By

MHA Nowadays

ကိုဗစ်ကာလတရားစီရင်အခြေအနေအပေါ် စစ်ကိုင်းတိုင်း တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် လူ့စွမ်းအားရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူနဲ့ တွေ့ဆုံမေးမြန်းချက်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါပိုးစတင်တွေ့ရှိခဲ့တာ ၉ လတာကြာမြင့်လာပြီဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်မှုတွေ၊ ဌာနဆိုင်ရာရုံးတွေ အဝင်အထွက်ကန့်သတ်တာတွေ၊ ကုန်ထုတ်လုပ်ငန်း၊ ဆေးဝါး၊ စားသောက်ကုန်တွေကလွဲလို့ လူစုလူဝေးဖြစ်စေပြီး  ရောဂါကူးစက်နိုင်ခြေများတဲ့ စားသောက်ဆိုင်၊ လဖက်ရည်ဆိုင် စတာတွေကို ကန့်သတ် ပိတ်ပင်ထားပါတယ်။ လက်ရှိမှာ တရားရုံးတွေလည်း ကိုဗစ်ကပ်ရောဂါကြောင့် အရေးကြီးအမှုတွေကလွဲလို့...
Read More

ကိုဗစ်ကူးစက်ခံခဲ့ရသူ ဆရာ/ဆရာမတွေထဲက ၂ ဦးကွယ်လွန်၊ အကူအညီတွေလိုအပ်နေ

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ မဲရုံတာဝန်တွေထမ်းဆောင်ရင်း ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရသူ ဆရာမ ၂ ဦးမှာ ကွယ်လွန်သွားတယ်လို့ နိုဝင်ဘာလ ၂၆ ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (MTF) က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ MTF ရဲ့...
Read More

နာဂဒေသတွင် NSCN-K နှင့် ခွဲထွက်အဖွဲတို့ ထိပ်တိုက်တွေ့ဆုံပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ပေမယ့် စစ်ရှောင်မရှိဘူးလို့ ဒေသခံအမတ်ပြောကြား

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့က ထိတွေ့ပစ်ခတ်မှုအနည်းငယ် ဖြစ်ပွားခဲ့ပါတယ်။ ဒီထိတွေ့ပစ်ခတ်မှုနဲ့ပတ်သက်လို့ ထိခိုက်ဒဏ်ရာရရှိသူ မရှိသလို နေရပ်စွန့်ခွာ ထွက်ပြေးရသူလည်း မရှိဘူးလို့ လေရှီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။ “စစ်ဖြစ်တာလည်း မဟုတ်ဘူး။ လမ်းမှာ...
Read More

ADB အထောက်အပံ့ဖြင့် ဆောင်ရွက်သည့် ကုန်ထုတ်လမ်းကို ယခုရက်ပိုင်းအတွင်း ပြီးစီးအောင် ဆောင် ရွက်သွားမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အထောက်အပံ့နဲ့ ဆောင်ရွက်တဲ့ ကျေးလက်ကုန်ထုတ်လမ်းကို အခုရက်ပိုင်းအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမယ်လို့ မုံရွာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက သိရပါတယ်။ ဒီကျေးလက်ကုန်ထုတ်လမ်းကို ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေမယ့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ ကွင်းဆက်စီမံကိန်းအဖြစ် မုံရွာမြို့ နယ်၊ ခိုးသန်းကျေးရွာမှာ ဩဂုတ်လ(၁၀)ရက်နေ့က စတင်အကောင်အထည်ဖော်...
Read More

မင်းကင်းမြို့နယ်တွင် ရွေးကောက်ပွဲမှာ ငွေပေးမဲဆွယ်ခဲ့လို့ဆိုကာ NLD ပါတီကို ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းက ရဲစခန်းမှာ အမှုဖွင့်

၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ ရွေးကောက်ပွဲဉပဒေပါ ပြဌာန်းချက်တွေကို ချိုးဖောက်ပြီး ငွေကြေးပေးကာ စည်းရုံးခဲ့တယ်ဆိုကာ မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ကိုယ်စားလှယ်လောင်း ဦးဇော်မိုးလွင်က NLD ပါတီကို နိုဝင်ဘာလ ၂၂ ရက်နေ့က မောက္ကတော်နယ်မြေရဲစခန်းမှာ အမှု ၃...
Read More

တိုင်းအစိုးရကတိတွေထဲက တစ်ခုဖြစ်တဲ့ မုံရွာကားကြီးကွင်းတည်ဆောက်မှု အခုလကုန်အပြီးဆောက်မည်လို့ စည်ပင်တာဝန်ရှိသူပြော

မုံရွာမြို့ သန့်ရှင်းသာယာလှပရေးနှင့် ရေရှည်တည်တံ့ရေးအတွက်ဆိုပြီး အချက် ၉ ချက်ထဲက တစ်ခုဖြစ်တဲ့ မုံရွာမြို့ ကားကြီးကွင်း တိုးချဲ့ရေးနဲ့ပတ်သက်လို့ နိုဝင်ဘာလအကုန်မှာ အပြီးတည်ဆောက်သွားမယ်လို့ တိုင်းစည်ပင်တာဝန်ရှိသူက ပြောပါတယ်။ လက်ရှိမှာ ၉၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလက စတင်တည်ဆောက်ခဲ့တာပါ။ “အဝေးပြေးကားကြီးကွင်း...
Read More

ကောလင်းစည်ပင်ဉက္ကဌအိမ် မူးယစ်ဆေးဝါးဝင်ရောက်ရှာဖွေရာမှာ ဘိန်းမဲအနည်းငယ်သာ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးမင်းညီအိမ်ကို နိုဝင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက မူးယစ်ဆေးဝါးဝင်ရောက်ရှာဖွေဖမ်းဆီးရာမှာ ဘိန်းမဲအနည်းငယ်သာ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။ စည်ပင်ဥက္ကဌက မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ ကောလင်းမြို့မှာ အရင်ကတည်းက ထင်ကြေးပေး ပြောဆိုမှုတွေလည်း ရှိပါတယ်။ “အရင်ကတည်းက အပြင်မှာတော့...
Read More

ပြည်ခိုင်ဖြိုးအမတ် ဦးမောင်မြင့်ကို NLD ဉ/ထောက်ကော်မတီက ရဲစခန်းမှာ အမှုဖွင့်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ကို မင်းကင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဉပဒေအထောက်အကူပြုအဖွဲ့ကနေ တရားလိုပြုလုပ်ကာ မင်းကင်းမြို့မရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။ ရွေးကောက်ပွဲမဲဆွယ် ကာလအတွင်း မင်းကင်းမြို့နယ်အတွင်းက ကျွန်းတော်ကျေးရွာနှင့် ဉယျာဉ်မကျေးရွာတို့မှာ ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြပြီး မဲဆွယ်ခဲ့တာကြောင့်...
Read More

မေတ္တာတရားကို မေတ္တာတရားဖြင့် တုန့်ပြန်ရင် အသင့်ရှိကြောင်း AA ထုတ်ပြန်

ရက္ခိုင့်တပ်တော် (AA) ရဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့က စာမျက်နှာ နှစ်မျက်နှာပါ ထုတ်ပြန်ကြေငြာချက်မှာ ဖော်ပြထားတာပါ။ AA ကနေ အောက်တိုဘာလ ၁၄ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ကိုယ်စားလှယ်လောင်း ၃...
Read More

ကြေးနီစီမံကိန်းက အလုပ်သမားတွေ မုံရွာမြို့ရှိ ဟိုတယ်တွေမှာ အုပ်စုလိုက် ကွာရင်တင်းဝင်ရောက်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်အတွင်းက ကြေးနီစီမံကိန်းတွေမှာ အလုပ်လုပ်နေတဲ့ ဒေသခံအလုပ်သမား ၄၀ ကျော်က နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ကွာရင်တင်းဝင်ရောက်ရန်အတွက် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်ရှိ စိန်နန်းတော် ဟိုတယ်ကို ရောက်ရှိလာပါတယ်။ “တရုတ်နိုင်ငံသားတွေမဟုတ်ပါဘူးခင်ဗျ။ မြန်မာနိုင်ငံက လိုကယ်တွေပါခင်ဗျ။ ဒေသခံအလုပ်သမားတွေပါ။ ဆားလင်းကြီး၊...
Read More
error: Content is protected !!