Home > သတင်း > တရားဉပဒေစိုးမိုးရေး > ရွှေဘို၊ ၀က်လက်၊ မုံရွာမှာရှိတဲ့ ပြည်တန်ဆာလုပ်ငန်းတွေကို ရဲတပ်ဖွဲ့ကဝင်ရောက်စီးနင်းဖမ်းဆီး

ရွှေဘို၊ ၀က်လက်၊ မုံရွာမှာရှိတဲ့ ပြည်တန်ဆာလုပ်ငန်းတွေကို ရဲတပ်ဖွဲ့ကဝင်ရောက်စီးနင်းဖမ်းဆီး

စစ်ကိုင်းတိုင်းအတွင်း ပြည့်တန်ဆာလုပ်ငန်းတွေ ပပျောက်ရေးအတွက် တိုင်းရဲတပ်ဖွဲ့မှုးကနေ စီမံချက် ရေးဆွဲဆောင်ရွက်ခဲ့ရာ ရွှေဘို၊ ၀က်လက်၊ မုံရွာမြို့တွေမှာရှိတဲ့ ပြည်တန်ဆာလုပ်ငန်း လုပ်ကိုင်လုပ်ကိုင်နေကြတဲ့ နေအိမ်တွေကို ၀င်ရောက်စီးနင်းတာတွေကို စက်တင်ဘာလအတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလို၀င်ရောက်စီးနင်းရာမှာ ပြည့်တန်ဆာခေါင်းဆောင်တွေနဲ့ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ကြတဲ့ အမျိုးသမီးတွေကို သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူခဲ့တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ သတင်း ထုတ်ပြန်ထားပါတယ်။

အခုလို ဖမ်းဆီးအရေးမှုဟာဆိုရင် စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှုးရဲ့လက်ညွှန်ချက်ဖြစ်တယ်လို့လည်း အဲဒီထုတ်ချက်မှာပါရှိပါတယ်။ ဒါ့အပြင် စက်တင်ဘာလ ၆ ရက်နေ့ကနေ စက်တင်ဘာလ ၁၄ ရက်နေ့အတွင်း ပြည့်တန်ဆာခေါင်းဆောင်တွေနဲ့ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ကြတဲ့သူတွေကို ဖမ်းဆီးအရေးယူခဲ့တဲ့ အမှုပေါင်း ၅ မှုအထိ ရှိခဲ့ပါတယ်။

ရွှေဘိုမြို့၊ အမှတ် (၇) ရပ်ကွက်၊ ဝက်လည်ရွဲရပ်မှာရှိတဲ့ မြို့မစားသောက်ဆိုင်မှာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေကြောင်း သတင်းအရ သက်ဆိုင်ရာရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေရာမှာ ပြည့်တန်ဆာဦးစီးလုပ်ကိုင်နေတဲ့ ဒေါ်ကြူကြူမေကို တွေ့ရှိခဲ့ပြီး စားသောက်ဆိုင်အောက်ထပ်မှာရှိတဲ့ အခန်းတစ်ခုအတွင်းမှာ အမျိုးသားတွေနဲ့ လိင်ပျော်ပါးနေတဲ့ မခိုင်သဇင်ကို တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။

အလားတူ ဝက်လက်မြို့နယ် လိန်ပင်ကျေးရွာ ဘိုးမင်းကန်တောတိုက်နေ ဒေါ်ညိုရဲ့ နေအိမ်မှာလည်း ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေကြောင်း သတင်းအရ သက်ဆိုင်ရာရဲတပ်ဖွဲ့က ရှာဖွေခဲ့ရာ ပြည့်တန်ဆာဦးစီးလုပ်ကိုင်သူ ဒေါ်ညိုကို တွေ့ရှိခဲ့ပြီး ဆက်လက်ရှာဖွေရာ အခန်းတစ်ခုအတွင်း အခကြေးငွေရယူပြီး အမျိုးသားတွေနဲ့ လိင်ပျော်ပါးနေတဲ့ မမိုးကြယ်စင်၊ မသူဇာဝင်း၊ မဝိုင်းစုခင်တို့ကို တွေ့ရှိခဲ့တာြဖစ်ပါတယ်။

ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုမှာ ပြည့်တန်ဆာလုပ်ငန်း လာရောက်လုပ်ကိုင်နေကြောင်း သတင်းအရ သက်ဆိုင်ရာရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ ပြည့်တန်ဆာလုပ်ကိုင်သူ မသဲဖြူ၊ မစံပါယ်တို့ နှစ်ဉီးကို အခကြေးငွေရယူကာ အမျိုးသားတွေနဲ့ လိင်ပျော်ပါးနေတာကိုလည်း တွေ့ရှိခဲ့တာပါ။ သူတို့နှစ်ဦးကို ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းခဲ့ရာ ပြည့်တန်ဆာလုပ်ငန်းဦးစီး လုပ်ကိုင်နေကြတဲ့ ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ သူဇာရပ်နေ မအင်ကြင်းနှင့် မခင်ဆွေမြင့်တို့က ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ရန် တည်းခိုခန်းကို လာရောက် ပို့ဆောင်ပေးခဲ့တယ်လို့ ၀န်ခံခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိ ပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့ကလည်း မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ နယ်မြေ(၆)၊ ဘုရင့်နောင်လမ်းနေ မိုးကောင်း (ခ) ဝေယံလင်းရဲ့နေအိမ်မှာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေကြောင်း သတင်းအရ သက်ဆိုင်ရာရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေရာမှာ ပြည့်တန်ဆာဦးစီးလုပ်ကိုင်နေတဲ့ မိုးကောင်း (ခ) ဝေယံလင်းကို တွေ့ရှိခဲ့ပြီး သူ့ရဲ့နေအိမ် အခန်းတစ်ခုအတွင်းမှာ အခကြေးငွေယူပြီး အမျိုးသားတွေနဲ့ လိင်ပျော်ပါးနေတဲ့ မသူဇာမိုး၊ မမျိုးသန္တာထွန်းတို့ နှစ်ဉီးကို တွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၁၀ ရက်နေ့က

သက်ဆိုင်ရာရဲတပ်ဖွဲ့က ပြည့်တန်ဆာခေါင်းဆောင်တွေနဲ့ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ကြတဲ့သူတွေကို ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက် ဥပဒေပုဒ်မ ၅(၁)/၃(က) အရ အရေးယူ ဆောင်ရွက်ခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးရဲ့ သတင်းထုတ်ပြန်ထားပါတယ်။

error: Content is protected !!