Month

January 2021

ကောလင်းမြို့မှာ KNU – N.D.A ထာဝရငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူထံမှ ရွှေပါဝင်သည်ဟုယူဆရတဲ့ မြေစာအိတ်များနဲ့ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ မြောက်အင်းရပ်ကွက်၊ အောင်သီရိရပ် ၂ လမ်းရှိ နေအိမ်တစ်အိမ်ကို ဇန်နဝါရီလ ၂၃ ရက်နေ့က မူးယစ်ဆေးဝါးအပါဝင် တရားမဝင် ရွှေချက်ကန်ပြုလုပ်နေ‌တယ်လို့ သတင်းရရှိတဲ့အတွက် ဝင်ရောက်စစ်ဆေးရာမှာ ရွှေပါဝင်တယ်လို့ယူဆရတဲ့ မြေစာအိတ်တွေနဲ့အတူ လက်နက်ခဲယမ်းတွေကို သက်ဆိုင်ရာပူးပေါင်းအဖွဲ့က ရှာဖွေ ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီနေရာကို...
Read More

ချင်းတွင်းမြစ်အတွင်း ကုန်တင်ရေယာဉ်တစ်စီး တိမ်းမှောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ရှားတောကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း ကုန်တင်ရေယာဉ်တစ်စီး ဒီကနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက် ၁၁ နာရီအချိန်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။ မုံရွာမြို့ကနေ ထွက်ခွာလာတဲ့ မျိုးသူဇော်အမည်ရှိ ကုန်တင်ရေယာဉ်က မင်းကင်းမြို့နယ် ရှားတောကျေးရွာအနီးမှာ ကျောက်ဆောင်စွယ်နဲ့ပွတ်ပြီး တိမ်းမှောက်ခဲ့တာပါ။ “ဒီနေ့...
Read More

အစိုးရသစ်ကို ကြိုဆိုတဲ့အနေနဲ့ ခန္တီးတွင် စုပေါင်းအမှိုက်ကောက်

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ခန္တီးမြို့တွင် အစိုးရသစ်ကြိုဆိုတဲ့အနေနဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းက စုပေါင်းအမှိုက်ကောက်တာတွေကို ပြုလုပ်ခဲ့ပါတယ်။ ခန္တီးမြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ဦးဆောင်ကာ မြို့နယ်စည်ပင်သာယာရေးကော်မတီနဲ့ ပူးပေါင်းပြီး ကမ်းနားလမ်းတလျှောက်မှာ စည်းကမ်းမဲ့စွန့်ပစ်ထားတဲ့ အမှိုက်တွေကို ကောက်ယူခဲ့ပြီး ရှင်းလင်းခဲ့ကြတာပါ။ “အခုကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဦးဆောင်ပြီး အစိုးရသစ်ကြိုဆိုတဲ့အနေနဲ့ရော...
Read More

ဈေးသည်တစ်ဦးပိုးတွေ့လို့ ကောလင်းမြို့မဈေးကို ယာယီပိတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့မစျေးကို ကိုဗစ်ရောဂါကြောင့် ဒီကနေ ဇန်နဝါရီလ ၂၄ ရက်နေ့ကစပြီး မြို့နယ်စည်ပင်ကနေ ယာယီပိတ်လိုက်ပြီဖြစ်ပါတယ်။ ဈေးပိတ်မယ့်အကြောင်းကိုလည်း ပြီးခဲ့တဲ့ ရက်ကတည်းက ကောလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အမှုဆောင်အရာရှိဦးဝဏ္ဏအောင်လက်မှတ်နဲ့ ကြေငြာချက် ထုတ်ပြန်ထားပါတယ်။ ကောလင်းမြို့မစျေးကို ဇန်နဝါရီလ ၂၄ ရက်နေ့ကစပြီး...
Read More

စစ်ကိုင်းတိုင်း သတ္တုတွင်းဦးစီးဌာနအတွင်း ဝန်ထမ်းတစ်ဦး ကိုဗစ်ပိုးတွေ့လို့ ရုံးကိုဧည့်သည်လာခွင့် ယာယီပိတ်ထား

စစ်ကိုင်းတိုင်းသတ္တုတွင်းဦးစီးဌာနရုံးမှာ ဇန်နဝါရီလ ၂၃ ရက်နေ့က ဝန်ထမ်းအမျိုးသားတစ်ဦးဆီမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် ရုံးလုပ်ငန်းတွေနဲ့ပတ်သတ်ပြီး ပြင်ပဧည့်သည် လာရောက်တွေ့တာတွေကို ‌ယာယီပိတ်ထားပါတယ်။ ပိုးတွေ့ရုံးဝန်ထမ်းဟာ ကသာမြို့နှင့် ကောလင်းမြို့ကိုသွားရောက်ခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်နေ့မှာ ရုံးကို ပြန်ရောက်လာပြီးနောက် ကျန်းမာရေးမကောင်းတဲ့အတွက် သီးခြားနေထိုင်ရာက ဆေးရုံသွားရောက် စစ်ဆေးရာမှာတော့...
Read More

ကနီမြို့နယ်တွင် ရေပြတ်လပ်မှုနဲ့ စတင်ကြုံ တွေ့နေ

စစ်ကိုင်းတိုင်းဒေသကြီးကနီမြို့နယ်က ကျေးရွာနှင့် တောတိုက်တစ်ချို့မှာ သောက်သုံးရေပြတ်လပ်မှုနဲ့ စတင်ကြုံတွေ့နေရပြီဖြစ်တယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း၀င်း ကပြောပါတယ်။ ကနီမြို့နယ်အတွင်းက ယင်းသွင်၊ ချောင်းမ စတဲ့ကျေးရွာတွေနဲ့ ကန်ရေကိုအဓိကအားထားရတဲ့ သမင်ခြံအုပ်စု၊ မြချမ်းသာ တောတိုက်၊ ပေါက်အင်းတောင်တောတိုက်၊ မုဌောအနောက်တောတိုက် စတဲ့နေရာတွေမှာ သောက်သုံးရေပြတ်လပ်မှုနဲ့ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။...
Read More

စစ်ကိုင်းတိုင်းSub-National Coordination Unit-SNU ရဲ့ အတွင်းရေးမှူးနဲ့ တွေ့ဆုံခြင်း အပိုင်း-၂

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတကိစ္စတွေကို စီမံခန့်ခွဲမှုတွေနဲ့ပတ်သက်ပြီး MEITI လုပ်ငန်းစဉ်အရ ဖွဲ့စည်းထားတဲ့ တိုင်းအဆင့် Sub-National Coordination Unit – SNU ရဲ့ အရပ်ဖက်ကဏ္ဍကိုယ်စားလှယ် အတွင်းရေးမှူး ဦးငွေလင်းနဲ့ တွေ့ဆုံမေးမြန်းခြင်း။မျက်မှောက်ခေတ်

NLD ပါတီမှ အနိုင်ရ တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကန့်ကွက်လွှာ တင်သွင်းခံရ

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးနိုင်နိုင်ဝင်းကို ရွေးကောက်ပွဲမှာ တရားမဲ့ ပြုကျင့်မှုတွေကြောင့် အနိုင်ရရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ ပြည်ထောင်စု...
Read More

အခုဘဏ္ဍာနှစ် ၃ လတာကာလအတွင်း စစ်ကိုင်းတိုင်းမှာ တရားမဝင်သစ်တန်ပေါင်း ၂၄၀၀ ကျော် ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းအတွင်း လက်ရှိဘဏ္ဍာနှစ် ၂၀၂၀-၂၁ ခုနှစ်၊ ၃ လတာကာလအတွင်း တရားမဝင်သစ်ဖမ်းဆီးရမိမှုအနေနဲ့ သစ်တန်ပေါင်း ၂၄၀၀ ကျော် ရှိခဲ့တယ်လို့ သစ်တောဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။ တရားမဝင်သစ်တွေကို သစ်တောဌာနရဲ့ စီမံမှုခရိုင် ၉ ခုရှိတဲ့အထဲက ကလေးခရိုင်က အများဆုံးနဲ့ သစ်တန်ပေါင်း...
Read More

စစ်ကိုင်းတိုင်း Sub-National Coordination Unit-SNU ရဲ့အခြေအနေကို အတွင်းရေးမှူးနဲ့ တွေ့ဆုံခြင်း

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတကိစ္စတွေကို စီမံခန့်ခွဲမှုတွေနဲ့ပတ်သက်ပြီး MEITI လုပ်ငန်းစဉ်အရ ဖွဲ့စည်းထားတဲ့ တိုင်းအဆင့် Sub-National Coordination Unit – SNU ရဲ့ အရပ်ဖက်ကဏ္ဍကိုယ်စားလှယ် အတွင်းရေးမှူး ဦးငွေလင်းနဲ့ တွေ့ဆုံမေးမြန်းခြင်း။မျက်မှောက်ခေတ်
error: Content is protected !!