ဂန့်ဂေါ လေကြောင်းတိုက်ခိုက်ခံရမှု တစ်ဦးထပ်မံသေဆုံး၊ တစ်မိသားစုထဲက မိသားစုဝင်သုံးဦးသေဆုံးခြင်းဖြစ်
မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ကျောက်ဂူသာသနာ့နယ်မြေအနီး မတ် ၁၆ ရက် နေ့လယ်ပိုင်း လေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားတစ်ဦး ဒီကနေ့ မနက်မှာ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ထိတာက ခေါင်းကိုထိတာဆိုတော့ ဒီမနက်မှာပဲ ဆုံးသွားတယ်” လို့ ဂန့်ဂေါမြို့နယ်... Read More
ဂန့်ဂေါနယ်မှာ လောင်းကစားဝိုင်းတွေများပြားနေပြီး ဓားမြမှုတွေဖြစ်ပွားနေဟုဆို
မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ လောင်းကစားဝိုင်းတွေ ပြန့်နှံ့နေပြီး ဓားမြမှုတွေလည်း ဖြစ်ပွားနေတယ်လို့ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ဒေသခံတွေဆီက သိရပါတယ်။ “ရေရှင်မရွာဆို လမ်းမကြီးဘေးမှာကို ခြောက်ကောင်ဝိုင်းက လုပ်နေတာ။ သွားလာရင်း ဒီတိုင်းကို မြင်နေရတာ”လို့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။... Read More
ယောဒေသ၊ကျောက်ဂူသာသနာ့နယ်မြေအနီးကို ဖိုက်တာလေးစီးနဲ့ လေကြောင်းတိုက်ခိုက်၊အမျိုးသမီးနှစ်ဦးသေဆုံး
မကွေးတိုင်း၊ယောဒေသ၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ကျောက်ဂူတောရဘိုးဘွားရိပ်သာ သာသနာ့နယ်မြေအနီးကို မတ် ၁၆ ရက်နေ့၊ နေ့လည် ၁ နာရီကျော်မှာ ဂျက်ဖိုက်တာ လေးစီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦးသေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ “ဆုံးသွားတာက အမေနဲ့ သမီးအငယ်ဆုံးလေးပါ။ မိသားစု အကုန်ထိတာ။... Read More
ယင်းမာပင်မြို့အနီး စစ်ကော်မရှင်တပ် ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့အနီးကို စစ်ကော်မရှင်တပ်က မတ်လ ၁၅ ရက်နေ့ ည ၇ နာရီကျော်မှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အင်အားရာချီပါ စစ်ကော်မရှင်စစ်ကြောင်းဟာ ယင်းမာပင်မြို့ကနေ မြို့ပေါ်ရွာနဲ့ ပြောင်းပြာရွာထဲကို တပ်စွဲနေတာဟာ ၄ ရက်ရှိသွားပြီလို့ ဒေသခံတွေက... Read More
ဆားလင်းကြီးနယ်နဲ့ ပုလဲနယ်တွေမှာ လေကြောင်းတိုက်ခိုက်ခံရ ၊ အရပ်သား သေဆုံးမှုအချို့ရှိ
စစ်ကိုင်းတိုင်း ဆားလင်းကြီးနယ်နဲ့ ပုလဲနယ်တွေမှာ စစ်ကော်မရှင်တပ်က မတ်လ ၁၂ ရက်နေ့ကစလို့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသေဆုံးမှုအချို့ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကော်မရှင်တပ်က မတ်လ ၁၂ ရက်နေ့မှာ ဆားလင်းကြီးမြို့နယ် ဖိုလ်ဝင်တောင်ကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဦးသေဆုံးခဲ့ရပါသေးတယ်။ “ဆားလင်းကြီးမှာတော့ အရပ်သားနှစ်ယောက်သေတယ်။ ပုလဲနယ် မုံသွင်ချင်ပြစ်ဘက်မှာတော့... Read More
ယောဒေသ၊ ဂန့်ဂါမြို့နယ်မြောက်ပိုင်းမှာ မိုးသက်လေပြင်းကျပြီး စစ်ရှောင်တဲတွေပျက်စီး၊ အရေးပေါ်အကူညီလိုအပ်
မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ မတ်လ ၁၂ ရက်နေ့ ညနေပိုင်းမှာ မိုးသက်လေပြင်းကျခဲ့တာကြောင့် စစ်ရှောင်စခန်းတစ်ခုက စစ်ရှောင်ကျောင်း အပါအဝင် စစ်ရှောင်တဲတွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ညနေခြောက်နာရီလောက်မှာ မိုးလေကပိုပြင်းလာတယ်။ ချက်ပြီးသား ထမင်းအိုးတွေပါ လွင့်ထွက်ကုန်လို့ ညနေစာ ထမင်းတွေပါ... Read More






