Home > သတင်း > စီးပွားရေး > ချင်းတွင်းမြစ်အတွင်း ကုန်တင်ရေယာဉ်တစ်စီး တိမ်းမှောက်

ချင်းတွင်းမြစ်အတွင်း ကုန်တင်ရေယာဉ်တစ်စီး တိမ်းမှောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ရှားတောကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း ကုန်တင်ရေယာဉ်တစ်စီး ဒီကနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက် ၁၁ နာရီအချိန်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။ မုံရွာမြို့ကနေ ထွက်ခွာလာတဲ့ မျိုးသူဇော်အမည်ရှိ ကုန်တင်ရေယာဉ်က မင်းကင်းမြို့နယ် ရှားတောကျေးရွာအနီးမှာ ကျောက်ဆောင်စွယ်နဲ့ပွတ်ပြီး တိမ်းမှောက်ခဲ့တာပါ။

“ဒီနေ့ မနက် ၁၁ နာရီလောက်က ရေနံပေပါတင်တဲ့ ကုန်တင်ရေယာဉ်တစ်စီး ကျောက်ဆောင်စွယ်နဲ့ပွတ်ပြီးတော့ မှောက်တာလို့ ကနဦး သိရတယ်။ မုံရွာကနေ ထွက်လာတဲ့ ကုန်တင်ရေယာဉ်ပါ။ အဲဒီကုန်တင်ရေယာဉ်ပေါ်မှာ အများစုက ပေပါတွေပါတယ်။ လူ ၉ ဦးပါတယ်။ ထိခိုက်ဒဏ်ရာရတာမရှိဘူး။”လို့ မင်းကင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဗိုလ်က ပြောပါတယ်။

အခုလက်ရှိမှာတော့ မင်းကင်းမြိုနယ် ဒုအုပ်ချုပ်ရေးမှူး ဦးဇင်ထက်အောင်ဦးဆောင်တဲ့ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။ တိမ်းမှောက်တဲ့လှေနဲ့ပတ်သက်ပြီး လူတွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့သိရပါတယ်။ ဒီရေယာဉ်က မုံရွာမြို့ကနေ ချင်းတွင်းမြစ်အထက်ပိုင်းကို ဆန်တက်တာလည်းဖြစ်ပါတယ်။ ရေယာဉ်တိမ်းမှောက်လို့ ဆုံးရှုံးမှုတန်ဖိုး ဘယ်လောက်ရှိတယ်ဆိုတာတော့ မသိရသေးပါဘူး။ အသေးစိပ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ပိုတေး

error: Content is protected !!