မုံရွာတွင် ကိုဗစ်အတည်ပြု ပိုးတွေ့လူနာအသစ် ပထမဆုံးတွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရုံးစိုက်ရာ မုံရွာမြို့တွင် ရန်ကုန်ကပြန်လာပြီး Quarantine ဝင်နေသူတစ်ဦးထံကနေ ကိုဗစ်ပိုးတွေ့ရှိရတယ်လို့ တိုင်းအစိုးရ ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီကနေ ကနဦးသတင်း ထုတ်ပြန်လိုက်ပါတယ်။ ပိုးတွေ့သူက အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပါတယ်။ ပိုးတွေ့လူနာဟာ ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်ကနေ ပြန်လာသူဖြစ်ပြီး မုံရွာမြို့နယ် အလုံ... Read More
ကိုဗစ်ကြောင့် စစ်ကိုင်းတိုင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရပ်တန့်နေ
လက်ရှိဖြစ်ပွားနေတဲ့ ကူးစက်မြန် COVID-19 ကပ်ရောဂါကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နိုင်ငံခြားသား ရင်းနီးမြှုပ်နှံမှု ရပ်တန့်နေတယ်လို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြု လူနာစတင်တွေ့ရှိချိန်က ရင်းနှီးမြှုပ်နှံမှုလုပ် ငန်းရှင်တွေ လာရောက်တွေ့ဆုံမှု ရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သက်တဲ့... Read More
ထန်တလန်မှာ လုပ်လုပ်မိုင်းပေါက်ကွဲတဲ့နေရာကို စစ်ဆေးရာကနေ ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ တရားခံကို ဖမ်းဆီးရမိခဲ့ဟု တပ်မတော်သတင်းထုတ်ပြန်
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ စက်တင်ဘာလ ၂၀ ရက်နေ့ ည ၁၁နာရီကျော်က လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး အဲဒီပေါက်ကွဲခဲ့တဲ့နေရာကို စစ်ဆေးရာကနေ ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ တရားခံတစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော် သတင်းမှန်ကြားရေးအဖွဲ့က စက်တင်ဘာလ ၂၃ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ လက်လုပ်မိုင်းပေါက်ကွဲခဲ့တဲ့နေရာကို လုံခြုံရေးပူးပေါင်းအဖွဲ့က... Read More
ကြက်သွန်နီဈေး တစ်ပတ်အတွင်း ၁ ပိဿာကို ကျပ် ၃၀၀ ကျော်မြင့်တက်လာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကြက်သွန်နီ၀ယ်ယူမှု စတင်လာတဲ့အတွက် တစ်အပတ် အတွင်း ပြည်တွင်း ကြက်သွန်ဈေးနှုန်း ထက်၀က်နီးပါး မြင့်တက်လာတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ စားဖိုနှံအသင်း ဥက္ကဌ ဦးခင်မောင်စိုး ကပြောပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်က ပြည်တွင်းမှာ ကြက်သွန်နီ လက်ကားတစ်ပိဿာကို ကျပ် (၄၀၀)... Read More
မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူ ၇ ထောင်နီးပါးရှိလာပြီး သေဆုံးသူလည်း ၁၂၀ နီးပါးရှိလာနေ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ မနက် ၈ နာရီအချိန် ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့ သတင်းတွေအရ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်ခံရသူဦးရေ ၇ ထောင်နီးပါးရှိလာနေပြီဖြစ်တယ်လို့ သိရပါတယ်။ ကိုဗစ်ကူးစက် ကပ်ရောဂါကို မြန်မာနိုင်ငံမှာ မတ်လကစတင်ကာ တွေ့ရှိခဲ့တာဖြစ်ပြီး... Read More
ဒုတိယအကြိမ်ဖြစ်ပွားနေတဲ့ Covid ကာလမှာ အခြေခံလူတန်းစားတွေအနေနဲ့ အလုပ်အကိုင်ရရှိရေးကိုသာ မျှော်လင့်နေကြပါတယ်။
နိုင်ငံတော်ကထောက်ပံ့ပေးပေမယ့်လဲ ကိုဗစ်ကာလက မခန့်မှန်းနိုင်တာကြောင့် အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးအခက်အခဲတွေဟာ ဒီတိုင်းဆက်သွားရင် ပိုမိုဆိုးဝါးလာနိုင်တဲ့အခြေအနေမှာ ရှိနေပါတယ်။ ဒါကြောင့် အခြေခံလူတန်းစားတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေကို စနစ်တကျလိုက်နာပြီး အလုပ်အကိုင်တွေ ပုံမှန်ပြန်လည်လုပ်ကိုင်ခွင့်ရရှိဖို့ကို မျှော်လင့်နေကြ တာလဲ ဖြစ်ပါတယ်။ ရိုက်ကူး-ထွန်းလင်းဦး/တင်ဆက်-AKL
စစ်ကိုင်းတိုင်းတွင် ကိုဗစ်အတည်ပြုလူနာ ၃ ဦးထပ်တိုး၊ ပိုးတွေ့သူ ၂၀ ဦးထိရှိလာ။
မြန်မာနိုင်ငံမှာ ဒုတိယအကျော့အဖြစ် ကိုဗစ် ၁၉ ကပ်ရောဂါက နေ့စဉ်ကူးစက်ပျံ့နှံ့မှု များပြားလာနေတာပါ။ ကိုဗစ်ကပ်ရောဂါကူးစက်မှုက မြင့်တက်နေပြီး စစ်ကိုင်းတိုင်းအတွင်းမှာလည်း ဒုတိယအကျော့မှာ ရောဂါပိုးကူးစက်ခံရသူ ဦးရေ ၂၀ ဦးထိ ရှိလာနေပြီ ဖြစ်ပါတယ်။ အများစုက ပြည်တွင်းကူးစက်မှုတွေ ဖြစ်နေတာပါ။ စက်တင်ဘာလ ၂၂... Read More
ရခိုင်အရေး စတစ်ကာ ကမ်ပိန်းလှုူပ်ရှားခဲ့တဲ့ လူငယ်တချို့ ဖမ်းဆီးခံရ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ စက်တင်ဘာလ ၂၀ ရက်နေ့က ရခိုင်အရေးနဲ့ပတ်သက်ပြီး စာရွက်တွေလိုက်လံကပ်ခဲ့တဲ့ အမည်မသိ လူသုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ မျက်မြင်တွေက မျက်မှောက်ခေတ်သတင်းဌာနကို ပြောပါတယ်။ ဖမ်းဆီးခံနေရတဲ့ အမည်မသိသုံးဦးကို မုံရွာမြို့အမှတ် ၁ ရဲစခန်းမှာ ထိန်းသိမ်းထားလည်း ဖြစ်ပါတယ်။ သူတို့သုံးဦးက... Read More
တကျော့ပြန်ကိုဗစ်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောဂါကူးစက်ခံရသူ ၁၄ ဉီးထိရှိလာ
ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ ကိုဗစ်ကပ်ရောဂါ တကျော့ပြန်ဖြစ်ပွားရာမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောဂါပိုးတွေ့ရှိရသူ ၁၄ ဦး မြို့နယ်အနေနဲ့ ၁၁ မြို့နယ်ထိ ရှိလာနေပြီဖြစ်ပါတယ်။ အခုလို ကူးစက်ခံနေရတဲ့သူတွေထဲမှာ ပြည်ပကူးစက်မှုအနေနဲ့ တရုတ်နိုင်ငံကနေ နေရပ်ပြန်လည်ရောက်ရှိလာသူ တစ်ယောက်သာရှိခဲ့ပြီး ကျန်တာတွေက ပြည်တွင်းကူးစက်မှုတွေ ဖြစ်ပါတယ်။... Read More