Home > သတင်း > မှုခင်း > အသက် ၆၅နှစ်အရွယ်စိတ်ဝေဒနာရှင်အမျိုးသမီးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူအား စစ်ကိုင်းခရိုင်တရားရုံးမှသေဒဏ်ချ

အသက် ၆၅နှစ်အရွယ်စိတ်ဝေဒနာရှင်အမျိုးသမီးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူအား စစ်ကိုင်းခရိုင်တရားရုံးမှသေဒဏ်ချ

စိတ်ဝေဒနာရှင်အမျိုးသမီးအား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူတစ်ဦးကို စစ်ကိုင်းခရိုင်တရားရုံးမှ ဩဂုတ် ၁၈တွင် သေဒဏ်ချမှတ်ခဲ့ကြောင်းသိရသည်။စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရားဝန်း၊‌ ဆောက်လက်စ ဓမ္မာရုံတွင် စိတ်ဝေဒနာရှင် အမျိုးသမီးတစ်ဦးအားမုဒိန်းကျင့်သတ်သွားခဲ့သူ နှစ်ဦးအနက် ဇင်မျိုး(ခ)ငဂျက်အား စစ်ကိုင်းခရိုင် ဒုတရားသူကြီး မှရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ဂ)အရသေဒဏ်ကျ‌ခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းသိရပြီး အောင်ကျော်ထက်(ခ)စိုးပေ အသက် ၁၇အား ကလေးသူငယ်တရားရုံးတွင် ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။၂၀၂၀ မေ ၃ ည ၁၁နာရီ၃၀မိနစ် ခန့််က စစ်ကိုင်းမြို့ ကျောင်းတော်ကြီးကျေးရွာနေ ဒေါ်တင်ဌေး( ၆၅ နှစ်)( စိတ်မကျန်းမာသူ)သည်ငါးထပ်ကြီးဘုရားဝင်းအတွင်းမြောက်ဘက်မုခ်ဦးအနီး ဆောက်လက်စသုံးထပ်ဆောင်ဓမ္မာရုံအတွင်း၌ အိပ်နေစဉ်အရက်သေစာသောက်စားမူးယစ်နေသောဇင်မျိုး(ခ )ငဂျက် ၂၄ နှစ် (ဘ)ဦးမျိုးဝင်း၊အောင်ကျော်ထက် (ခ) စိုးပေ (၁၇)နှစ် (ဘ) ဦးသောကြာ တို့မှ အရက်ပုလင်းခွံဖြင့်ခေါင်းရိုက်ချုပ်နှောင်ခြင်း၊ အ၀တ်ဖြင့်လည်ပင်းရစ်ပတ်၍ အဓမ္မပြုကျင့်ခဲ့သောကြောင့် ဒေါ်တင်ဌေး ၆၅ နှစ်( စိတ်မကျန်းမာသူ)သည်အသက်ရှုလမ်းကြောင်းပိတ်၍ သေဆုံးခဲ့ကြောင်းသိရသည်။

#ဇေယျာတိုင်းမ်

error: Content is protected !!