တပ်သိမ်းမြေအပေါ်ကျူးကျော်လို့ဆိုပြီး တောင်သူ ၁၅ ဦး တရားစွဲခံရ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကျောဒေသမှာရှိတဲ့ ကပစ (၂၃) ကနေ တပ်သိမ်းမြေအတွင်း ကျူးကျော်ဝင်ရောက်လို့ဆိုပြီး တောင်သူ ၁၅ ဦးကို ဒီဇင်ဘာလ ၂၂ ရက်နေ့က အမှုဖွင့် တရားစွဲဆိုလိုက်ပါတယ်။ တာဝန်ဝတ္တရားနှောင့်ယှက်မှုပုဒ်မ ၃၅၃၊ ပိုင်နက်ကျူးကျော်မှုပုဒ်မ ၄၄၇ တို့နဲ့ ကန့်သက်ကျေးရွာက... Read More
နယ်မြေကွင်းဆင်းသွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တပ်က ဝင်ခွင့်မပေးလို့ ဂိတ်က ပြန်လှည့်ခဲ့ရ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကျောဒေသ၊ ကပစ (၂၃) က သိမ်းယူထားတဲ့ ဧရိယာအတွင်းပါဝင်နေတဲ့ ကန့်သက်၊ နုံးကြီး၊ ကျဲ စတဲ့ကျေးရွာတွေကို ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေက ဒီဇင်ဘာလ ၂၄ ရက်နေ့က မနက်ပိုင်းမှာ နယ်မြေကွင်းဆင်းသွားရာမှာ တပ်ဂိတ်က အဝင်မခံခဲ့လို့ နောက်လှည့်ပြန်ခဲ့ရပါတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။... Read More
ကိုဗစ်ကြောင့် လအတန်ကြာပိတ်ထားရတဲ့ မုံရွာကုန်စည်ဒိုင် နှစ်ကုန်ရက် ပြန်ဖွင့်မည်
ကမ္ဘာတလွှားဖြစ်ပွားနေတဲ့ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် တခြားလုပ်ငန်းဌာနတွေနည်းတူ မုံရွာကုန်စည်ဒိုင်ကိုလည်း ပိတ်ထားရတာ လအတန်ကြာနေပြီဖြစ်ပါတယ်။ ကုန်စည်ဒိုင်ပိတ်ပြီး အွန်လိုင်းကတဆင့် အရောင်းအဝယ်တွေ ပြုလုပ်ခဲ့ပေမယ့် အခက်အခဲတွေရှိခဲ့ပြီး ရောင်းဝယ်မှုကလည်း ထက်ဝက်ဝန်းကျင် ကျဆင်းခဲ့တာကြောင့် တချို့လုပ်ငန်းရှင်တွေမှာ လုပ်ငန်းရပ်ဆိုင်းရတာတွေလည်း ဖြစ်ပေါ်နေတပါတယ်။ ဒီအတွက် ဆက်လက်ပိတ်ထားဖို့ မဖြစ်နိုင်တော့တာကြောင့် ကိုဗစ်စည်းကမ်းချက်တွေအတိုင်း... Read More
လဟယ်မြို့နယ်က ကျေးရွာအချို့ ရိက္ခာပြတ်လပ်နေလို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆန်လှုဒါန်းပေးနေ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးအဖွဲ့ရုံးစိုက်ရာ လဟယ်မြို့နယ်အတွင်းက ကျေးရွာတချို့မှာ ရိက္ခာပြတ်လပ်မှုတွေ ကြုံတွေ့နေကြရပါတယ်။ ဒီအတွက် ဒီဇင်ဘာလ ၂၂ ရက်နေ့က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေ ရိက္ခာပြတ်လပ်မှုကြုံတွေ့နေကြရတဲ့ ကျေးရွာတချို့ကို သွားရောက်ကာ ဆန်အိတ်တွေ ဝေငှပေးခဲ့ပါတယ်။ “လဟယ်မြို့နယ်အတွင်းက ရိက္ခာပြတ်တဲ့ကျေးရွာ ၉ ရွာကို ဆန်အိတ်တွေ... Read More
ကျောမြို့ ကပစနယ်မြေအတွင်း တောင်သူတွေလုပ်ကိုင်နေတဲ့ လယ်ယာမြေတွေကို ယန္တရားနဲ့ စတင်ထိုး၊ တားဆီးတဲ့တောင်သူတွေကို တရားစွဲဆိုမယ်ဆိုပြီး ခြိမ်းခြောက်
တပ်မတော်ကာကွယ်ရေးစစ်လက်နက်ပစ္စည်းစက်ရုံ ကပစ (၂၃)က မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကျောဒေသမှာ တည်ရှိပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကျင်းပခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ စက်ရုံဧရိယာအတွင်းပါဝင်တဲ့ ကန့်သက်၊ နုံးကြီး၊ ကျဲ စတဲ့ ကျေးရွာ ၃ ရွာက မဲပေးနိုင်သူဦးရေစုစုပေါင်း ၁၄၀၀... Read More
ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့တွင် အနှုတ် ၄ ဒီဂရီ စင်တီဂရိတ် ကျော်တဲ့အထိ ရောက်ရှိပြီး အအေးပိုနေ
ချင်းပြည်နယ် ဟားခါးမြို့မှာ ဒီကနေ့ နံနက်ပိုင်းက အနိမ့်ဆုံးအပူချိန် အနှုတ် ၄.၄ ဒီဂရီ စင်တီဂရိတ်အထိ ရောက်ရှိလာတယ်လို့ ချင်းပြည်နယ် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းတစ်ဦးကပြောပါတယ်။ ဟားခါးမြို့မှာ ဒီကနေ့ နံနက်ပိုင်းက ချင်းပြည်နယ် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက တိုင်းတာချက်အရ အနိမ့်ဆုံးအပူချိန်... Read More
ကသာခရိုင်တွင် သက်တမ်းလွန် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများကို ဒုတိယအကြိမ် မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်းမှာရှိတဲ့ စျေးကွက်က သိမ်းဆည်းထားတဲ့ ကာလတန်ဖိုးငွေကျပ် ၆၂ သိန်းကျော်ရှိ သက်တမ်းလွန် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းတွေကို ၂၀၂၀ ခုနှစ်အတွင်း ဒုတိယအကြိမ်အဖြစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က မန်စီကျေးရွာသွား လမ်းဘေးရှိ အမှိုက်ကျင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကသာခရိုင်... Read More
ခန္တီးမြို့တွင် ကွာရင်တင်း ဝင်နေသူတွေထဲက ကိုဗစ်လူနာ ၂ ဦးတွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်း၊ ခန္တီးမြို့တွင် ဒီဇင်ဘာလ ၁၆ ရက်နေ့က Q ဝင်သူ ၂ ဦးထံကနေ ကိုဗစ်ပိုးတွေ့ရှိခဲ့ပါတယ်။ ပိုးတွေ့လူနာတွေက ခန္တီးရတနာနယ်မြေကို အလုပ်လုပ်ဖို့ လာရောက်တာဖြစ်ပြီး Test Kit နဲ့ စစ်ဆေးတာကနေ တွေ့ရှိခဲ့တာပါ။ “အခုခန္တီးမြို့မှာ ပိုးတွေ့ခဲ့တာပါ။... Read More
တာဝန်ပေါ့လျော့မှုများတဲ့ စစ်ကိုင်းတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးကို အရေးယူပေးရန် တိုင်းအစိုးရက ပြည်ထောင်စုဝန်ကြီးဌာနကို တင်ပြထား
စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာဝင်းလွင်ကို ညှိနှိုင်းပေါင်းစပ်မှုအားနည်းတာ၊ တာဝန်ပေါ့လျော့တာ စတာတွေအတွက် လိုအပ်သလို အရေးယူပေးဖို့ ပြည်ထောင်စုဝန်ကြီးဌာနကို တင်ပြထားတယ်လို့ စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောဆိုလိုက်ပါတယ်။ ဒီဇင်ဘာလ ၁၄ ရက်နေ့က ပြန်လည်ကျင်းပတဲ့ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၂၅... Read More