Home > သတင်း > ကျန်းမာရေး > ကိုဗစ်ကူးစက်ခံခဲ့ရသူ ဆရာ/ဆရာမတွေထဲက ၂ ဦးကွယ်လွန်၊ အကူအညီတွေလိုအပ်နေ

ကိုဗစ်ကူးစက်ခံခဲ့ရသူ ဆရာ/ဆရာမတွေထဲက ၂ ဦးကွယ်လွန်၊ အကူအညီတွေလိုအပ်နေ

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ မဲရုံတာဝန်တွေထမ်းဆောင်ရင်း ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရသူ ဆရာမ ၂ ဦးမှာ ကွယ်လွန်သွားတယ်လို့ နိုဝင်ဘာလ ၂၆ ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (MTF) က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ MTF ရဲ့ ထုတ်ပြန်ချက်တွေအရ ရွေးကောက်ပွဲနေ့ရက်မတိုင်ခင် နိုဝင်ဘာလ ၆ ရက်နေ့က ဒုမဲရုံမှူးတာဝန်ထမ်းဆောင်ခဲ့သူ သန်လျင်မြို့နယ်က မူလတန်းကျောင်းမှ ဆရာမတစ်ဦး ကိုဗစ်ရောဂါကြောင့် ကွယ်လွန်ခဲ့ပသူအပါအဝင် သေဆုံးသူ ၂ ဦးရှိပြီး လက်ရှိသေဆုံးသူတွေက ရန်ကုန်တိုင်းအတွင်းကဖြစ်ပါတယ်။ လက်ရှိမှာ မိသားစုဝင်အချို့လည်း ရောဂါပိုး ကူးစက်ခံထားရတယ်လို့ သိရပါတယ်။

MTF ရဲ့ စာရင်းတွေအရ ရွေးကောက်ပွဲကာလတာဝန်ထမ်းဆောင်ရင်း ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရသူ ဆရာ၊ ဆရာမဦးရေ ၅၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။ ကိုဗစ်ရောဂါပိုးကူးစက်ခံထားရတဲ့ ဆရာ၊ ဆရာမတွေကို MTF အနေနဲ့ စိတ်ပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်တာတွေ ပြုလုပ်နေသလို ငွေကြေးထောက်ပံ့တာတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ပိုးကူးစက်သူက များပြားလာနေပြီး အဖွဲ့ချုပ်အနေနဲ့ ဆက်လက်ကူညီထောက်ပံ့တာတွေ ပြုလုပ်နိုင်ဖို့ အခက်အခဲရှိလာတဲ့အတွက် မိဘပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီ လှုဒါန်းပေးကြဖို့အတွက်လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။ ဒါ့အပြင် ကိုဗစ်ရောဂါကူးစက်ခံထားရတဲ့ ဆရာဆရာမတွေ ရှိနေသေးရင်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (MTF) ကို ဆက်သွယ်စာရင်းပေးကြဖို့လည်း ထုတ်ပြန်ရေးသားထာပါတယ်။

အောက်ဖော်ပြပါ ဖုန်းနံပါတ်တွေကို ဆက်သွယ်ပြီး လှုဒါန်းတာတွေ ပြုလုပ်နိုင်ပါတယ်။

#မိဘပြည်သူ၊ ဆရာ ဆရာမများမှ ပူးပေါင်းကူညီ ဂုဏ်ပြုပေးကြပါရန် အလှူရှင်များအား ဖိတ်ခေါ်အပ်ပါသည်။

ဆက်သွယ်ရန်-

ဒေါက်တာဇော်မျိုးလှိုင် (အတွင်းရေးမှူး) ဖုန်း- 09781907061

ဒေါက်တာလှိုင်ထွန်းအောင် ဖုန်း- 095025408

ဦးကျော်ဝေဖြိုး ဖုန်း- 09976080559

ဒေါ်သီတာ ဖုန်း – 09420110714

ဒေါ်နီလာဝင်း ဖုန်း- 09444039440

ဦးအေးမင်းထိုက် ဖုန်း- 09250427008

https://www.facebook.com/Myanmar-Teachers-Federation-669747043114787
error: Content is protected !!