Home > သတင်း > ဒေသတွင်းသတင်း > ထီးချိုင့်မြို့နယ်တွင် ၆ ဘီးကားတစ်စီး တိမ်းမှောက်ပြီး လူတစ်ဦးသေဆုံး

ထီးချိုင့်မြို့နယ်တွင် ၆ ဘီးကားတစ်စီး တိမ်းမှောက်ပြီး လူတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်မှာ စက်တင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက ၆ ဘီးကားတစ်စီး တိမ်းမှောက်ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ ထီးချိုင့်မြို့နယ် မီးသတ်ဦးစီးမှူး ဦးဖြိုးညွန့်မောင်က ပြောပါတယ်။

ယာဉ်မောင်း ဦးသူရထွန်း (ခ) ဖိုးသားမောင်းနှင်လာတဲ့ ကုန်တင် ၆ ဘီးယာဉ်က ရွှေဘိုမြို့ကနေ မိုးညှင်းမြို့ကို ကြက်သွန်သွားပို့ရာမှာ ကလပ်ပြားကြွေ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘယ်ဘက်ဘေးသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့တာပါ။

“ရွှေဘိုကနေ မိုးညှင်းကို ကြက်သွန်သွားပို့တဲ့ကားပါ။ အဲကားပေါ်မှာ ယာဉ်းမောင်းအပါအဝင် ၃ ယောက်ပါတယ်။ ဖြစ်ပွားတဲ့အချိန်က နံနက် ၁ နာရီခွဲအချိန်လောက်က ဖြစ်ပုံရတယ်။ ရဲကအကြောင်းကြားတယ်။ လူတစ်ယောက်ဆုံးသွားပြီ။ ပိနေတဲ့အလောင်းထုတ်ချင်လို့ဆိုပြီး သွားရောက်ကယ်ဆယ် ထုတ်ပေးခဲ့တာပါ။”လို့ ဦးဖြိုးညွှန့်မောင်ကပြောပါတယ်။

ယာဉ်တိမ်းမှောက်နေရာကို ထီးချိုင့်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပြီး ယာဉ်ပေါ်ပါ ၃ ဦးအနက် ကုန်ပိုင်ရှင်ဖြစ်သူ ဦးအေး (အသက် ၅၅ နှစ်) မှာ သေဆုံးခဲ့ကာ ယာဉ်မောင်းနှင့် ယာဉ်လိုက်တို့မှာတော့ မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

သေဆုံးသူအလောင်းနဲ့ ထိခိုက်ဒဏ်ရာရသူ၂ ဦးတို့ကို အလယ်တောတိုက်နယ်ဆေးရုံကို ပို့ဆောင်ထားပါတယ်။

ယာဉ်မတော်တဆမှုနဲ့ပတ်သက်လို့ ယာဉ်မောင်းဖြစ်သူ ဦးသူရထွန်း (ခ) ဖိုးသား (အသက် ၃၁ နှစ်)ကိုတော့ ထီးချိုင့်မြိုမရဲစခန်းမှာ ယာဉ်(ပ)၃၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/၃၃၈ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

သူရိယထက်

error: Content is protected !!