Home > သတင်း > မှုခင်း (Page 4)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၂၀၂၀ခုနှစ်မှာ မီးလောင်မှု ၂၀၀ ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၈ ဦးရှိခဲ့

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ စစ်ကိုင်းတိုင်းဒေသကြီးမှာ မီးလောင်မှု ၂၂၆ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်ခဲ့မှုကြောင့် လူပေါင်း ၃၈ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၈ ဦး သေဆုံးခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံး စာရင်းတွေအရ သိရပါတယ်။ ဒါ့အပြင် မီးလောင်ခံခဲ့ရတဲ့...
Read More

တန့်ဆည်မြို့နယ်တွင် ရေမော်တာ အပူလွန်ကဲရာကတဆင့် မီးလောင်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့၊ မေတ္တာမြိုင်ရပ်ကွက်၊ ဈေးကြီးအနီး လူသုံးကုန်နှင့် ဆေးအရောင်ဆိုင် မီးလောင်မှု ဇန်နဝါရီလ ၁၀ ရက်နေ့ မနက်အစောပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်တာက တန့်ဆည်မြို့ဈေးကြီးအနီးက မေရီချို အမည်ရ လူသုံးကုန်နှင့် ဆေးဝါးပစ္စည်းအရောင်းဆိုင်ဖြစ်ပြီး ကားဂိုဒေါင်အတွင်း ရေမော်တာမပိတ်မိရာကနေ အပူလွန်ကဲ မီးလောင်ခဲ့တာပါ။...
Read More

ဟားခါးတွင် လူနေအိမ် ၃ လုံးမီးလောင်၊ အမျိုးသားတစ်ဦး သေဆုံး

ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်မှာ ဇန်နဝါရီလ ၉ ရက်နေ့ ညဉ့်နက်ပိုင်းအချိန်က မီးလောင်မှုတစ်ခုဖြစ်ပွားကာ လူနေအိမ် ၃ လုံးမီးလောင်ကျွမ်းခဲ့ပြီး အိမ်ဌားနေထိုင်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာနက သိရပါတယ်။ အိမ်ငှားနေထိုင်သူ အသက် ၃၆ နှစ်အရွယ် ဦးသန်းဝင်းရဲ့...
Read More

မုံရွာမြို့ ညောင်ကိုင်းအင်းအတွင်း လူနှစ်ဦး ရေနစ်သေဆုံး

မုံရွာမြို့၊ ထန်းတောရပ်ကွက်ရှိ ရွှေကြာရုံဘုန်းကြီးကျောင်းအနီးက ညောင်ကိုင်းအင်းအတွင်းမှာ ရေနစ်သေဆုံးနေတဲ့ လူနှစ်ဦးရဲ့ အလောင်းတွေကို ဇန်နဝါရီလ ၄ ရက်နေ့ နေ့လည်ပိုင်းက တွေ့ရှိခဲ့ပါတယ်။ ရေနစ်သေဆုံးသူတွေက ဇန်နဝါရီလ ၃ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်က ရေနစ်ပျောက်ဆုံးနေတဲ့ ကလေးငယ်တစ်ဦးနှင့် လူငယ်တစ်ဦးရဲ့...
Read More

တပ်သိမ်းမြေအပေါ်ကျူးကျော်လို့ဆိုပြီး တောင်သူ ၁၅ ဦး တရားစွဲခံရ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကျောဒေသမှာရှိတဲ့ ကပစ (၂၃) ကနေ တပ်သိမ်းမြေအတွင်း ကျူးကျော်ဝင်ရောက်လို့ဆိုပြီး တောင်သူ ၁၅ ဦးကို ဒီဇင်ဘာလ ၂၂ ရက်နေ့က အမှုဖွင့် တရားစွဲဆိုလိုက်ပါတယ်။ တာဝန်ဝတ္တရားနှောင့်ယှက်မှုပုဒ်မ ၃၅၃၊ ပိုင်နက်ကျူးကျော်မှုပုဒ်မ ၄၄၇ တို့နဲ့ ကန့်သက်ကျေးရွာက...
Read More

ထန်တလန်-ဟားခါးကားလမ်းတွင် မှန်လုံကားတစ်စီး တိမ်းမှောက်ပြီး အမျိုးသမီး ၂ ဦးသေဆုံး

ချင်းပြည်နယ်၊ ထန်တလန်မြိုနယ်၊ ထန်တလန်-ဟားခါးကားလမ်း၊ မိုင်တိုင်အမှတ် (၁၇) မိုင်တိုင်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ မနက် ၇ နာရီခွဲအချိန်က မှန်လုံကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။ ထန်တလန်မြို့နေ ယာဉ်မောင်း ရုန်ကျဲအိုထန် (အသက် ၂၂ နှစ်) မောင်းနှင်ပြီး...
Read More

လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ဟန့်တားနေသော ကိုလိုနီပုဒ်မ (၅၀၅)

ရာဇသတ်ကြီးပုဒ်မ (၅၀၅) သည် ရာဇသတ်ကြီးဥပဒေပါ အခန်း (၂၂) ရာဇဝတ်မကင်းသော ခြောက်လှန့်မှု၊ စော်ကားမှုနှင့် စိတ်ငြိုငြင်စေမှု စတဲ့ ခေါင်းစဉ်အောက် ပုဒ်မတွေထဲက တစ်ခုဖြစ်သည်။ အခန်း (၂၂) မှာ ပုဒ်မ (၅၀၃) ကနေ ပုဒ်မ (၅၁၀)...
Read More

လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ အလဲဗင်းသတင်းထောက် ကိုစိုးမိုးထွန်း အောက်မေ့ဖွယ်ပွဲအတွက် မြို့နယ်စီခန့်က ခွင့်မပြု

မုံရွာအခြေစိုက် အလဲဗင်းသတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရတာ ဒီဇင်ဘာလ ၁၃ ရက်နေ့ဆိုရင် ၄ နှစ်ပြည့်ပြီဖြစ်ပါတယ်။ ယနေ့အထိလည်း တရားခံဘယ်သူဘယ်ဝါဖြစ်တယ်၊ ဘာကြောင့်အသတ်ခံရတယ်ဆိုတာ မသိရသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီးသတင်းသမားများကွန်ရက် (Sagaing Region Journalist Network – SRJN) ကနေ...
Read More

မုံရွာမြို့နယ်တွင် ရေနံချက်ဖိုမီးလောင်ပြီး လူနှစ်ဦးထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကျောက္ကာမြောက်ရွာ ရေနံချက်ဖိုကုန်းက ရေနံဖိုတစ်ခုမှာ ဒီဇင်ဘာလ ၈ ရက်နေ့ နေ့လည်ပိုင်းက မတော်တဆ မီးလောင်မှုဖြစ်ခဲ့ပြီး လူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီရေနံချက်ဖိုမှာ CANDER ၆ ဘီးယာဉ်ပေါ်ရှိ ပေပါခွံအတွင်းသို့ ဓာတ်ဆီထည့်ရာကနေ ပေပါပေါက်ပြီး ယိုစိမ့်နေတာကြောင့် လက်ရိုက်ပန့်နဲ့ တခြားပေပါကို...
Read More
error: Content is protected !!