Home > သတင်း > မှုခင်း (Page 6)

စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲနဲ့ဆက်စပ်ပြီး ဆက်သွယ်ရေးဉပဒေနဲ့ တရားစွဲမှု အနည်းဆုံး ၄ မှုရှိနေ

၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးက မြို့နယ် (၄) ခုမှာ ဆက်သွယ်ရေးဉပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်တိုင်ကြားထားတဲ့အမှု (၄) ခုထိ ရှိလာနေပါတယ်။ စစ်ကိုင်းမြို့မှာ အလွတ်တန်းသတင်းထောက်တစ်ဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ် စားလှယ်လောင်းက တိုင်းကြားတဲ့အမှု၊ လေရှီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...
Read More

မင်းကင်းတွင် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဆိုင်ကယ်နဲ့ဝင်တိုက်ခံရ၊ ဘေးကကလေးနှစ်ယောက် ထိခိုက်ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်တွင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်မွှေးလွင်ကို လင်းလုကျေးရွာတွင် ရွာသားတစ်ဦးက ဆိုင်ကယ်နဲ့ နောက်ကနေ ဝင်တိုက်မှု နိုဝင်ဘာလ ၃ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ အခုလို ဆိုင်ကယ်နဲ့ ဝင်တိုက်တဲ့အတွက် ဒေါ်ခင်မွှေးလွင်ကိုတော့ ဘေးနားက တစ်ယောက်ဆွဲဖယ်လိုက်တာကြောင့် ထိခိုက်မှုမရှိခဲ့ပေမယ့်...
Read More

ဗန်းမောက်မြို့နယ်တွင် ရှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၅ ဦး လက်နက်ခဲယမ်းတွေနဲ့ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တွင် ရှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်ဖွဲ့ဝင်အပါအဝင် လူ ၅ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ နိုဝင်ဘာလ ၂ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။ သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဗန်းမောက်-အင်းတော်ကားလမ်းဘေးရှိ ARGI စားသောက်ဆိုင်မှာ ဆက်ကြေးပေးမယ့်အသွင်နဲ့ သွားရောက်ဖမ်းဆီးရာမှာ...
Read More

ရိခေါ်ဒါရ်မြို့တွင် ဘာသာရေးကိစ္စစကားများရာက ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ တာဝန်ခံ အမျိုးသားတစ်ဦး အသတ်ခံရ

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၊ အမှတ် ၁ ရပ်ကွက်ရှိ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ တာဝန်ခံအမျိုးသားတစ်ဦး နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်က ဦးခေါင်းပြတ်ဒဏ်ရာနဲ့ အသတ်ခံရခဲ့တယ်လို့ ရိခေါ်ဒါရ်နယ်မြေရဲစခန်းက သိရပါတယ်။ အဲဒီနေ့က သေဆုံးသူ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ တာဝန်ခံ...
Read More

တန့်ဆည်တွင် UEC တံဆိပ်တုံးနှစ်ခု ပျောက်ဆုံးမှုဖြစ်လို့ အမှုဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ အုတ်ဖိုအိုင်ကျေးရွာတွင် အောက်တိုဘာလ ၂၉ ရက်နေ့က ကြိုတင်ဆန္ဒမဲပေးရာမှာ အသုံးပြုတဲ့ UEC တံဆိပ်ပါ ဆန္ဒပြုတံဆိပ်တုံး နှစ်ခု ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံက သိရပါတယ်။ “တံဆိပ်တုံးပျောက်တဲ့အကြောင်းကို မနေ့က ရဲစခန်းမှာ အမှုဖွင့်ထားတယ်။ အောက်တိုဘာလ...
Read More

ပင်လည်ဘူးမြို့တွင် Quarantine ဝင်ရောက်နေသူ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၊ မိုးကောင်းရပ်ကွက်မှာ ဒီကနေ့ နိုဝင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက Quarantine ဝင်ရောက်နေသူ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့မှု ဖြစ်ပေါ်ခဲ့ပါတယ်။ သေဆုံးသူအမျိုးသားအပါအဝင် မိသားစုဝင် ၃ ယောက်က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ စံခါးကျေးရွာ ဌက်ပျောတောမှာ အလုပ်လုပ်ပြီး...
Read More

တမူးမြို့ရှိ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်များ နိုဝင်ဘာလအကုန်အထိ ဆက်လက်ပိတ်ထား

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့မှာ ကိုဗစ်ကူးစက်မှုတိုးပွားလာတဲ့ အခြေအနေအရ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်တွေကို နိုဝင်ဘာလအကုန်အထိ ဆက်လက်ပိတ်ထားတယ်လို့ တမူးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းဦးက ပြောပါတယ်။ တမူးမြို့ရှိ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်တွေကို မြန်မာနိုင်ငံအစိုးရဘက်ကနေ ဧပြီ ၁၄ ရက်နေ့က စတင်ကာ အောက်တိုဘာလအကုန်အထိ ပိတ်ထားခဲ့ပြီးနောက် အခုတခါ နိုဝင်ဘာလအကုန်အထိ...
Read More

ကလေးဝမြို့နယ်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ လူ ၇ ဦးကို တရားစွဲဆိုဖမ်းဆီး၊ တချို့ထွက်ပြေးတိမ်းရှောင်

စစ်ကိုင်းတိုင်ဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်တွင် နိုင်ငံတော်အစိုးရကို အများပြည်သူ အထင်မြင်လွဲမှားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဟောပြောထားတဲ့ အသံဖိုင်တွေကို အများပြည်သူကြားသိအောင် အသံကျယ်လောင်စွာ ဖွင့်လှစ်ခဲ့တဲ့ လူ ၅ ဦးကို အောက်တိုဘာလ ၂၈ ရက်နေ့က ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းက တရားလိုပြုလုပ်ကာ မြို့နယ်တရားရုံးကို...
Read More

မင်းကင်းတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံထားရသူတွေကို ရမန်ရယူပြီး နောက်ရုံးချိန်းထပ်ရွှေ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့  ဒုမြို့နယ်အုပ်ချုပ်ရေးမှုးက တရားလိုပြုလုပ်ကာ အောက်တိုဘာလ ၁၂ ရက်နေ့က တရားရုံးကို ဦးတိုက်လျှောက်ထား စွဲဆိုခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အောက်တိုဘာလ ၂၆ ရက်နေ့မှာ တရားစွဲဆိုခံရသူ ၁၇ ဦးကို ရဲစခန်းမှာပဲ ရမန်ထပ်ယူခဲ့ပြီး...
Read More
error: Content is protected !!