စစ်ကိုင်တိုင်းအတွင်း ဝက်လက်၊ မင်းကင်း၊ မုံရွာ၊ ခန္တီးတို့မှာ မဲပေးနေတဲ့ မြင်ကွင်းများ (ဓာတ်ပုံ)
မဲပေးနေကြတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။ ဝန်ထမ်းတွေ၊ မသန်စွမ်းတွေလည်း ကြိုတင်မဲမပေးဘဲ ကိုယ်တိုင်ကိုယ်ကျ မဲလာပေးတာကို တွေ့မြင်ရသလို မဲပေးသူတွေထဲမှာ လူငဘ်တွေအများစုလည်း မြင်တွေ့ရပါတယ်။ မဲဆန္ဒရှင်အားလုံးကတော့ ကျန်းမာရေးအတွက် Mask တွေကို တပ်ဆင်ထားကြပါတယ်။
ပုလဲမြို့နယ်တွင် ငွေကျပ် ၂.၅၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆိးရမိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်တွင် နိုဝင်ဘာလ ၆ ရက်နေ့က ကျပ် ၂.၅၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ ရဲဇာနည် Facebook Page ကနေ သတင်းထုတ်ပြန်ပါတယ်။ ကြိုတင်ရရှိတဲ့ သတင်းအရ မူးယစ်ဆေးဝါးကာကွယ်တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေက ပုံတောင်နတ်ထိပ်ကျေးရွာအနီး ပုလဲ-ဂန့်ဂေါကားလမ်းမှာ... Read More
မုံရွာမြို့က မဲရုံအချို့ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားတဲ့မြင်ကွင်း(ဓာတ်ပုံ)
မုံရွာမြို့မှာ နိုဝင်ဘာလ ၈ ရက်နေ့အတွက် မဲရုံတွေ ကြိုတင်ပြင်ဆင်ထားတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။ မြို့နယ်တွင်း မဲရုံပေါင်း ၁၉၀ ကျော်ရှိပြီး အိမ်ထောင်စု ၇၅၀၀၀ ကျော်က မဲပေးနိုင်သူဦးရေ ၂၉၀၀၀၀ ကျော်ရှိပါတယ်။
မော်လိုက်မြို့နယ် ထွေ/အုပ်ဝန်ထမ်းတစ်ဦး မဲလက်မှတ်မရလို့ ကြိုတင်မဲပေးခွင့်ဆုံးရှုံး
သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်တွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ကော်မရှင်အချင်းချင်း ချိတ်ဆက်မှု အားနည်းလို့ နိုင်ငံ့ဝန်ထမ်းအပါအဝင် နိုင်ငံသားအချို့ မဲပေးခွင့် ဆုံးရှုံးမှုတွေ ရှိနေပါတယ်။ အချိန်မှီ ပုံစံ ၁၅ နဲ့ ကြိုတင်မဲအတွက် လျှောက်ထားခဲ့ပေမယ့် နိုဝင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းထိ... Read More
ခန္တီးမြို့တွင် နိုင်ငံရေးပါတီတွေ အပြိုင်အဆိုင် အင်အားပြမဲဆွယ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နိုင်ငံရေးပါတီတွေက အပြိုင်အဆိုင် အင်အားပြ မဲဆွယ်တာတွေ ပြုလုပ်လာနေကြပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကား၊ ဆိုင်ကယ်တွေနဲ့ လူဦးရေ ၃၀၀ ကျော်က မဲဆွယ်အင်အားပြ လှည့်လည်ခဲ့သလို နာဂအမျိုးသားပါတီကလည်း နိုဝင်ဘာလ... Read More
မင်းကင်းတွင် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဆိုင်ကယ်နဲ့ဝင်တိုက်ခံရ၊ ဘေးကကလေးနှစ်ယောက် ထိခိုက်ဒဏ်ရာရရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်တွင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်မွှေးလွင်ကို လင်းလုကျေးရွာတွင် ရွာသားတစ်ဦးက ဆိုင်ကယ်နဲ့ နောက်ကနေ ဝင်တိုက်မှု နိုဝင်ဘာလ ၃ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ အခုလို ဆိုင်ကယ်နဲ့ ဝင်တိုက်တဲ့အတွက် ဒေါ်ခင်မွှေးလွင်ကိုတော့ ဘေးနားက တစ်ယောက်ဆွဲဖယ်လိုက်တာကြောင့် ထိခိုက်မှုမရှိခဲ့ပေမယ့်... Read More
ဗန်းမောက်မြို့နယ်တွင် ရှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၅ ဦး လက်နက်ခဲယမ်းတွေနဲ့ ဖမ်းဆီးခံရ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တွင် ရှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်ဖွဲ့ဝင်အပါအဝင် လူ ၅ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ နိုဝင်ဘာလ ၂ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။ သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဗန်းမောက်-အင်းတော်ကားလမ်းဘေးရှိ ARGI စားသောက်ဆိုင်မှာ ဆက်ကြေးပေးမယ့်အသွင်နဲ့ သွားရောက်ဖမ်းဆီးရာမှာ... Read More
တပ်မတော်အရာရှိတစ်ဦးက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဆင့်ခေါ်ကာ အစိမ်းကို မဲပေးရမယ်ဆိုပြီးပြောဆို
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောမြို့တွင် တပ်မတော်ကာကွယ်ရေးစစ်လက်နက်ပစ္စည်းစက်ရုံ ကပစ (၂၃) ရှိ တပ်မတော်အရာရှိတစ်ဦးက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဆင့်ခေါ်ကာ ရွေးကောက်ပွဲမှာ အစိမ်းကိုသာ မဲပေးရမယ်ဆိုပြီး ပြောဆိုမှု နိုဝင်ဘာလ ၃ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ ယူနီဖောင်းဝတ်ဆင်ထားတဲ့ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်က ကန့်သက်ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်ကို... Read More
စစ်ကိုင်းတိုင်းဒေသကြီးတွင် ကိုဗစ်အတည်ပြုလူနာ ၄၀၀ ကျော်ရှိလာ
စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ်အတည်ပြုလူနာဦးရေ ၄၀၀ ကျော်ရှိလာနေပြီဖြစ်ပါတယ်။ နိုဝင်ဘာလ ၄ ရက်နေ့မနက်ပိုင်းကလည်း ကိုဗစ်အတည်ပြုလူနာ ၁၃ ဦး ရောဂါပိုး ထပ်တိုးတွေ့ရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီက ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကိုင်းမြို့နယ်က ပိုးတွေ့လူနာတွေဟာ... Read More
ကနီတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုအပါအဝင် ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့အမှု တစ်ရက်ထဲ ၃ မှုဖွင့်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ အပါအဝင် ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့အမှု တစ်ရက်ထဲ ၃ မှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတော်အကြည်ညိုပျက်စေမှုကိုတော့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက တရားရုံးကို ဦးတိုက်လျှောက်ထား စွဲဆိုခဲ့တာဖြစ်ပြီး ကျန်အမှုတွေကိုတော့ NLD ပါတီအောင်နိုင်ရေးကော်မတီက တရားလိုပြုလုပ်ခဲ့တာပါ။ “နဘူးစွဲကျေးရွာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို... Read More





