မုံရွာမြို့ Fever Clinic ဆေးခန်းကို အနံ့ပျောက်လို့ လာပြသူများလာပြီး ကိုဗစ်ပိုးတွေ့လူနာ ၈ ဦးအထိရှိလာ
စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီရုံးစိုက်ရာ လူငယ်စင်တာမှာ ဖွင့်လှစ်ထားတဲ့ မုံရွာမြို့ရဲ့ Fever Clinic ဆေးခန်းကို အခုရက်ပိုင်းအတွင်း အနံ့ပျောက်လို့ လာရောက်ပြသူတွေများလာတယ်လို့ မြန်မာနိုင်ငံဆရာဝန်အသင်း (မုံရွာ) Fever Clinic ဆေးခန်းနာယက ဒေါက်တာဝင်းမော်က ပြောပါတယ်။ အဲဒီ Fever Clinic ဆေးခန်းကို... Read More
ဗန်းမောက်ရဲစခန်းမှ ကသာအကျဉ်းထောင်သို့ ပို့ဆောင်သည့် အချုပ်သားတစ်ဦး ကိုဗစ်ပိုးတွေ့
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့မရဲစခန်းကနေ ကသာအကျဉ်းထောင်ကို ပို့ဆောင်တဲ့ အချုပ်သားတစ်ဦးထံကနေ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ ကသာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝက ပြောပါတယ်။ ဒီဇင်ဘာလ ၂၇ ရက်နေ့က ဗန်းမောက်မြို့မရဲစခန်းအချုပ်ခန်းကနေ ထောင်ကျတရားခံ ၂၈ ဦးကို ကသာအကျဉ်းထောင်ကို... Read More
မုံရွာအိုးရှင်းစင်တာ ဝန်ထမ်းတစ်ဦး ကိုဗစ်ပိုးတွေ့သော်လည်း ပိတ်ရန် အစီအစဉ်မရှိ
မုံရွာမြို့ အိုးရှင်းစူပါစင်တာက ဝန်ထမ်းအမျိုးသမီးတစ်ဦး ဒီဇင်ဘာလ ၂၇ ရက်နေ့က အနံ့ပျောက်လို့ သွားစစ်တာကနေ ကိုဗစ်ပိုးတွေ့ရှိခဲ့ပါတယ်။ ဝန်ထမ်းအမျိုးသမီးမှာ ပိုးတွေ့ပေမယ့် အိုးရှင်းစင်တာကိုပိတ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ မုံရွာမြို့နယ်ကိုဗစ်ကော်မတီတာဝန်ရှိသူက ပြောပါတယ်။ “အိုးရှင်းစင်တာကို ပိတ်ဖို့အစီအစဉ်မရှိပါဘူး။ သူကအိုးရှင်းက ပရိဘောဂတွေရောင်းတဲ့ဘက်က သန့်ရှင်းရေးပေါ့။ သန့်ရှင်းရေးကိုတောင်မှ အချိန်ပိုင်းနဲ့... Read More
ကိုဗစ်ကူးစက်မှုတွေကြောင့် တီးတိန်မြို့နယ် တွီးထန်ကျေးရွာကို အဝင်အထွက် ကန့်သတ်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာအုပ်စု၊ တွီးထန်ကျေးရွာမှာ ဒေသတွင်းကူးစက်မှု တွေ့ရှိရတဲ့အတွက် ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းကစပြီး ရွာအဝင်အထွက် ကန့်သတ်လိုက်တာဖြစ်ပါတယ်။ တွီးထန်ကျေးရွာ အဝင်အထွက် ကန့်သတ်လိုက်တာကို ဒီဇင်ဘာ ၂၇ ရက်နေ့ကစပြီး ဇန်နဝါရီလ ၉ ရက်နေ့အထိ ချင်းပြည်နယ်... Read More
မုံရွာတွင် အိုးရှင်းစူပါစင်တာမှ ဝန်ထမ်းတစ်ဦးအပါအဝင် ကိုဗစ်ပိုးတွေ့လူနာ ၂ ဦးထပ်တိုး
မုံရွာမြို့မှာ ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းက ကိုဗစ်ပိုးတွေ့လူနာ ၂ ဦးထပ်တိုးခဲ့ပြီး အဲဒီထဲမှာ အိုးရှင်းစူပါစင်တာက ဝန်ထမ်းတစ်ဦး ပါဝင်တယ်လို့ မုံရွာမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးအာကာမြင့်က ပြောပါတယ်။ “အဲဒီပိုးတွေ့နှစ်ယောက်က ဒီနေ့ မနက်က အနံ့ပျောက်လို့ မုံရွာမြို့ ပြည်သူ့ဆေးရုံကိုလာပြတာ။... Read More
ကိုဗစ်ကန့်သတ်ချက်တွေကြောင့် ခန္တီးမြို့နယ်အတွင်း ခရီးသွားမှု အခက်အခဲတွေ ကြုံတွေ့နေရ
စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့ကို တခြားမြို့နယ်တွေကနေ လာရောက်သူတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ခရီးသွားပြည်သူတွေထံက သိရပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် သွားလာရာမှာ အခက်အခဲတွေ ဖြစ်နေတာပါ။ “အခုကျွန်တော်တို့က ခန္တီးမြို့နယ် နန်စီပွန်ဒေသကို ဒီဇင်ဘာလ ၂၅ ရက်နေ့က လာရောက်ခဲ့တာ။ ကျွန်တော်တို့လာတာက နန်းစီပွန်ကို... Read More
ကလေးတွင် ကိုဗစ်ပိုးတွေ့လူနာ ၁ ဦးထပ်မံသေဆုံး၊ ကိုဗစ်ကြောင့် သေဆုံးသူ ၇ ဦးအထိရှိလာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ ဒီကနေ့ မနက် ၄ နာရီခွဲအချိန်က ကိုဗစ်ပိုးတွေ့လူနာ ၁ ဦး ထပ်မံသေဆုံးခဲ့ပါတယ်။ ကလေးမြို့မှာ ကိုဗစ်ကြောင့် သေဆုံးလူနာ ၇ ဦးအထိရှိလာပြီဖြစ်တယ်လို့ ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးက ပြောပါတယ်။ သေဆုံးသူမှာ ဒီဇင်ဘာလ... Read More
NLD အစိုးရလက်ထက် ၅ နှစ်တာကာလ မကွေးတိုင်းဒေသကြီးအတွင်း သိမ်းဆည်းမြေယာပြဿနာ ဖြေရှင်းဆောင်ရွက်ပေးမှုအပေါ် တိုင်းတောင်သူလယ်သမားသမဂ္ဂအကြံပေးဖြစ်သူ ဦးအောင်ကျော်ကျော်နဲ့ ဆက်သွယ်မေးမြန်းချက်။
မကွေးတိုင်းဒေသကြီးအတွင်း သိမ်းဆည်းမြေယာတွေနဲ့ပတ်သက်လို့ ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ တိုင်းဒေသကြီးအစိုးရအနေနဲ့ ဖြေရှင်းပေးနိုင်မှုမှာ ၅ နှစ်တာကာလအတွင်း အင်မတန်နည်းပါးနေပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ မကွေးတိုင်းဒေသကြီး တောင်သူလယ်သမားသမဂ္ဂရဲ့ အကြံပေးပုဂ္ဂိုလ်လည်းဖြစ် တိုင်းမြေစစ်ကော်မတီအဖွဲ့ဝင်လည်း ဖြစ်သူ ဦးအောင်ကျော်ကျော်ကို မျက်မှောက်ခေတ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။ MMK – ပထမဆုံးအနေနဲ့ တိုင်းအတွင်းက... Read More
တပ်သိမ်းမြေအပေါ်ကျူးကျော်လို့ဆိုပြီး တောင်သူ ၁၅ ဦး တရားစွဲခံရ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကျောဒေသမှာရှိတဲ့ ကပစ (၂၃) ကနေ တပ်သိမ်းမြေအတွင်း ကျူးကျော်ဝင်ရောက်လို့ဆိုပြီး တောင်သူ ၁၅ ဦးကို ဒီဇင်ဘာလ ၂၂ ရက်နေ့က အမှုဖွင့် တရားစွဲဆိုလိုက်ပါတယ်။ တာဝန်ဝတ္တရားနှောင့်ယှက်မှုပုဒ်မ ၃၅၃၊ ပိုင်နက်ကျူးကျော်မှုပုဒ်မ ၄၄၇ တို့နဲ့ ကန့်သက်ကျေးရွာက... Read More