူတချို့ရှိနေတာတွေကြောင့် ၄ နှစ်အတွင်း ဆောင်းခိုငှက် ဆင်းသက်နားခိုတာတွေ တဖြည်းဖြည်းနည်းပါးလာတယ်လို့ သိရပါတယ်။ ညောင်ကိုင်းအင်းအနေနဲ့ ရေဝင်ရေလွှဲစနစ်မှန်ကန်မှုမရှိတာ၊ လူနေအိမ်ခြေ... Read More
ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေးထိုးရာတွင် မုံရွာအခြေစိုက် သတင်းထောက်တွေ သတင်းရယူခွင့်မရတဲ့အပြင် သတင်းပါရင်လည်း ကန့်ကွက်မယ်လို့ ပြောဆိုခြိမ်းခြောက်ခံရ
မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးကို ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ပြည်နယ်နှင့် တိုင်းအလိုက် ကျန်းမာရေးဝန်ထမ်းတွေကို ပထမဦးစားပေးအနေနဲ့ စတင်ထိုးပေးနေပြီဖြစ်ပါတယ်။ ကာကွယ်ဆေးကို သက်ဆိုင်ရာမြို့နယ် ပြည်သူ့ကျန်းမာနှင့် မြို့နယ်ဆေးရုံကြီးတွေမှာ စုထိုးနေတာဖြစ်ပါတယ်။ မုံရွာမြို့မှာလည်း မုံရွာကုတင် ၅၀၀ ဆံ့ဆေးရုံကြီးနှင့် စစ်ကိုင်းတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတို့မှာ ထိုးနှံပေးနေတာပါ။ အဲဒီလို... Read More