Day

January 24, 2021

ကန့်ဘလူမြို့နယ်တွင် တစ်ရက်ထဲ လူ ၃၀ ကျော် စံချိန်တင် ပိုးတွေ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်မှာ ဒီကနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့တစ်ရက်ထဲ ကိုဗစ်ပိုးတွေ့သူ စံချိန်တင်ကာ ပိုးတွေ့လူနာ ၃၇ ယောက်ရှိခဲ့ပါတယ်။ အဲဒီပိုးတွေ့လူနာတွေက ပြီးခဲ့တဲ့ ၂၁ ရက်နေ့ မန္တလေးကို ပေးပို့စစ်ဆေးခဲ့တဲ့ လူ ၁၀၀ ကျော်ထဲက ဒီကနေ့ အဖြေထွက်ချက်အရ...
Read More

မုံရွာမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ များပြားလာသဖြင့် နေအိမ် တစ်ချို့ အသွားအလာကန့်သတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ပိုးတွေ့လူနာ များပြားတဲ့အတွက် ပိုးတွေ့နေအိမ်တစ်ချို့ကို ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းကစတင်ကာ အသွားအလာ ကန့်သတ်လိုက်တယ်လို့ မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ မုံရွာမြို့တွင် ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ တစ်ရက်ထဲမှာ ညနေပိုင်းအထိ...
Read More

ကောလင်းမြို့မှာ KNU – N.D.A ထာဝရငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူထံမှ ရွှေပါဝင်သည်ဟုယူဆရတဲ့ မြေစာအိတ်များနဲ့ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ မြောက်အင်းရပ်ကွက်၊ အောင်သီရိရပ် ၂ လမ်းရှိ နေအိမ်တစ်အိမ်ကို ဇန်နဝါရီလ ၂၃ ရက်နေ့က မူးယစ်ဆေးဝါးအပါဝင် တရားမဝင် ရွှေချက်ကန်ပြုလုပ်နေ‌တယ်လို့ သတင်းရရှိတဲ့အတွက် ဝင်ရောက်စစ်ဆေးရာမှာ ရွှေပါဝင်တယ်လို့ယူဆရတဲ့ မြေစာအိတ်တွေနဲ့အတူ လက်နက်ခဲယမ်းတွေကို သက်ဆိုင်ရာပူးပေါင်းအဖွဲ့က ရှာဖွေ ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီနေရာကို...
Read More

ချင်းတွင်းမြစ်အတွင်း ကုန်တင်ရေယာဉ်တစ်စီး တိမ်းမှောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ရှားတောကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း ကုန်တင်ရေယာဉ်တစ်စီး ဒီကနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက် ၁၁ နာရီအချိန်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။ မုံရွာမြို့ကနေ ထွက်ခွာလာတဲ့ မျိုးသူဇော်အမည်ရှိ ကုန်တင်ရေယာဉ်က မင်းကင်းမြို့နယ် ရှားတောကျေးရွာအနီးမှာ ကျောက်ဆောင်စွယ်နဲ့ပွတ်ပြီး တိမ်းမှောက်ခဲ့တာပါ။ “ဒီနေ့...
Read More

အစိုးရသစ်ကို ကြိုဆိုတဲ့အနေနဲ့ ခန္တီးတွင် စုပေါင်းအမှိုက်ကောက်

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ခန္တီးမြို့တွင် အစိုးရသစ်ကြိုဆိုတဲ့အနေနဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းက စုပေါင်းအမှိုက်ကောက်တာတွေကို ပြုလုပ်ခဲ့ပါတယ်။ ခန္တီးမြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ဦးဆောင်ကာ မြို့နယ်စည်ပင်သာယာရေးကော်မတီနဲ့ ပူးပေါင်းပြီး ကမ်းနားလမ်းတလျှောက်မှာ စည်းကမ်းမဲ့စွန့်ပစ်ထားတဲ့ အမှိုက်တွေကို ကောက်ယူခဲ့ပြီး ရှင်းလင်းခဲ့ကြတာပါ။ “အခုကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဦးဆောင်ပြီး အစိုးရသစ်ကြိုဆိုတဲ့အနေနဲ့ရော...
Read More

ဈေးသည်တစ်ဦးပိုးတွေ့လို့ ကောလင်းမြို့မဈေးကို ယာယီပိတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့မစျေးကို ကိုဗစ်ရောဂါကြောင့် ဒီကနေ ဇန်နဝါရီလ ၂၄ ရက်နေ့ကစပြီး မြို့နယ်စည်ပင်ကနေ ယာယီပိတ်လိုက်ပြီဖြစ်ပါတယ်။ ဈေးပိတ်မယ့်အကြောင်းကိုလည်း ပြီးခဲ့တဲ့ ရက်ကတည်းက ကောလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အမှုဆောင်အရာရှိဦးဝဏ္ဏအောင်လက်မှတ်နဲ့ ကြေငြာချက် ထုတ်ပြန်ထားပါတယ်။ ကောလင်းမြို့မစျေးကို ဇန်နဝါရီလ ၂၄ ရက်နေ့ကစပြီး...
Read More

စစ်ကိုင်းတိုင်း သတ္တုတွင်းဦးစီးဌာနအတွင်း ဝန်ထမ်းတစ်ဦး ကိုဗစ်ပိုးတွေ့လို့ ရုံးကိုဧည့်သည်လာခွင့် ယာယီပိတ်ထား

စစ်ကိုင်းတိုင်းသတ္တုတွင်းဦးစီးဌာနရုံးမှာ ဇန်နဝါရီလ ၂၃ ရက်နေ့က ဝန်ထမ်းအမျိုးသားတစ်ဦးဆီမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် ရုံးလုပ်ငန်းတွေနဲ့ပတ်သတ်ပြီး ပြင်ပဧည့်သည် လာရောက်တွေ့တာတွေကို ‌ယာယီပိတ်ထားပါတယ်။ ပိုးတွေ့ရုံးဝန်ထမ်းဟာ ကသာမြို့နှင့် ကောလင်းမြို့ကိုသွားရောက်ခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်နေ့မှာ ရုံးကို ပြန်ရောက်လာပြီးနောက် ကျန်းမာရေးမကောင်းတဲ့အတွက် သီးခြားနေထိုင်ရာက ဆေးရုံသွားရောက် စစ်ဆေးရာမှာတော့...
Read More
error: Content is protected !!