Day

January 20, 2021

ဟုမ္မလင်းမြို့ ပြည်သူ့ဆေးရုံမှ ထွက်ပြေးသွားသော ကိုဗစ်ပိုးတွေ့အချုပ်သား ပြန်လည်ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း ထွက်ပြေးသွားတဲ့ ကိုဗစ်ပိုးတွေ့အချုပ်သားကို ဇန်နဝါရီလ ၂၀ ရက်နေ့ ဒီကနေ့ နေ့လည် ၁ နာရီခွဲအချိန်က ဟူနောင်ရွာမှာ ပြန်လည်ဖမ်းမိခဲ့ပါတယ်။ အဲဒီပိုးတွေ့အချုပ်သားက ဟုမ္မလင်းမြို့ပြည်သူ့ဆေးရုံမှ ဆေးကုသမှုခံယူနေရင်း ၈ ရက်မြောက်နေ့မှာ ဇန်နဝါရီလ...
Read More

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် မြေယာဆုံးရှုံးသွားတဲ့ တောင်သူတွေထဲက မြေယာလျော်ကြေး မထုတ်သေးသူအချို့ လျော်ကြေးစတင်ထုတ်ယူ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် မြေယာဆုံးရှုံးခဲ့တဲ့ တောင်သူတွေ များစွာရှိခဲ့သလို ကျေးရွာပြောင်းရွှေ့ရမှုတွေလည်း ရှိခဲ့ပါတယ်။ စီမံကိန်းစတင်စဉ်ကာလကတည်းက တောင်သူတချို့ကတော့ လျော်ကြေးငွေ ထုတ်ယူခဲ့ကြပေမယ့် တချို့တောင်သူတွေကတော့ အစီရင်ခံစာပါအချက်တွေလိုက်လျောဆောင်ရွက်တာမရှိလို့ဆိုပြီး မြေယာလျော်ကြေးမယူဘဲ စီမံကိန်းကို နှစ်ပေါင်းများစွာအသက်ပေး ကန့်ကွက်နေခဲ့ကြတာပါ။ လက်ရှိမှာတော့ ကျန်နေသေးတဲ့မြေယာသိမ်းဆည်းခံ တောင်သူတွေရဲ့ တောင်းဆိုချက်တွေထဲက...
Read More

ကနီမြို့ရှိ ရွှေမြင်းဖြူတောင် ကမ်းပါးပြိုကျပြီး တောင်ထိပ်က သမိုင်းဝင်စေတီ အက်ကြောင်းများပေါ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့ရှိ ချင်းတွင်းမြစ်ဘေးက ရွှေမြင်းဖြူတောင်ကမ်းပါးပြိုကျမှု ဇန်နဝါရီလ ၂၀ ရက်နေ့ ဒီနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ ကမ်းပါးပြိုကျပြီး တောင်ထိပ်က သမိုင်းဝင်ဘုရားစေတီမှာလဲ အက်ကြောင်းများ ဖြစ်ပေါ်ခဲ့ပါတယ်။ ‌ရွှေမြင်းဖြူတောင် ကမ်းပါးပြိုကျမှုက နှစ်စဉ်ဖြစ်ပေါ်နေတာဖြစ်ပေမယ့်လည်း ဒီတကြိမ်ပြိုကျရာမှာတော့ တောင်ထိပ်က ရှေးဟောင်းသမိုင်းဝင် ရွှေမြင်းဖြူဘုရားစေတီနဲ့ မြစ်ကမ်းပါးဟာ...
Read More

ချင်းတွင်းမြစ်ရဲ့ ၅ စင်းမြောက် မြစ်ကူးတံတား ထမံသီတွင် စတင်တည်ဆောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်မှာ ထမံသီနှင့် ပင်းမာကျေးရွာကို ဆက်သွယ်မယ့် ချင်းတွင်းတံတား(ထမံသီ) ကို ဇန်နဝါရီလ ၁၉ ရက်နေ့ကစပြီး စတင် တည်ဆောက်နေပြီ ဖြစ်ပါတယ်။ တံတားတည်ဆောက်ဖို့အတွက် ဇန်နဝါရီလ ၁၉ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်တွေ၊ တံတားတည်ဆောက်ရေးတာဝန်ရှိသူတွေ တက်ရောက်ပြီး...
Read More

စစ်ကိုင်းတိုင်းက ကျေးရွာ ၃၀ နွေရာသီမှာ ရေရှားမှုကြုံတွေ့နိုင်

စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့နယ် ၁၂ မြို့နယ်က ကျေးရွာ ၃၀ ရွာမှာ လာမယ့် နွေရာသီကာလအတွင်း ရေရှားပါးနိုင်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက် ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက တာဝန်ရှိသူကပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂၀၁၆ ခုနှစ်က ကျေးရွာ...
Read More

လူနှစ်ဦးသေဆုံးတဲ့အထိဖြစ်ခဲ့ရတဲ့ မုံရွာမြို့က မြေယာအငြင်းပွားမှုကို အစိုးရက ဌာနတွင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ ဇလုပ်ဆွမ်းအုပ်အဝိုင်းအနီး၊ မြို့ပတ်လမ်းရှိ မြေကွက်ကို ပိုင်ရှင်ဆိုသူတွေက ခြံစည်းရိုးလာရောက်ခတ်တာကနေ ဒေသခံပြည်သူတွေနဲ့ မကျေမလည်ဖြစ်ပြီး ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လည်ပိုင်းမှာ အဓိကရုန်းဖြစ်ပွားခဲ့ပါတယ်။ ရွှေဇလုပ်ရပ်ကွက် (အရင် ဇလုပ်ကျေးရွာ) က ဒေသခံပြည်သူတွေနှင့် ခြံစည်းရိုးလာခတ်တဲ့အဖွဲ့က လူ...
Read More
error: Content is protected !!