By

MHA Nowadays

ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုနဲ့ ဖမ်းဆီးခံထားရတဲ့ မုံရွာခရိုင်ဗကသကျောင်းသား လင်းသူရကို ကိုရုံးမထုတ်ဘဲ ရက်ရွှေ့ပြောင်း

ပြည်တွင်းငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်မှာ 4G အင်တာနက် ပြန်လည်ဖွင့်ပေးရေး၊ သွေးစွန်းအစိုးရအလိုမရှိ၊ လူသတ်စစ်တပ်အလိုမရှိ၊ ဖမ်းဆီးခံကျောင်းသားတွေ ပြန်လွှတ်ပေးရေး စတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ တောင်းဆိုလှုပ်ရှားမှုလုပ်ခဲ့လို့ဆိုပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မုံရွာခရိုင် ဗကသကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ လင်းသူရကို ကိုဒီဇင်ဘာ ၁ ရက်နေ့မှာ ရုံးထုတ်မယ်လို့ ချိန်းဆိုထားပေမယ့် ကိုဗစ်အကြောင်းပြချက်နဲ့ ရုံးထုတ်ခြင်းမရှိဘဲ...
Read More

ကိုဗစ်ကြောင့် ဒီမိုကရေစီစံနှုန်းတွေ လျော့ကျစေပြီး လူ့အခွင့်အရေး ဆုံးရှုံးနစ်နာမှုတွေ ကြုံတွေ့နေရ

ကမ္ဘာတဝှမ်း ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတာ ၁ နှစ်ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။ ကာကွယ်ဆေးရရှိရေးကိုလည်း တိုးတက်ပြီးနိုင်ငံတွေက အပြိုင်အဆိုင် စမ်းသပ်တီထွင်နေကြဆဲဖြစ်ပါတယ်။ WHO ရဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့ထိ စာရင်းတွေအရ ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၂၂၀ မှာ ကိုဗစ်ကူးစက်ခံရသူ ၅၈ သန်းကျော်ရှိနေပြီး သေဆုံးသူ...
Read More

ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုနဲ့ မုံရွာခရိုင်ဗကသကျောင်းသားခေါင်းဆောင် လင်းသူရကို ဖမ်းဆီးခံထားရတာ ရက်ပေါင်း ၇၀ ကျော်ပြီဖြစ်ပေမယ့် ကိုဗစ်အကြောင်းပြချက်နဲ့ တစ်ကြိမ်မှရုံးမထုတ်သေးတဲ့အပေါ် တရားလွှတ်တော်ရှေ့နေတစ်ဦးနဲ့ တွေ့ဆုံမေးမြန်းချက်။

ပြည်တွင်းငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်မှာ 4G အင်တာနက် ပြန်လည်ဖွင့်ပေးရေး၊ သွေးစွန်းအစိုးရအလိုမရှိ၊ လူသတ်စစ်တပ်အလိုမရှိ၊ ဖမ်းဆီးခံကျောင်းသားတွေ ပြန်လွှတ်ပေးရေး စတဲ့တောင်းဆိုချက်တွေပါဝင်တဲ့ စာရွက်တွေကို လူစည်ကားရာနေရာတွေ၊ အစိုးရဌာနဆိုင်ရာအဆောက်အဦးတွေ၊ တက္ကသိုလ်မုခ်ပေါက်တွေမှာ လိုက်လံကပ်ခဲ့လို့ဆိုပြီး မုံရွာခရိုင်ဗကသကျောင်းသားတွေကို ဝရမ်းထုတ်တာ၊ ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီထဲက ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ လင်းသူရကို...
Read More

ကိုဗစ်ကာလတရားစီရင်အခြေအနေအပေါ် စစ်ကိုင်းတိုင်းလွှတ်တော် တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဌ ဒေါ်အမာကြည်နဲ့ တွေ့ဆုံမေးမြန်းချက်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါပိုးစတင်တွေ့ရှိခဲ့တာ ၉ လတာကြာမြင့်လာပြီဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်မှုတွေ၊ ဌာနဆိုင်ရာရုံးတွေ အဝင်အထွက်ကန့်သတ်တာတွေ၊ ကုန်ထုတ်လုပ်ငန်း၊ ဆေးဝါး၊ စားသောက်ကုန်တွေကလွဲလို့ လူစုလူဝေးဖြစ်စေပြီး  ရောဂါကူးစက်နိုင်ခြေများတဲ့ စားသောက်ဆိုင်၊ လဖက်ရည်ဆိုင် စတာတွေကို ကန့်သတ် ပိတ်ပင်ထားပါတယ်။ လက်ရှိမှာ တရားရုံးတွေလည်း ကိုဗစ်ကပ်ရောဂါကြောင့် အရေးကြီးအမှုတွေကလွဲလို့...
Read More

ကိုဗစ်ကာလတရားစီရင်အခြေအနေအပေါ် စစ်ကိုင်းတိုင်း တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် လူ့စွမ်းအားရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူနဲ့ တွေ့ဆုံမေးမြန်းချက်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါပိုးစတင်တွေ့ရှိခဲ့တာ ၉ လတာကြာမြင့်လာပြီဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်မှုတွေ၊ ဌာနဆိုင်ရာရုံးတွေ အဝင်အထွက်ကန့်သတ်တာတွေ၊ ကုန်ထုတ်လုပ်ငန်း၊ ဆေးဝါး၊ စားသောက်ကုန်တွေကလွဲလို့ လူစုလူဝေးဖြစ်စေပြီး  ရောဂါကူးစက်နိုင်ခြေများတဲ့ စားသောက်ဆိုင်၊ လဖက်ရည်ဆိုင် စတာတွေကို ကန့်သတ် ပိတ်ပင်ထားပါတယ်။ လက်ရှိမှာ တရားရုံးတွေလည်း ကိုဗစ်ကပ်ရောဂါကြောင့် အရေးကြီးအမှုတွေကလွဲလို့...
Read More

ကိုဗစ်ကူးစက်ခံခဲ့ရသူ ဆရာ/ဆရာမတွေထဲက ၂ ဦးကွယ်လွန်၊ အကူအညီတွေလိုအပ်နေ

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ မဲရုံတာဝန်တွေထမ်းဆောင်ရင်း ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရသူ ဆရာမ ၂ ဦးမှာ ကွယ်လွန်သွားတယ်လို့ နိုဝင်ဘာလ ၂၆ ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (MTF) က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ MTF ရဲ့...
Read More

နာဂဒေသတွင် NSCN-K နှင့် ခွဲထွက်အဖွဲတို့ ထိပ်တိုက်တွေ့ဆုံပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ပေမယ့် စစ်ရှောင်မရှိဘူးလို့ ဒေသခံအမတ်ပြောကြား

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့က ထိတွေ့ပစ်ခတ်မှုအနည်းငယ် ဖြစ်ပွားခဲ့ပါတယ်။ ဒီထိတွေ့ပစ်ခတ်မှုနဲ့ပတ်သက်လို့ ထိခိုက်ဒဏ်ရာရရှိသူ မရှိသလို နေရပ်စွန့်ခွာ ထွက်ပြေးရသူလည်း မရှိဘူးလို့ လေရှီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။ “စစ်ဖြစ်တာလည်း မဟုတ်ဘူး။ လမ်းမှာ...
Read More

ADB အထောက်အပံ့ဖြင့် ဆောင်ရွက်သည့် ကုန်ထုတ်လမ်းကို ယခုရက်ပိုင်းအတွင်း ပြီးစီးအောင် ဆောင် ရွက်သွားမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အထောက်အပံ့နဲ့ ဆောင်ရွက်တဲ့ ကျေးလက်ကုန်ထုတ်လမ်းကို အခုရက်ပိုင်းအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမယ်လို့ မုံရွာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက သိရပါတယ်။ ဒီကျေးလက်ကုန်ထုတ်လမ်းကို ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေမယ့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ ကွင်းဆက်စီမံကိန်းအဖြစ် မုံရွာမြို့ နယ်၊ ခိုးသန်းကျေးရွာမှာ ဩဂုတ်လ(၁၀)ရက်နေ့က စတင်အကောင်အထည်ဖော်...
Read More

မင်းကင်းမြို့နယ်တွင် ရွေးကောက်ပွဲမှာ ငွေပေးမဲဆွယ်ခဲ့လို့ဆိုကာ NLD ပါတီကို ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းက ရဲစခန်းမှာ အမှုဖွင့်

၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ ရွေးကောက်ပွဲဉပဒေပါ ပြဌာန်းချက်တွေကို ချိုးဖောက်ပြီး ငွေကြေးပေးကာ စည်းရုံးခဲ့တယ်ဆိုကာ မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ကိုယ်စားလှယ်လောင်း ဦးဇော်မိုးလွင်က NLD ပါတီကို နိုဝင်ဘာလ ၂၂ ရက်နေ့က မောက္ကတော်နယ်မြေရဲစခန်းမှာ အမှု ၃...
Read More

တိုင်းအစိုးရကတိတွေထဲက တစ်ခုဖြစ်တဲ့ မုံရွာကားကြီးကွင်းတည်ဆောက်မှု အခုလကုန်အပြီးဆောက်မည်လို့ စည်ပင်တာဝန်ရှိသူပြော

မုံရွာမြို့ သန့်ရှင်းသာယာလှပရေးနှင့် ရေရှည်တည်တံ့ရေးအတွက်ဆိုပြီး အချက် ၉ ချက်ထဲက တစ်ခုဖြစ်တဲ့ မုံရွာမြို့ ကားကြီးကွင်း တိုးချဲ့ရေးနဲ့ပတ်သက်လို့ နိုဝင်ဘာလအကုန်မှာ အပြီးတည်ဆောက်သွားမယ်လို့ တိုင်းစည်ပင်တာဝန်ရှိသူက ပြောပါတယ်။ လက်ရှိမှာ ၉၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလက စတင်တည်ဆောက်ခဲ့တာပါ။ “အဝေးပြေးကားကြီးကွင်း...
Read More
error: Content is protected !!