ခွင့်မပြုဆိုးဆေးတွေနဲ့ ထုတ်လုပ်ထားတဲ့ ငြုပ်သီးမှုန့်နှင့် နနွန်းမှုန့် လုပ်ငန်းရှင် နှစ်ယောက်ကို DOCA အမှုဖွင့်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် စားသုံးသူကို ဘေးဥပါဒ် ဖြစ်စေနိုင်တဲ့ ခွင့်မပြု ဓာတုဆိုးဆေးတွေကို အသုံးပြုပြီး ငြုပ်သီးမှုန့်နှင့် နနွန်းမှုန့် ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးတဲ့ လုပ်ငန်းရှင် နှစ်ယောက်ကို တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနက တရားလိုပြုလုပ်ကာ အမှုဖွင့် တိုင်တန်းလိုက်တယ်လို့ သိရပါတယ်။ “သိန်းကမ္ဘာ... Read More
မုံရွာတွင် ကိုဗစ်ညွန်ကြားချက် မလိုက်နာတဲ့ KTV တစ်ခုကို ရှောင်တခင် ဝင်ရောက်ဖမ်းဆီး
မုံရွာမြို့၊ ချင်းတွင်းတံတားအနီးရှိ သုံးထောင့်ချွန်းလမ်းဆုံအနီးရှိ KTV တစ်ခုကို ကိုဗစ်ကာကွယ်ရေးအမိန့်ညွှန်ကြားချက်တွေကို မလိုက်နာတဲ့အတွက် စက်တင်ဘာလ ၅ ရက်နေ့ ညနေက ရှောင်တခင် ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ “KTV ဖမ်းတာဟုတ်ပါတယ်။ အမှုရေးဖွင့်ဖို့ လုပ်နေတယ်။ ပစ္စည်းစာရင်း၊ လူစာရင်းတွေ စီစစ်နေဆဲမို့ အသေးစိပ်တော့ ပြောလို့မရသေးပါဘူး။”... Read More
ပြောက်ကျားဝတ်စုံတွေ၊ စကားပြောစက်တွေနဲ့ ဓာတ်ပုံရိုက်လိုင်းပေါ်တင်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှုးအပါအဝင် လူ ၁၂ ဉီးကို အမှုဖွင့်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်အုပ်ချုပ်ရေးမှုး အပါအဝင် ရပ်ကွက်လုံခြုံရေး တာဝန် ထမ်းဆောင်မယ့် စေတနာ့ ဝန်ထမ်း (၁၂) ဦးတို့ကို ခွင့်ပြုချက်မရှိဘဲ ဆက်သွယ်ရေး စကားပြောစက်တွေကို လက်ဝယ်ထား ကိုင်ဆောင်အသုံးပြုမှုနဲ့ အမှုဖွင့် အရေးယူခံခဲ့ရပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့က ဓာတ်ပုံနဲ့တကွ... Read More
ရေဦးမြို့နယ်တွင် ကောက်စိုက်သမတွေ တင်ဆောင်လာတဲ့ ထော်လာဂျီတိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦးသေဆုံး၊ အများအပြားဒဏ်ရာရ
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ဂွေးကုန်းကျေးရွာအနီးတွင် ကောက်စိုက်သမ အမျိုးသမီး ၃၀ ဦးကို တင်ဆောင်လာတဲ့ ထော်လာဂျီက အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောကို ရောက်ရှိတိမ်းမှောက်ခဲ့လို့ ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိမှု ဩဂုတ်လ ၂၂ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။... Read More
စစ်ကိုင်းတိုင်းဒေသကြီး သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးအပါအဝင် ၅ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဉပဒေနဲ့ အမှုဖွင့်
စစ်ကိုင်းတိုင်းဒေသကြီး သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်အပါအဝင် ဝန်ထမ်း ၅ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဉပဒေနဲ့ အမှုဖွင့်အရေးယူလိုက်တယ်လို့ အဂတိတိုက်ဖျက်ရေးကော်မရှင်က ဩဂုတ်လ ၂၂ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ သတ္တုတွင်းဦးစီးဌာနမှ ဝန်ထမ်းတွေက လုပ်ပိုင်ခွင့်အာဏာကို စွဲကိုင်ကာ... Read More
အသက် ၆၅နှစ်အရွယ်စိတ်ဝေဒနာရှင်အမျိုးသမီးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူအား စစ်ကိုင်းခရိုင်တရားရုံးမှသေဒဏ်ချ
စိတ်ဝေဒနာရှင်အမျိုးသမီးအား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူတစ်ဦးကို စစ်ကိုင်းခရိုင်တရားရုံးမှ ဩဂုတ် ၁၈တွင် သေဒဏ်ချမှတ်ခဲ့ကြောင်းသိရသည်။စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရားဝန်း၊ ဆောက်လက်စ ဓမ္မာရုံတွင် စိတ်ဝေဒနာရှင် အမျိုးသမီးတစ်ဦးအားမုဒိန်းကျင့်သတ်သွားခဲ့သူ နှစ်ဦးအနက် ဇင်မျိုး(ခ)ငဂျက်အား စစ်ကိုင်းခရိုင် ဒုတရားသူကြီး မှရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ဂ)အရသေဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းသိရပြီး အောင်ကျော်ထက်(ခ)စိုးပေ အသက် ၁၇အား ကလေးသူငယ်တရားရုံးတွင်... Read More
ပင်လည်ဘူးမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲရာက စကားများကာ လူသတ်မှုဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၊ မိုးကောင်းရပ်ကွက်တွင် ဩဂုတ်လ ၁၆ ရက်နေ့ ညပိုင်းက လူနှစ်ဦး မူးယစ်ဆေးဝါးသုံးစွဲရင်း စကားများရန်ဖြစ်ရာကနေ လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူက မိုးကောင်းရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ် ရွှေပြည်စိုးဆိုသူဖြစ်ပြီး အိမ်လည်သွားရာကနေ အိမ်ရှင်ဖြစ်သူ အသက် ၃၀ အရွယ်... Read More
စစ်ကိုင်းတိုင်းဒေသကြီးမှာ သုံးလအတွင်း Maskမတပ်လို့ အရေးယူခံရသူ ငါးထောင်ဝန်းကျင်ရှိ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ တားဆီးကာကွယ်ရေးဆိုင်ရာ မှုခင်းများနှင့်ပက်သက်လို့ ဧပြီ၊ မေ၊ ဇွန် အထိ (၃ လတာ ကာလအတွင်း) Mask မတပ်လို့ ကူးစပ်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၁၅ အရ အမှုဖွင့် အရေးယူခံရသူ ၅... Read More
ဘုန်းကြီးကျောင်းမှာ မူးယစ်ရမ်းကားဆဲဆိုသူတစ်ဦးကို တောထွက်ရဟန်းတစ်ပါးက ဓားနဲ့ထိုးသတ်မှုဖြစ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ စေတီယပါလဘုန်းကြီးကျောင်းတွင် မူးယစ်ရမ်းကားဆဲဆိုသူတစ်ဦးကို ကျောင်းရှိ တောထွက်ရဟန်းတစ်ပါးက စိတ်မထိန်းနိုင်ဘဲ ဓားနဲ့ထိုးသတ်မှု ဩဂုတ်လ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ အသတ်ခံရသူက ရွှေမင်းဝံရပ်ကွက်နေ အသက် ၄၈ နှစ်အရွယ် မျိုးဝင်းဆိုသူ အမျိုးသားတစ်ဦးဖြစ်ပြီး အရက်မူးနေလို့ နေအိမ်ပြန်ရန်... Read More









