Home > သတင်း > ဒေသတွင်းသတင်း > ဟုမ္မလင်းမြို့နယ်တွင် ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်ခြေ ၂၅ လုံးပြောင်းရွှေ့ထား

ဟုမ္မလင်းမြို့နယ်တွင် ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်ခြေ ၂၅ လုံးပြောင်းရွှေ့ထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်မှာ ချင်းတွင်းမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် ၂၅ လုံး ပြောင်းရွှေ့ထားရပါတယ်။ ကမ်းပါးများပြိုကျမှုကြောင့် စက်တင်ဘာလ ၁၁ ရက်နေ့ကနေ ဒီကနေ့အထိ ဟုမ္မလင်းမြိုနယ်၊ မင်းသာယာကျေးရွာမှာ လူနေအိမ်ခြေ ၂၄ လုံးနှင့် ရေတဲကျေးရွာမှာ လူနေအိမ်ခြေ ၁ လုံး ပြောင်းရွှေ့ခဲ့ရတယ်လို့ ခန္တီးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

“ချင်းတွင်းမြစ်ရေကျဆင်းပြီး ကမ်းပါးတွေပြိုကျတဲ့အတွက် နေအိမ်တွေ ရွှေ့ပြောင်းပေးတာပါ။ ပြောင်းရွှေ့နေအိမ်က ပြည်သူတွေကတော့ နီးစပ်ရာဆွေမျိုးနဲ့ နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ ရွှေ့ပြောင်းနေထိုင်ကြပါတယ်။”လို့ ခရိုင်ဘေးစီမံ ဦးစီးအရာရှိ ဦးခန့်လင်းထွဋ်က ပြောပါတယ်။

နေအိမ် ၂၅ လုံးကို ဟုမ္မလင်းမြို့နယ် မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူတွေ ပူးပေါင်းပြီး ပြောင်းရွှေ့ခြင်းလုပ်ငန်းတွေ ကူညီဆောင်ရွက်ပေးခဲ့တာပါ။

နေအိမ် ၂၅ လုံးပြောင်းရွှေ့ရာမှာ မင်းသာယာကျေးရွာ အိမ်ထောင်စု ၂၄၊ လူဦးရေ ၁၆၅ ဦး၊ ရေတဲကျေးရွာ အိမ်ထောင်စု ၁ စု၊ လူဦးရေ ၆ ဦးရှိပါတယ်။ နေအိမ် ၂၅ လုံးအတွက် အိမ်ထောင်စု ၁ စုကို ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုး၊ အိမ်ရွှေ့ပြောင်းစရိတ် ငွေကျပ် ၁ သိန်းနှင့် လူတစ်ဦးကို ဆန်ရိက္ခာဖိုး ငွေကျပ် ၂၁၀၀ စီထောက်ပံ့ပေးမှာဖြစ်ပါတယ်လို့လည်း သိရပါတယ်။

သူရိယထက်

error: Content is protected !!