Home > သတင်း > ပြည်တွင်း (Page 34)

ဒုတိယအကြိမ်ဖြစ်ပွားနေတဲ့ Covid ကာလမှာ အခြေခံလူတန်းစားတွေအနေနဲ့ အလုပ်အကိုင်ရရှိရေးကိုသာ မျှော်လင့်နေကြပါတယ်။

နိုင်ငံတော်ကထောက်ပံ့ပေးပေမယ့်လဲ ကိုဗစ်ကာလက မခန့်မှန်းနိုင်တာကြောင့် အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးအခက်အခဲတွေဟာ ဒီတိုင်းဆက်သွားရင် ပိုမိုဆိုးဝါးလာနိုင်တဲ့အခြေအနေမှာ ရှိနေပါတယ်။ ဒါကြောင့် အခြေခံလူတန်းစားတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေကို စနစ်တကျလိုက်နာပြီး အလုပ်အကိုင်တွေ ပုံမှန်ပြန်လည်လုပ်ကိုင်ခွင့်ရရှိဖို့ကို မျှော်လင့်နေကြ တာလဲ ဖြစ်ပါတယ်။ ရိုက်ကူး-ထွန်းလင်းဦး/တင်ဆက်-AKL

စစ်ကိုင်းတိုင်းတွင် ကိုဗစ်အတည်ပြုလူနာ ၃ ဦးထပ်တိုး၊ ပိုးတွေ့သူ ၂၀ ဦးထိရှိလာ။

မြန်မာနိုင်ငံမှာ ဒုတိယအကျော့အဖြစ် ကိုဗစ် ၁၉ ကပ်ရောဂါက နေ့စဉ်ကူးစက်ပျံ့နှံ့မှု များပြားလာနေတာပါ။ ကိုဗစ်ကပ်ရောဂါကူးစက်မှုက မြင့်တက်နေပြီး စစ်ကိုင်းတိုင်းအတွင်းမှာလည်း ဒုတိယအကျော့မှာ ရောဂါပိုးကူးစက်ခံရသူ ဦးရေ ၂၀ ဦးထိ ရှိလာနေပြီ ဖြစ်ပါတယ်။ အများစုက ပြည်တွင်းကူးစက်မှုတွေ ဖြစ်နေတာပါ။ စက်တင်ဘာလ ၂၂...
Read More

ရခိုင်အရေး စတစ်ကာ ကမ်ပိန်းလှုူပ်ရှားခဲ့တဲ့ လူငယ်တချို့ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ စက်တင်ဘာလ ၂၀ ရက်နေ့က ရခိုင်အရေးနဲ့ပတ်သက်ပြီး စာရွက်တွေလိုက်လံကပ်ခဲ့တဲ့ အမည်မသိ လူသုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ မျက်မြင်တွေက မျက်မှောက်ခေတ်သတင်းဌာနကို ပြောပါတယ်။ ဖမ်းဆီးခံနေရတဲ့ အမည်မသိသုံးဦးကို မုံရွာမြို့အမှတ် ၁ ရဲစခန်းမှာ ထိန်းသိမ်းထားလည်း ဖြစ်ပါတယ်။ သူတို့သုံးဦးက...
Read More

တကျော့ပြန်ကိုဗစ်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောဂါကူးစက်ခံရသူ ၁၄ ဉီးထိရှိလာ

ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ ကိုဗစ်ကပ်ရောဂါ တကျော့ပြန်ဖြစ်ပွားရာမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောဂါပိုးတွေ့ရှိရသူ ၁၄ ဦး မြို့နယ်အနေနဲ့ ၁၁ မြို့နယ်ထိ ရှိလာနေပြီဖြစ်ပါတယ်။  အခုလို ကူးစက်ခံနေရတဲ့သူတွေထဲမှာ ပြည်ပကူးစက်မှုအနေနဲ့ တရုတ်နိုင်ငံကနေ နေရပ်ပြန်လည်ရောက်ရှိလာသူ တစ်ယောက်သာရှိခဲ့ပြီး ကျန်တာတွေက ပြည်တွင်းကူးစက်မှုတွေ ဖြစ်ပါတယ်။...
Read More

ပလက်ဝမှာ မျှစ်ချိုးသွားတဲ့အမျိုးသမီးသုံးယောက် မိုင်းနင်းပေါက်ကွဲလို့ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့၊ မြို့မရပ်ကွက်ကနေ မြို့ပြင်တောတွင်းကို မျှစ်ချိုးသွားရာကနေ မိုင်းနင်းမိပြီး ပေါက်ကွဲခဲ့လို့ အမျိုးသမီးတစ်ဦး နေရာတင်သေဆုံးခဲ့ပြီး ကျန်နှစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိမှု စက်တင်ဘာလ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ “ကုလားတန်မြစ်ရဲ့ အရှေ့ဘက်ခြမ်း ပလက်ဝနဲ့ဆို ၄၊ ၅ ဖာလုံလောက်ပဲဝေးမှာပါ။...
Read More

ချင်းပြည်နယ်တောင်ပိုင်းက တိုက်ပွဲရှောင်စခန်းတွေမှာ ခိုလှုံနေတဲ့ လူတစ်သောင်းကျော်စားဖို့ ဆန်ရိက္ခာက ၂ ရက်အတွက်ပဲကျန်

ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်းပိုင်းမှာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား မကြာခဏ စစ်ရေးထိတွေ့မှုတွေဖြစ်ပွားပြီး ဒေသခံ ပြည်သူတစ်သောင်းကျော်ဟာလဲ နေရပ်စွန့်ခွာလို့ ပက်လက်ဝမြို့နယ်ထဲက တိုက်ပွဲရှောင် (IDPs Camp ) အသီးသီးမှာ ခိုးလှုံနေထိုင်ကြပါတယ်။ အဲ့ဒီ တိုက်ပွဲရှောင်စခန်းတွေဆီကို စားနပ်ရိက္ခာနှင့် ကူညီထောက်ပံ့ရေး...
Read More

မုံရွာမှာ ပြည်တွင်းစစ်ဆန့်ကျင်စာရွက်ကပ်ခဲ့တဲ့ ဗကသကျောင်းသားလေးဉီးအနက် တစ်ဉီးကို ဖမ်းဆီးထားပြီး သုံးဉီးကို ဖမ်းဝရမ်းထုတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ တပ်မတော်နှင့် ပြည်တွင်းစစ်ကို ဆန့်ကျင်စာရွက်တွေ လိုက်လံကပ်ခဲ့တဲ့ မုံရွာခရိုင် ဗကသကျောင်းသားတစ်ဉီးကို သက်ဆိုင်ရာရဲတပ်ဖွဲ့က စက်တင်ဘာလ ၁၇ ရက်နေ့မှာ နေအိမ်ကိုသွားရောက် ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူက မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသ) အထွေထွေအတွင်းရေးမှူး ကိုလင်းသူရကို ဖြစ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု...
Read More

ချင်းပြည်မှာ ရွေးကောက်ပွဲ၀င်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၈ ဉီး

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၈ ဦးရှိတယ်လို့ ချင်းပြည်နယ်ရဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးဖေကီးက ပြောပါတယ်။ ချင်းပြည်နယ်အတွင်း ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်း ၂၁၀ ဦး...
Read More

စစ်ကိုင်းတိုင်းမှာ ကိုဗစ်ကုစားရေးအတွက် ကျပ်သန်ပေါင်း (၂၇၀၀) ကျော်အသုံးပြုပြီး မိုးစပါးမျိုးစေ့ထုတ်ဧက(၁၈၀၀၀)ကျော်စိုက်ပျိုး

စစ်ကိုင်းတိုင်းမှာ ကိုဗစ်ကပ်ရောဂါ ကုစားရေးအစီစဉ်နဲ့ကျပ်သန်ပေါင်း (၂၇၀၀) ကျော်အသုံးပြုပြီး မိုးစပါး မျိုးစေ့ထုတ်ဧက (၁၈၀၀၀) ကျော် စိုက်ပျိုးထားတယ်လို့ တိုင်းစိုက်ပျိုးရေးဦးစီးဌာနရုံးက သိရပါတယ်။ တိုင်းအတွင်းက မြို့နယ်အားလုံးမှာ အရည်အသွေးကောင်း မျိုးစပါး (၃) မျိုးနဲ့ အထွက်ကောင်းမျိုးစပါး(၆)မျိုး စိုက်ပျိုးထားတာ ဖြစ်ပါတယ်။ စပါးမျိုးသန့်...
Read More
error: Content is protected !!