ကလေးမြို့တွင် ဆိုလာစနစ်နဲ့ အားသွင်းနေတဲ့ ဘက္ထရီအိုး အပူလွန်ကာ ပေါက်ကွဲပြီး နေအိမ်မီးလောင်မှုဖြစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ တာဟန်းရပ်ကွက်တွေ ယနေ့ နေ့လည်ပိုင်းက ဆိုလာဘက္ထရီအပူလွန်ကဲပြီး ပေါက်ကွဲမှုကြောင့် နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ဆိုလာစနစ်နဲ့ အားသွင်းနေတဲ့ ဘက္ထရီအိုးက အပူလွန်ကဲပြီး ပေါက်ကွဲရာကတဆင့် အိမ်ရှင် ဦးဆန်းလှေခုပ်၏ (၂၄x၁၈)ပေ နံကပ်(၂)ထပ် လူနေအိမ်အဆောက်အဦး မီးလောင်ဆုံးရှုံးခဲ့တာပါ။ “ဆိုလာဘက်ထရီအပူလွန်ကဲပြီး... Read More
ဟုမ္မလင်းမြို့ ပြည်သူ့ဆေးရုံမှ ထွက်ပြေးသွားသော ကိုဗစ်ပိုးတွေ့အချုပ်သား ပြန်လည်ဖမ်းမိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း ထွက်ပြေးသွားတဲ့ ကိုဗစ်ပိုးတွေ့အချုပ်သားကို ဇန်နဝါရီလ ၂၀ ရက်နေ့ ဒီကနေ့ နေ့လည် ၁ နာရီခွဲအချိန်က ဟူနောင်ရွာမှာ ပြန်လည်ဖမ်းမိခဲ့ပါတယ်။ အဲဒီပိုးတွေ့အချုပ်သားက ဟုမ္မလင်းမြို့ပြည်သူ့ဆေးရုံမှ ဆေးကုသမှုခံယူနေရင်း ၈ ရက်မြောက်နေ့မှာ ဇန်နဝါရီလ... Read More
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် မြေယာဆုံးရှုံးသွားတဲ့ တောင်သူတွေထဲက မြေယာလျော်ကြေး မထုတ်သေးသူအချို့ လျော်ကြေးစတင်ထုတ်ယူ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် မြေယာဆုံးရှုံးခဲ့တဲ့ တောင်သူတွေ များစွာရှိခဲ့သလို ကျေးရွာပြောင်းရွှေ့ရမှုတွေလည်း ရှိခဲ့ပါတယ်။ စီမံကိန်းစတင်စဉ်ကာလကတည်းက တောင်သူတချို့ကတော့ လျော်ကြေးငွေ ထုတ်ယူခဲ့ကြပေမယ့် တချို့တောင်သူတွေကတော့ အစီရင်ခံစာပါအချက်တွေလိုက်လျောဆောင်ရွက်တာမရှိလို့ဆိုပြီး မြေယာလျော်ကြေးမယူဘဲ စီမံကိန်းကို နှစ်ပေါင်းများစွာအသက်ပေး ကန့်ကွက်နေခဲ့ကြတာပါ။ လက်ရှိမှာတော့ ကျန်နေသေးတဲ့မြေယာသိမ်းဆည်းခံ တောင်သူတွေရဲ့ တောင်းဆိုချက်တွေထဲက... Read More
ကနီမြို့ရှိ ရွှေမြင်းဖြူတောင် ကမ်းပါးပြိုကျပြီး တောင်ထိပ်က သမိုင်းဝင်စေတီ အက်ကြောင်းများပေါ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့ရှိ ချင်းတွင်းမြစ်ဘေးက ရွှေမြင်းဖြူတောင်ကမ်းပါးပြိုကျမှု ဇန်နဝါရီလ ၂၀ ရက်နေ့ ဒီနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ ကမ်းပါးပြိုကျပြီး တောင်ထိပ်က သမိုင်းဝင်ဘုရားစေတီမှာလဲ အက်ကြောင်းများ ဖြစ်ပေါ်ခဲ့ပါတယ်။ ရွှေမြင်းဖြူတောင် ကမ်းပါးပြိုကျမှုက နှစ်စဉ်ဖြစ်ပေါ်နေတာဖြစ်ပေမယ့်လည်း ဒီတကြိမ်ပြိုကျရာမှာတော့ တောင်ထိပ်က ရှေးဟောင်းသမိုင်းဝင် ရွှေမြင်းဖြူဘုရားစေတီနဲ့ မြစ်ကမ်းပါးဟာ... Read More
ချင်းတွင်းမြစ်ရဲ့ ၅ စင်းမြောက် မြစ်ကူးတံတား ထမံသီတွင် စတင်တည်ဆောက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်မှာ ထမံသီနှင့် ပင်းမာကျေးရွာကို ဆက်သွယ်မယ့် ချင်းတွင်းတံတား(ထမံသီ) ကို ဇန်နဝါရီလ ၁၉ ရက်နေ့ကစပြီး စတင် တည်ဆောက်နေပြီ ဖြစ်ပါတယ်။ တံတားတည်ဆောက်ဖို့အတွက် ဇန်နဝါရီလ ၁၉ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်တွေ၊ တံတားတည်ဆောက်ရေးတာဝန်ရှိသူတွေ တက်ရောက်ပြီး... Read More
စစ်ကိုင်းတိုင်းက ကျေးရွာ ၃၀ နွေရာသီမှာ ရေရှားမှုကြုံတွေ့နိုင်
စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့နယ် ၁၂ မြို့နယ်က ကျေးရွာ ၃၀ ရွာမှာ လာမယ့် နွေရာသီကာလအတွင်း ရေရှားပါးနိုင်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက် ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက တာဝန်ရှိသူကပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂၀၁၆ ခုနှစ်က ကျေးရွာ... Read More
လူနှစ်ဦးသေဆုံးတဲ့အထိဖြစ်ခဲ့ရတဲ့ မုံရွာမြို့က မြေယာအငြင်းပွားမှုကို အစိုးရက ဌာနတွင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ ဇလုပ်ဆွမ်းအုပ်အဝိုင်းအနီး၊ မြို့ပတ်လမ်းရှိ မြေကွက်ကို ပိုင်ရှင်ဆိုသူတွေက ခြံစည်းရိုးလာရောက်ခတ်တာကနေ ဒေသခံပြည်သူတွေနဲ့ မကျေမလည်ဖြစ်ပြီး ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လည်ပိုင်းမှာ အဓိကရုန်းဖြစ်ပွားခဲ့ပါတယ်။ ရွှေဇလုပ်ရပ်ကွက် (အရင် ဇလုပ်ကျေးရွာ) က ဒေသခံပြည်သူတွေနှင့် ခြံစည်းရိုးလာခတ်တဲ့အဖွဲ့က လူ... Read More
သနပ်ခါးမပါဘဲ အမည်ခံရောင်းချနေတဲ့ အလှကုန်တွေ အရေးယူပေးဖို့ တိုင်ကြားပေမယ့် စားသုံးသူရေးရာဦးစီးဌာနက အရေးမယူ
ပြည်တွင်းစျေးကွက်အတွင်း ရောင်းချနေတဲ့ သနပ်ခါးအလှကုန်အမည်ခံ လူသုံးကုန်ပစ္စည်းတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ စားသုံးသူရေးရာဦးစီးဌာနကို နှစ်ကြိမ်တိုင်ကြားခဲ့ပေမယ့် ဒီနေ့ထိ ထူးခြားမှု မရှိသေးဘူးလို့ မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း တာဝန်ရှိသူက ပြောပါတယ်။ အသင်းအနေနဲ့ ပြည်တွင်းစျေးကွက်အတွင်း ရောင်းချနေတဲ့ သနပ်ခါးအလှကုန်အမျိုးပေါင်း ၈၀ ခန့်ကို... Read More
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် မြေယာဆုံးရှုံးမှုအတွက် တောင်သူများ တောင်းဆိုတဲ့လျော်ကြေး ရရှိဖို့ နီးစပ်နေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာ-ဝမ်ပေါင်တရုတ်ကုမ္ပဏီနှင့် ဦးပိုင်ကုမ္ပဏီတို့ပူးပေါင်းကာ နိုင်ငံတော်စီမံကိန်းအဖြစ် ကြေးနီထုတ်ယူနေတာပါ။ ဒီစီမံကိန်းနဲ့ပတ်သက်လို့ ဒေသခံတောင်သူတွေရဲ့ မြေယာတွေလည်း အမြောက်အများသိမ်းယူခံခဲ့ရသော ကျေးရွာနေအိမ်တချို့လည်း ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ သို့သော်လည်း ဝက်မှေး၊ ဆည်တည်း စတဲ့ကျေးရွာတွေကတော့ ပြောင်းရွှေ့ခြင်းမရှိသေးသလို မိုးကြိုးပြင်အပါအဝင် ဆည်တည်း၊... Read More
တစ်လင်တစ်မယားနဲ့ အမှုရင်ဆိုင်နေရတဲ့ Covid ပိုးတွေ့အချုပ်သား ဆေးရုံက ထွက်ပြေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုပေးနေတဲ့ ကိုဗစ်ပိုးတွေ့ အချုပ်သားတစ်ဦး ဇန်နဝါရီလ ၁၈ ရက်နေ့ ဒီကနေ့ မနက် ၃ နာရီအချိန်က ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ အဲဒီထွက်ပြေးသွားတဲ့ ပိုးတွေ့အချုပ်သားက တစ်လင်တစ်မယားနဲ့ အမှုဖွင့်ဖမ်းဆီးခံထားရကာ အမှုရင်ဆိုင်နေရသူဖြစ်ပါတယ်။ “သူက ပိုးတွေ့တာ... Read More