Home > သတင်း > မှုခင်း (Page 12)

မုံရွာချင်းတွင်းတံတားဂိတ်တွင် အထောက်အထားမဲ့ အိန္ဒိယနိုင်ငံသား ၄ ဦးကို ဖမ်းဆီး။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းတံတားဂိတ်မှာ ဩဂုတ်လ ၉ ရက်နေ့ ညပိုင်းက သက်သေခံအထောက်အထားတစ်စံတစ်ရာ မပြနိုင်ဘဲ တရားမဝင် ဝင်ရောက်လာတဲ့ အိန္ဒိယနိုင်ငံသား ၄ ဦးနှင့် အခကြေးငွေရယူကာ ကားနဲ့လိုက်ပါပို့ဆောင်ပေးတဲ့ ယာဉ်မောင်းတစ်ဦးကို မူးယစ်တပ်ဖွဲ့စုကနေ ဖမ်းဆီးထိမ်းသိန်းခဲ့ပါတယ်။ မူးယစ်တပ်ဖွဲ့စုက မူးယစ်ဆေးဝါးသတင်းအရ ရှောင်တခင်...
Read More

ရတနာပုံတံတားပေါ်က ခုန်ချပျောက်ဆုံးနေသူအလောင်းကို ပြန်လည်တွေ့ရှိ။

စစ်ကိုင်းမြို့၊ ရတနာပုံတံတားပေါ်ကနေ ဧရာ၀တီမြစ်အတွင်း ဩဂုတ်လ ၁၁ ရက်နေ့ နေ့လည်ပိုင်းက အမျိုးသားတစ်ဦးခုန်ချမှုဖြစ်ပွားခဲ့ပြီး ပျောက်ဆုံးနေတာပါ။ ဩဂုတ်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာတော့ အဆိုပါပျောက်ဆုံးနေတဲ့ အမျိုးသားရဲ့ ရုပ်အလောင်းကို စစ်ကိုင်းမြို့၊ ဧမြ၀တီဆိပ်ကမ်းမှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ပြန်လည်တွေ့ရှိခဲ့ပါတယ်။ “မနက် ၆...
Read More

ကျပ်သိန်း(၃၇၀)ကျော် လိမ်လည်တောင်း ယူခဲ့တဲ့ အုပ်ချုပ်ရေးမှူးကို ဖမ်းဆီး။

အဆောက်အဦးဆောက်လုပ်ခွင့် ဆိုင်းဘုတ်နဲ့ ဘဏ်ငွေသွင်းချလံအတုပြုလုပ်ပြီးကျပ်ငွေ သိန်း(၃၇၀)ကျော် လိမ်လည်တောင်းယူခဲ့တဲ့ စစ်ကိုင်းမြို့ ပတ္တမြားရပ်ကွက်ကအုပ်ချုပ်ရေးမှူးကို ဩဂုတ်လ(၁၁)ရက် ည(၁၀)နာရီ၀န်ကျင်းက ဖမ်းဆီးခဲ့တယ်လို့ စစ်ကိုင်းမြို့မ ရဲစခန်းက သိရပါတယ်။စစ်ကိုင်းမြို့ ပတ္တမြားရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်သိန်းဟာ အမည်မသိအရပ်သား(၂)ဦးကို စည်ပင်သာယာ၀န်ထမ်းယောင်ဆောင်ခိုင်းပြီး ပတ္တမြားရပ်ကွက်၊အမှတ်(၈)လမ်းမကြီးဘေးမှာ ဆောက်လုပ်နေတဲ့ အဆောက်အဦးကိုစည်ပင်သာယာရဲ့အဆောက်ဦးဆောက်လုပ်ခွင့် ဆိုင်းဘုတ်နဲ့...
Read More

ဝန်းသိုမြို့နယ်မှာ လင်းမယားချင်းစကားများရန်ဖြစ်ရာကနေ ဇနီးဖြစ်သူက အမျိုးသားကို တူနဲ့ထုသတ်မှုဖြစ်ပွား။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်မှာ သြဂုတ်လ၁၀ရက်နေ့က လင်းမယားချင်းစကားများရန်ဖြစ်ရာကနေ ဇနီးဖြစ်သူက အမျိုးသားကို တူနဲ့ထုသတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ဝန်းသိုမြို့နယ်၊ မော်ခါးအုပ်စု၊ ကျောက်ကြီးစုကျေးရွာမှာ အဲဒီဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူကို—(၃၀)နှစ်က သူ့ရဲ့အိမ်မှာ ဇနီးဖြစ်သူ တရားခံမ—(၃၁)နှစ်နဲ့ စကားများရန်ဖြစ်ကြပြီး ဇနီးဖြစ်သူတရားခံ မ—(၃၁)နှစ်က သေဆုံးသူကို—(၃၀)နှစ်ရဲ့ဦးခေါင်းကို တူနဲ့ထုသတ်ခဲ့တာဖြစ်ပါတယ်။...
Read More

စစ်ကိုင်းတံတားအသစ်ပေါ်မှ အသက်(၃၉) နှစ်အရွယ်အမျိုးသားတစ်ဦး ခုန်ချမှုဖြစ် ပွား။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ ၊ ရတနာပုံတံတား (စစ်ကိုင်းတံတားအသစ်) ပေါ်က‌ေန အသက်(၃၉)နှစ်အရွယ် အမျိုးသားတစ်ဦး ဧရာဝတီမြစ်အတွင်း ခုန်ချမှု ဩဂုတ်လ (၁၁)ရက်နေ့ နေ့လည်(၂)နာရီခွဲ၀န်းကျင်က ဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းခရိုင်မီးသတ်ဦးစီးမှူးရုံးက သိရပါတယ်။ရတနာပုံတံတား (စစ်ကိုင်းတံတားအသစ်)ပေါ်ကခုန်ချခဲ့တဲ့ အသက်(၃၉)နှစ်အရွယ်အမျိုးသားဟာ စစ်ကိုင်းမြို့ ၊ တကောင်းရပ်ကွက်၊ နယ်မြေ...
Read More

ထီးချိုင့်မြို့နယ်မှာ ခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအပါအဝင်လူဆယ်ဦး ထိခိုက်ဒဏ်ရာများရရှိမှုဖြစ်ပွား။

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် နေပူတောင်အဆင်း ရွှေဘို–မြစ်ကြီးနားသွားကားလမ်း မိုင်တိုင်အမှတ်(၁၁၂)နဲ့(၁၁၃)ကြားရှိ ပိန္နှဲကုန်းကျေးရွာအနီးမှာ သြဂုတ်လ ၁၁ရက်နေ့ နံနက်ပိုင်းက ခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ယာဉ်မောင်းအပါအဝင်လူဆယ်ဦး ထိခိုက်ဒဏ်ရာများရရှိမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။အဲဒီတိမ်းမှောက်မှုဖြစ်ပွားခဲ့တဲ့ ခရီးသည်တင်ယာဉ်ဟာ မုံရွာမြို့ကနေ ကသာမြို့ကို ထွက်ခွာသွားတဲ့ယာဉ်ဖြစ်ပြီး ယာဉ်ပေါ်မှာ ယာဉ်မောင်းအပါအဝင်ခရီးသည်လူဆယ်ဦးစီးနင်းလိုက်ပါသွားခဲ့တာဖြစ်ပါတယ်။ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့တဲ့အတွက် ယာဉ်ပေါ်မှာ စီးနင်းလိုက်ပါလာခဲ့ကြတဲ့ခရီးသည်ဆယ်ဦးစလုံးမှာ မစိုးရိမ်ရဒဏ်ရာတွေရရှိခဲ့ကြပြီး...
Read More

မုံရွာမြို့နယ်တွင် Safe Guard အပူလွန်ကဲလို့ နေအိမ် ၅ လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ရေကန်စုကျေးရွာတွင် ရေခဲသေတ္တာ Safe Guard အပူလွန်ကဲရာက ဝါယာရှော့ခ်ဖြစ်ပြီး နေအိမ် ၅ လုံး မီးကူးစက်လောင်ကျွမ်းမှု သြဂုတ်လ ၇ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ ရေကန်စုကျေးရွာနေ ဒေါ်ဝင်းနု နေအိမ်က မီးစတင်လောင်ကျွမ်းခဲ့ပြီး သွပ်မိုး၊...
Read More
error: Content is protected !!