Home > သတင်း > စီးပွားရေး > ကလေးဝမြို့အနီးတွင် ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး လူတစ်ဦးသေဆုံး

ကလေးဝမြို့အနီးတွင် ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး လူတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့၊ သရက်ချောင်းတံတားအနီးမှာ ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေပိုင်းက ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး လူ ၁ ဦးသေဆုံးခဲ့တယ်လို့ ကလေးဝမြို့နယ် မီးသတ်ဦးစီးဌာနက တာဝန်ရှိသူကပြောပါတယ်။ တိမ်းမှောက်တဲ့ကားက ကလေးဝ-ခင်ဦး မိုင် ၁၀၀ ကနေ စပါးအိတ်တွေတင်ဆောင်လာတဲ့ ကုန်တင် ၁၂ ဘီးကားဖြစ်ပြီး ကလေးမြို့သို့မောင်းနှင်လာစဉ် သရက်ချောင်းတံတားအနီး တောင်အဆင်းနေရာမှာ ဘရိတ်ပေါက်ပြီး လမ်းညာဘက်ဘေးလဲကျတိမ်းမှောက်သွားခဲ့တာပါ။

“မနေ့က ညနေ ၆ နာရီခွဲအချိန်က ကလေးဝမြို့အနီးမှာ ကုန်တင်ကားတစ်စီး လဲကျတိမ်းမှောက်တာပါ။ လူတစ်ဦးသေဆုံးခဲ့တယ်။ သေဆုံးသူက ယာဉ်နောက်လိုက်အမျိးသားပါ။ ပစ္စည်းဆုံးရှုံးတန်ဖိုးကိုတော့ တွက်ချက်နေဆဲပါ။”လို့ ကလေးဝမြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးသိင်္ခက ပြောပါတယ်။

ကုန်တင်ယာဉ်ပေါ်မှာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးတို့လိုက်ပါလာတာဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်နောက်လိုက်အမျိုးသားမှာ သေဆုံးခဲ့ကာ ကျန် ၅ ဦးကတော့ မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တဲ့အတွက် ကလေးဝမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တာပါ။

အခင်းဖြစ်နေရာကို ကလေးဝမြို့နယ် မီးသတ်ဦးစီးဌာနာ တပ်ဖွဲ့ဝင်တွေ၊ လူမှုကူညီရေးအဖွဲ့တွေက သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့ကြတာပါ။ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်မောင်း ထက်ထက်အောင် (၁၉ နှစ်) ကို ကလေးဝမြို့မရဲစခန်းက ယာဉ်(ပ)၂/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇၊ ၃၃၈၊ ၃၀၄ (က) တို့နဲ့ အရေးယူဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

ပိုတေး

error: Content is protected !!