Home > သတင်း > မှုခင်း (Page 10)

ရွှေဘို၊ ၀က်လက်၊ မုံရွာမှာရှိတဲ့ ပြည်တန်ဆာလုပ်ငန်းတွေကို ရဲတပ်ဖွဲ့ကဝင်ရောက်စီးနင်းဖမ်းဆီး

စစ်ကိုင်းတိုင်းအတွင်း ပြည့်တန်ဆာလုပ်ငန်းတွေ ပပျောက်ရေးအတွက် တိုင်းရဲတပ်ဖွဲ့မှုးကနေ စီမံချက် ရေးဆွဲဆောင်ရွက်ခဲ့ရာ ရွှေဘို၊ ၀က်လက်၊ မုံရွာမြို့တွေမှာရှိတဲ့ ပြည်တန်ဆာလုပ်ငန်း လုပ်ကိုင်လုပ်ကိုင်နေကြတဲ့ နေအိမ်တွေကို ၀င်ရောက်စီးနင်းတာတွေကို စက်တင်ဘာလအတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလို၀င်ရောက်စီးနင်းရာမှာ ပြည့်တန်ဆာခေါင်းဆောင်တွေနဲ့ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ကြတဲ့ အမျိုးသမီးတွေကို သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူခဲ့တယ်လို့...
Read More

စစ်ကိုင်းမြို့နယ်က လေးကောင်ဂျင်ဝိုင်းကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တစ်အိမ်တည်းကျေးရွာနှင့် ကျောက်ဆည်ကျေးရွာ အကြားရှိ ပြောင်းစိုက် ယာခင်းအတွင်း လေးကောင်ဂျင် လောင်းကစားဝိုင်း ပြုလုပ်နေကြောင်း သတင်းအရ စက်တင်ဘာ ၁၄ ရက် ညနေ ၅ နာရီအချိန်က စစ်ကိုင်းမြို့ရှိ ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသတင်းတွေအရ...
Read More

ကောလင်းမြို့နယ်တွင် မူးယစ်တားအဖွဲ့ဝင်တစ်ဉီး ဓားခုတ်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ရွှေတွင်းကျေးရွာအုပ်စုရှိ “ရွှေလင်းယုန်” မူးယစ်ဆေးဝါး ကာကွယ်တားဆီးနှိမ်နင်းရေးအဖွဲ့ဝင် တစ်ဦးကို မူးယစ်ဆေးဝါး ရဲသတင်းပေးသူလို့ စွပ်စွဲပြီး မူးယစ်ဆေးဝါး သတင်းပေးတိုင်တန်းခံရသူ တစ်ဦးက နေအိမ်ပေါ်တက်ကာ ဓားနဲ့ခုတ်သတ်မှု စက်တင်ဘာလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ “သေဆုံးသူက အရပ်ဖက် မူး/တား...
Read More

ထီးချိုင့်မြို့နယ် NLD ပါတီ မဲဆွယ်ဗွီနိုင်း ဖျက်ဆီးသူတွေကို ဖမ်းဆီးအမှုဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်မှာ စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ – NLD ရဲ့ ပါတီကိုယ်စားလှယ်လောင်းတွေပုံပါ မဲဆွယ်ဗွီနိုင်းကို လာရောက်ဖျက်ဆီးခဲ့သူ လူငယ်နှစ်ဦးကို ဖမ်းဆီးကာ ပါတီတာဝန်ရှိသူတွေက သက်ဆိုင်ရာ ရဲစခန်းမှာ သွားရောက်အမှုဖွင့်လိုက်ပါတယ်။...
Read More

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကိုဗစ်ကာလအတွင်း ညမထွက်ရ အမိန့် ၂လ ထပ်မံတိုးမြှင့်

ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တွေကို ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ကို ထပ်မံ ရက်တိုးမြှင့်လိုက်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။ညမထွက်ရ အမိန့်ကို စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ ဇူလိုင်လက စပြီး...
Read More

မုံရွာကာကြီးကွင်းအနီး ခရီးသည်တင် မှန်လုံကားတစ်စီး မီးလောင်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အ၀င် နတ်လူထိပ္ပန်ရပ်ကွက်၊ ကားကြီးကွင်းအနီးမှာ စက်တင်ဘာလ (၉) ရက်နေ့ ည (၈) နာရီ၀န်းကျင်က အောင်ကမ္ဘာယာဉ်လိုင်းမှ ခရီးသည်တင် မှန်လုံကားတစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်ခဲ့တဲ့ကားဟာ မုံရွာမြို့နှင့် မကွေးမြို့ကို ပြေးဆွဲနေတဲ့ အောင်ကမ္ဘာခရီးသည်တင် မှန်လုံကား...
Read More

ထန်တလန်မြို့မှာ Facility Quarantine ထားရန် ပြင်ဆင်ထားတဲ့အခန်း ၁၅ ခန်းဖျက်ဆီးခံရ

ချင်းပြည်နယ်၊ ထန်တလန်မြို့၊ အမှတ်(၃) ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားရုံအဆောက်အအုံအတွင်းမှာ ကိုဗစ်ကပ်ရောဂါနဲ့ပတ်သက်ပြီး Facility Quarantine ထားရန် ပြင်ဆင်ထားတဲ့အခန်း ၁၅ ခန်း ဖျက်ဆီးခံရတယ်လို့ ထန်တလန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်က ပြောပါတယ်။ စက်တင်ဘာလ ၈ ရက်နေ့က ထန်တလန်မြို့မှာ တရုတ်နိုင်ငံက...
Read More

ထီးချိုင့်မြို့နယ်တွင် ၆ ဘီးကားတစ်စီး တိမ်းမှောက်ပြီး လူတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်မှာ စက်တင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက ၆ ဘီးကားတစ်စီး တိမ်းမှောက်ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ ထီးချိုင့်မြို့နယ် မီးသတ်ဦးစီးမှူး ဦးဖြိုးညွန့်မောင်က ပြောပါတယ်။ ယာဉ်မောင်း ဦးသူရထွန်း (ခ) ဖိုးသားမောင်းနှင်လာတဲ့ ကုန်တင် ၆ ဘီးယာဉ်က ရွှေဘိုမြို့ကနေ...
Read More

ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက် လိုက်ပါလာတဲ့ စက်လှေအား အေအေကပစ်ခတ်

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် စက်တင်ဘာလ ၉ ရက်နေ့ နေ့လည်ပိုင်းက ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်လိုက်ပါလာတဲ့ စက်လှေကို ရခိုင့်တပ်တော် (AA) က ပစ်ခတ်ခဲ့တယ်လို့ ဝန်ကြီးဦးစိုးထက်က အတည်ပြုပြောပါတယ်။ ချင်းပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က...
Read More
error: Content is protected !!