Home > သတင်း > စစ်ရေး > စစ်ရေး > ပုလဲနယ်မှာ စစ်ကော်မရှင်တပ်က တရက်ထဲ နှစ်ကြိမ်လေကြောင်းတိုက်ခိုက်

ပုလဲနယ်မှာ စစ်ကော်မရှင်တပ်က တရက်ထဲ နှစ်ကြိမ်လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မြောက်ခြမ်းတနေရာကို စစ်ကော်မရှင်တပ်က မတ်လ ၁၁ ရက်နေ့ တရက်ထဲ နှစ်ကြိမ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နှစ်ဖက်စစ်ရေးတင်းမာနေကြတဲ့ ပုလဲမြို့နယ်မြောက်ခြမ်းက နေရာအချို့ကို စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကစလို့ မြေပြင်စစ်ကြောင်းတွေအပါအဝင် လေကြောင်းသုံးတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

“လေကြောင်းက ဒီနေ့တရက်ထဲ နှစ်ကြိမ်လာကြဲတယ်။ မနက်ငါးနာရီကျော်လောက်က ပါရာမိုတာနဲ့လာကြဲတယ်။ နေ့လည်ကြတော့ ဂျိုင်ရိုကော်ပရာနဲ့လာကြဲတယ်။ အခုညနေကြတော့ Y-12 နဲ့ ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းထုတ်တွေ လာကြဲချနေတာရှိတယ်” လို့ ပုလဲမြို့နယ်ဒေသခံတဦးက မျက်မှောက်ခေတ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပုလဲမြို့နယ်နဲ့ယင်းမာပင်အစပ်က ရွာအချို့မှာအရပ်သားလူနေအိမ်တွေ တဒါဇင်ကျော် ပျက်စီးခဲ့ရသေးတယ်လို့လည်း ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ အခုရက်ပိုင်း စစ်ကိုင်းတိုင်းထဲက မြို့နယ်အချို့ကို လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ လုပ်ဆောင်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ မြင့်တက်လာနေတာပါ။

ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက မြို့နယ်အချို့ကို စစ်ကော်မရှင်တပ်က မြေပြင်ထိုးစစ်တွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

error: Content is protected !!