Home > သတင်း > မှုခင်း > ရေဦးမြို့နယ်တွင် ကောက်စိုက်သမတွေ တင်ဆောင်လာတဲ့ ထော်လာဂျီတိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦးသေဆုံး၊ အများအပြားဒဏ်ရာရ

ရေဦးမြို့နယ်တွင် ကောက်စိုက်သမတွေ တင်ဆောင်လာတဲ့ ထော်လာဂျီတိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦးသေဆုံး၊ အများအပြားဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ဂွေးကုန်းကျေးရွာအနီးတွင် ကောက်စိုက်သမ အမျိုးသမီး ၃၀ ဦးကို တင်ဆောင်လာတဲ့ ထော်လာဂျီက အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောကို ရောက်ရှိတိမ်းမှောက်ခဲ့လို့ ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိမှု ဩဂုတ်လ ၂၂ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ ယာဉ်မောင်း ဇာနည် (၃၂ နှစ်) မောင်းနှင်လာတဲ့ အပြာရောင် ထော်လာဂျီယာဉ်က ဂွေးကုန်းကျေးရွာကနေ သာဝတ္ထိကျေးရွာကို မောင်းနှင်လာစဉ်မှာ ဖြစ်ပွားခဲ့တာပါ။ ထော်လာဂျီယာဉ်တိမ်းမှောက်လို့ အသက် ၃၀ နှစ်အရွယ် မသဉ္ဇာလွင်မှာ အခင်းဖြစ်ရာမှာပဲ သေဆုံးခဲ့ပြီး အတူလိုက်ပါလာသူ ကျန်အမျိုးသမီး ၆ ဦးမှာ စိုးရိမ်ဒဏ်ရာတွေ အသီးသီးရရှိခဲ့ပြီး ကျန် ၂၁ ဦးမှာတော့ မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ သတင်းတွေအရ သိရပါတယ်။ ဒဏ်ရာရရှိသူတွေကိုတော့ ခင်းဦးမြို့ပြည်သူ့ဆေးရုံ၊ ရွှေဘိုမြို့ ပြည်သူ့ဆေးရုံနှင့် မန္တလေးမြို့ ပြည်သူ့ဆေးရုံတို့ကို ပို့ဆောင်ကုသပေးနေတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ယာဉ်မဆင်မခြင်မောင်းနှင်တဲ့ ထော်လာဂျီယာဉ်မောင်း ဇာနည် (၃၂ နှစ်)ကိုတော့ ခင်းဦးမြို့မရဲစခန်းက ယာဉ်(ပ)၁၅/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၃၀၄-က အရ အမှုဖွင့် အရေးယူဆောင်ရွက်နေပါတယ်။

error: Content is protected !!