ကနီနဲ့ယင်းမာပင်နယ်မှာ စစ်ကြောင်းထိုးလို့ ဒေသခံတွေ ထောင်နဲ့ချီထွက်ပြေးနေရ
စစ်ကိုင်းတိုင်း ကနီမြို့နယ်နဲ့ယင်းမာပင်မြို့နယ်တွေမှာ မတ်လ ၇ ရက် မနက်ပိုင်းကစလို့ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ ထောင်နဲ့ချီထွက်ပြေးနေရတယ်လို့ သိရပါတယ်။ ချင်းတွင်းတံတားထိပ်ကနေ ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ ကနီမြို့နယ် တွင်းမရွာအနီးမှာ ရောက်ရှိနေပြီး ဆားလင်းကြီးမြို့နယ် ယန်စီကြေးနီစီမံကိန်းကနေ ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ ယင်းမာပင်မြို့အနီးကို... Read More
ဩစတြေးလျနိုင်ငံမှ မူးယစ်ဆေးဝါးသံသယရှိသူကို ထိုင်းအာဏာပိုင်တွေဖမ်းဆီး
ဩစတြေးလျနိုင်ငံမှ မူးယစ်ဆေးဝါးသံသယရှိသူကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့မှာ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းဒေသတွင်းသတင်းတွေကို ဖော်ပြပေးနေတဲ့ Khaosod သတင်းဌာနအရ သိရပါတယ်။ ဩစတြေးလျနိုင်ငံမှ မူးယစ်ဆေးဝါးသံသယရှိ အမျိုးသားဟာ ဘန်ကောက်မြို့က ကွန်ဒိုမီနီယံတစ်ခုမှာ ပုန်းအောင်းနေစဉ် ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ အသက် ၄၄ နှစ်အရွယ်... Read More
ပုလဲမြို့နယ် ချင်ပြစ်ကျင်းရွာကို စစ်ကော်မရှင်တပ်က မီးရှို့နေ
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ချင်ပြစ်ကျင်းရွာကို စစ်ကော်မရှင်တပ်က ဒီကနေ့ဖေဖော်ဝါရီလ ၂၄ ရက် နေ့လည်ပိုင်းမှာ မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ အင်အားအလုံးအရင်းအသုံးပြုပြီး ပုလဲမြို့ရဲ့အနောက်ဒေသက ရွာအချို့နဲ့ ပုလဲမြို့ရဲ့အနောက်မြောက်ပိုင်းဒေသက ရွာအချို့ကို စစ်ကြောင်းပတ်ထိုးနေတာလို့ သိရပါတယ်။ “အခုစစ်ကြောင်းက ပတ်မွှေနေတာ ။... Read More
ယောဒေသ၊ ဂန့်ဂေါ အမြောက်တပ်က တပ်သား ၁ ဦး လက်နက်နဲ့အတူ YRA တပ်ရင်းထံ အလင်းဝင်
မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့မြောက်ဘက်၊ ပြည်ဝ(ပစ်မ) ကျေးရွာအနီး အမှတ် ၃၇၁ အမြောက်တပ်က တပ်သားတစ်ဦးဟာ ဂန့်ဂေါခရိုင်တပ်ရင်း(15/16/17)-YRA ထီးလင်းထံ အလင်းဝင်ခဲ့တယ်လို့ YRA ပြန်ကြားရေးတာဝန်ခံ ကိုကောင်းက ပြောပါတယ်။ “လမ်းမှာ ငါးရက်ကြာခဲ့တာ။ လမ်းတွေမှားတာပေါ့။ အစာရေစာတွေလည်း သူပြတ်ခဲ့တယ်” လို့... Read More
ငဖဲမြို့နယ်ထဲက ဘိန်းစိုက်ခင်းတွေကို PRA-Magway ဖျက်ဆီး
မကွေးတိုင်း၊ငဖဲမြို့နယ်ထဲက ဘိန်းစိုက်ခင်းတွေကို ဒီဇင်ဘာ ၁၆ရက်နဲ့ ၁၇ရက်က ဖျက်ဆီးခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အာစု (PRA-Magway)က မနေ့ကထုတ်ပြန်ပါတယ်။ ငဖဲမြို့နယ်တောင်ဘက်ခြမ်းက ဘိန်းစိုက်ခင်းတွေကို ဖျက်ဆီးခဲ့တာဖြစ်ပြီး ဘိန်းခင်း စုစုပေါင်း ဧက ၃၀ ခန့် ရှိကာ ဘိန်းခင်းပိုင်ရှင်ကို စုံစမ်းခဲ့ပေမယ့်တိတိကျကျမသိခဲ့ရဘူးလို့ ဆိုပါတယ်။ ၎င်းတို့လှုပ်ရှားနေတဲ့... Read More
ရန်ကုန်၊ မန္တလေးမှာ ကျားဖြန့် ပြောင်းရွေ့လုပ်ကိုင်လာ၊ ၁၀၂၇ နောက်ပိုင်း ကျားဖြန့် ၇၅ ခုအသစ်တိုးလာ
ရန်ကုန်၊ မန္တလေးမြို့တွေမှာ ကျားဖြန့် နေရာသစ် တိုးချဲ့ပြောင်းရွှေ့ လုပ်ကိုင်လာကြတာ ရှိနေတယ်လို့ မြန်မာ့အခြေပြုစစ်တမ်း State of Myanmar – ISP- Myanmar ရဲ့မဟာဗျူဟာဆန်းစစ်ချက်နဲ့ ဦးတည်လမ်းကြောင်းလားရာများ (၂၀၂၅ – ၂၀၂၆) ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ စစ်ဆင်ရေး... Read More
အရုပ်သေနတ်နဲ့ TikTok ဆော့တဲ့ကလေးတစ်ဦးရဲ့ အိမ်ကို စစ်တပ်က စီးနင်းရှာဖွေ
စစ်ကိုင်းတိုင်း မုံရွာမြို့ ရတနာပုံရပ်ကွက်မှာ နေထိုင်တဲ့ကလေးငယ်တစ်ဦးဟာ အရုပ်သေနတ်နဲ့ TikTok ဆော့ကစားခဲ့တာကြောင့် စစ်သားတွေက နေအိမ်အထိလာရောက်ပြီး စီးနင်းရှာဖွေတာတွေ ပြုလုပ်သွားတယ်လို့ မြို့ခံပြည်သူတွေထံက သိရပါတယ်။ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးက TikTok မှာ အရုပ်သေနတ်နဲ့ ကစားထားတဲ့ ရုပ်သံကို... Read More
ကလေးမြို့ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ ပြည်သူတွေ ပါဝင်ခြင်းမရှိ
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ ကျင်းပတဲ့ ရွေးကောက်ပွဲကို ပြည်သူတွေ ပူးပေါင်းပါဝင်းခြင်းမရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ကလေးမြို့ ဗိုလ်ချုပ်လမ်းမကြီးအပါအဝင် တစ်မြို့လုံးနီးပါး လူတွေလမ်းပေါ်မထွက်ကြဘဲ မြို့မှာ တိတ်ဆိတ်ခြောက်ကပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ကလေးမြို့မှာ ရပ်ကွက်ပေါင်း... Read More
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီအကြမ်းဖက်တပ်က လမ်းမှာတွေ့တဲ့ ရွာသားသုံးဦးကို ဖမ်းဆီးပြီး သင်္ချိုင်းကုန်းတွင်ပစ်သတ်
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ တဲစု-ပျဉ်ထောင်လမ်းခွဲတွင် ပြည်သူသုံးဦး အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီအကြမ်းဖက်တပ်တွေရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ အဆိုပါ ဖမ်းဆီးခံရသူ အမျိုးသားသုံးဦးကို စစ်ကောင်စီအကြမ်းဖက်တပ်တွေက ပျဉ်ထောင်ရွာသင်္ချိုင်းကို ခေါ်ဆောင်ကာ ဝမ်းလျားမှောက်ခိုင်းပြီး ဦးခေါင်းကို ချိန်ရွယ် ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။... Read More









