စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၀မြို့နယ်တွင် ကိုဗစ်ကူးစက်ခံရသူ လူဦးရေ ၁၂ဉီးအထိရှိလာ
ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ စစ်ကိုင်းတိုင်းဒေသကြီးမှာ စက်တင်ဘာလ ဒုတိယပတ်ကနေ စတင်ကာ ၁၇ ရက်နေ့အထိ မြို့နယ် ၁၀ မြို့နယ်မှာ ကိုဗစ်ကူးစက်ခံနေရသူ လူဦးရေ ၁၂ ဉီးအထိ ရှိလာပြီလို့ သိရပါတယ်။ အခုလို ကူးစက်ခံနေရတဲ့သူတွေဟာ ပြည်ပကူးစက်မှုအနေနဲ့ တစ်ယောက်သာရှိခဲ့ပြီး... Read More
ဒီပဲယင်းမြို့နယ်တွင် ပထမဆုံးသော ကိုဗစ်အတည်ပြုလူနာတစ်ဦးတွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ တည်တောကျေးရွာတွင် Quarantine ဝင်နေတဲ့ ရန်ကုန်ပြန် အမျိုးသမီးတစ်ဦးထံကနေ ကိုဗစ်ပိုးတွေ့ရှိရတယ်လို့ ကျေးရွာလူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။ စက်တင်ဘာလ ၁၅ ရက်နေ့က နှာခေါင်း၊ အာခေါင်တို့ဖတ်နမူနာရယူကာ ဓာတ်ခွဲစမ်းသပ်ဖို့ မန္တလေးကို ပို့ဆောင်ခဲ့တာဖြစ်ပြီး ဒီမနက်မှာတော့ ကိုဗစ်ကပ်ရောဂါပိုးကူးစက်ခံထားရတာကို တွေ့ရှိခဲ့တာပါ။... Read More
ကိုဗစ်ကပ်ရောဂါကြောင့် ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ လူစီးရေယာဉ်လိုင်းတွေကို ရက်အကန့်အသတ်မရှိ ယာယီပိတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အခြေပြုကာ ချင်းတွင်းမြစ်အထက်ပိုင်းကို ပြေးဆွဲနေတဲ့ လူစီး ရေယာဉ်လိုင်းတွေကို စက်တင်ဘာလ ၁၆ ရက်နေ့ကနေ စတင်ကာ ပိတ်လိုက်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်တင်ဘာလ ၁၆ ရက်နေ့အထိ COVID... Read More
မိုးကုတ်မှာ မိုးရွာသွန်းမှုများပြီး မြေပြိုတာကြောင့် လူနေအိမ်တလုံး မြေပိပြီး မိသားစု သုံးယောက်သေဆုံး
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့တွင် စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး ရေလျှံတာတွေဖြစ်ပေါ်ခဲ့သလို တချို့နေရာတွမှာ မြေပြိုကျမှုတွေလည်း ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှုတွေလည်း ရှိခဲ့တာပါ။ မြေပြိုကျတဲ့နေရာတွေကိုတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပရဟိတအသင်းအဖွဲ့တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေကြပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသူ မိုးကုတ်... Read More
စစ်ကိုင်းတိုင်းမှာ တပတ်အတွင်း မြို့နယ် (၈) ခုမှာ ပိုးတွေ့လူနာ (၁၀) ဦးထိရှိလာ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ စက်တင်ဘာ ၁၀ ရက်နေ့ကနေ ၁၅ ရက်နေ့ မနက်ပိုင်းအထိ တပတ်အတွင်း မြို့နယ် (၈) မြို့နယ်မှာ COVID-19 ပိုးတွေ့အတည်ပြုလူနာ (၁၀) ယောက်အထိ ရှိလာနေပြီဖြစ်ပါတယ်။ ပိုးတွေ့ အတည်ပြုလူနာတွေက ကလေးမြို့နယ်က (၃) ယောက်၊ မြင်းမူ၊... Read More
မုံရွာကုန်စည်ဒိုင်မှာ အရောင်းအ၀ယ် ထက်၀က်နီးပါး ကျဆင်း
COVID-19 ကပ်ရောဂါနဲ့ပတ်သက်တဲ့ စည်းကမ်းချက်တွေလတင်းကြပ်လိုက်တာကြောင့် မုံရွာကုန်စည်ဒိုင်မှာ အရောင်းအ၀ယ် ထက်၀က်နီးပါး ကျဆင်းသွားတယ်လို့ မုံရွာကုန်စည်ဒိုင်လအတွင်းရေးမှူ ဦးဇော်မိုး ကပြောပါတယ်။ တိုင်းအတွင်းမှာ COVID ကပ်ရောဂါကူးစက်ခံထားရတဲ့ အတည်ပြုလူနာ ဆက်တိုက်တွေ့ရှိလာပြီး စည်းကမ်းတင်းကြပ်လိုက်တာကြောင့် နယ်တွေဘက်ကလာရောင်းတဲ့ တောင်သူတွေ လျော့ကျသွားသလို ရန်ကုန်မှာရှိတဲ့ ကုန်သည်တစ်ချို့ကလည်း အ၀ယ်ရပ်သွားတဲ့အတွက်... Read More
စစ်ကိုင်းတိုင်းဒေသကြီးတွင် ကိုဗစ်ကပ်ရောဂါပိုးတွေ့ရှိသူ ၇ ဦး အထိရှိလာ
ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ စစ်ကိုင်းတိုင်းဒေသကြီးမှာ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကိုဗစ်ကပ်ရောဂါပိုး ကူးစက်ခံထားရသူ ခုနှစ်ဦးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ အဲဒီလို တွေ့ရှိခဲ့တဲ့အထဲမှာ မော်လိုက်မြို့နယ်က တပ်မတော်သားတစ်ဉီးလည်း ပါ၀င်ပါတယ်။ ကိုဗစ်ဒုတိယလှိုင်းအတွင်း စစ်ကိုင်းတိုင်းမှာ ပထမဦးဆုံးတွေ့ရှိခဲ့တဲ့ ကလေးမြို့နယ်က ကိုဗစ်အတည်ပြုလူနာက အမျိုးသားတစ်ဦးဖြစ်ကာ တရုတ်နိုင်ငံကနေ... Read More
တွန်းဇံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး မြေသားအက်လာလို့ နေအိမ်တချို့ပြောင်းရွှေ့
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် မြေအက်ကွဲတာတွေဖြစ်ပေါ်နေပြီး လူနေအိမ်တစ်လုံး စက်တင်ဘာလ ၁၃ ရက်နေ့က ပြောင်းရွှေ့လိုက်ရပါတယ်။ တွန်းဇံမြို့မှာ အခုလ ၁၁ ရက်နေ့ကနေစတင်ကာ အဆက်မပြတ်ရွာသွန်းနေတဲ့ မိုးကြောင့် မြို့ပေါ်ရပ်ကွက်တချို့မှာ မြေကြီးအက်ကွဲကြောင်းတွေ ဖြစ်ပေါ်လာနေတဲ့အပြင် ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ နေအိမ်တစ်လုံးက မြေကျွံပြိုကျမယ့်... Read More
ထီးချိုင့်မြို့နယ် NLD ပါတီ မဲဆွယ်ဗွီနိုင်း ဖျက်ဆီးသူတွေကို ဖမ်းဆီးအမှုဖွင့်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်မှာ စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ – NLD ရဲ့ ပါတီကိုယ်စားလှယ်လောင်းတွေပုံပါ မဲဆွယ်ဗွီနိုင်းကို လာရောက်ဖျက်ဆီးခဲ့သူ လူငယ်နှစ်ဦးကို ဖမ်းဆီးကာ ပါတီတာဝန်ရှိသူတွေက သက်ဆိုင်ရာ ရဲစခန်းမှာ သွားရောက်အမှုဖွင့်လိုက်ပါတယ်။... Read More