စစ်ကိုင်းတိုင်း ဆားလင်းကြီးနယ်နဲ့ ပုလဲနယ်တွေမှာ စစ်ကော်မရှင်တပ်က မတ်လ ၁၂ ရက်နေ့ကစလို့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသေဆုံးမှုအချို့ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကော်မရှင်တပ်က မတ်လ ၁၂ ရက်နေ့မှာ ဆားလင်းကြီးမြို့နယ် ဖိုလ်ဝင်တောင်ကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဦးသေဆုံးခဲ့ရပါသေးတယ်။
“ဆားလင်းကြီးမှာတော့ အရပ်သားနှစ်ယောက်သေတယ်။ ပုလဲနယ် မုံသွင်ချင်ပြစ်ဘက်မှာတော့ ဘာသာရေးအဆောက်အဉီးတွေနဲ့ အရပ်သားလူနေအိမ်တွေထိခိုက်ပျက်စီးတယ်” လို့ ဒေသခံအချို့က ပြောပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်တပ်က မတ်လ ၁၄ ရက်နေ့ ဒီကနေ့မှာ ပုလဲနယ်နဲ့ယင်းမာပင်အစပ်က ရွာအချို့ကို လေကြောင်းတိုက်ခိုက်တာတွေ ခတ်စိပ်စိပ်လုပ်ခဲ့ပါသေးတယ်။






