တိုင်းအစိုးရကတိတွေထဲက တစ်ခုဖြစ်တဲ့ မုံရွာကားကြီးကွင်းတည်ဆောက်မှု အခုလကုန်အပြီးဆောက်မည်လို့ စည်ပင်တာဝန်ရှိသူပြော
မုံရွာမြို့ သန့်ရှင်းသာယာလှပရေးနှင့် ရေရှည်တည်တံ့ရေးအတွက်ဆိုပြီး အချက် ၉ ချက်ထဲက တစ်ခုဖြစ်တဲ့ မုံရွာမြို့ ကားကြီးကွင်း တိုးချဲ့ရေးနဲ့ပတ်သက်လို့ နိုဝင်ဘာလအကုန်မှာ အပြီးတည်ဆောက်သွားမယ်လို့ တိုင်းစည်ပင်တာဝန်ရှိသူက ပြောပါတယ်။ လက်ရှိမှာ ၉၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလက စတင်တည်ဆောက်ခဲ့တာပါ။ “အဝေးပြေးကားကြီးကွင်း... Read More
တန့်ဆည်မြို့နယ် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်အကောင်ရေ ၁၀၀ ကျော် သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်အတွင်းက ကျေးရွာနှစ်ရွာမှာ အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်အကောင်ရေ ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ တန့်ဆည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာမင်းက ပြောပါတယ်။ အဲဒီကျေးရွာနှစ်ရွာမှာ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက အာဖရိကဝက် အပြင်းဖျားရောဂါ စတင်ဖြစ်ပွားနေပြီး ဒီနေ့ထိ ဝက်အကောင်ရေ ၁၀၀ ကျော် သေဆုံးခဲ့တာပါ။... Read More
ယင်းမာပင်မြို့နယ်တွင် လ/ထ ပညာရေးမှူးအပါအဝင် အနံ့မရသူ ၂ ဦးထံမှ ကိုဗစ်ပိုးတွေ့
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်မှာ အနံ့မရသူ ၂ ဦးထံကနေ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ခဲ့တယ်လို့ ယင်းမာပင်မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်းထက်က ပြောပါတယ်။ အဲဒီပိုးတွေ့လူနာ ၂ ယောက်က နိုဝင်ဘာလ ၂၂ ရက်နေ့က အနံ့ပျောက်နေသဖြင့်... Read More
ကောလင်းစည်ပင်ဉက္ကဌအိမ် မူးယစ်ဆေးဝါးဝင်ရောက်ရှာဖွေရာမှာ ဘိန်းမဲအနည်းငယ်သာ ဖမ်းဆီးရမိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးမင်းညီအိမ်ကို နိုဝင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက မူးယစ်ဆေးဝါးဝင်ရောက်ရှာဖွေဖမ်းဆီးရာမှာ ဘိန်းမဲအနည်းငယ်သာ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။ စည်ပင်ဥက္ကဌက မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ ကောလင်းမြို့မှာ အရင်ကတည်းက ထင်ကြေးပေး ပြောဆိုမှုတွေလည်း ရှိပါတယ်။ “အရင်ကတည်းက အပြင်မှာတော့... Read More